EMEET SEM-M-006 Office Core M2 Max Speakerphone
2,666,000 Ks

EMEET SEM-M-006 Office Core M2 Max Speakerphone ဟာ အစည်းအဝေးခန်းတွေနဲ့ ပရော်ဖက်ရှင်နယ် အသုံးပြုမှုတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Conference Speakerphone တစ်ခု ဖြစ်ပါတယ်။Directional Microphones ၄ ခု ပါဝင်ပြီး အခန်းအတွင်း ဘယ်နေရာက ပြောပြော အသံကို ၃၆၀ ဒီဂရီ အပြည့်အဝ ဖမ်းယူနိုင်ပါတယ်။အသံ ဖမ်းယူနိုင်တဲ့ အကွာအဝေးဟာ ၅ မီတာ (၁၆ ပေခန့်) အထိ ရှိပြီး လူ ၁၅ ယောက် အထိ ပါဝင်တဲ့ အစည်းအဝေးခန်းများအတွက် သင့်တော်ပါတယ်။ပဲ့တင်ထပ်ခြင်း (echo) ကို ဖယ်ရှားပေးပြီး နောက်ခံဆူညံသံများ (ဥပမာ- ကီးဘုတ်ရိုက်သံ၊ လေအေးပေးစက်သံ) ကို လျှော့ချပေးလို့ စကားပြောသံကို ပိုမို ကြည်လင်ပြတ်သားစေပါတယ်။5W စပီကာ ပါဝင်ပြီး အသံထွက်အား ကောင်းမွန်ပါတယ်။အသံပမာဏ 89dB အထိ ထွက်ရှိနိုင်လို့ အစည်းအဝေးခန်းအကျယ်ကို ကောင်းကောင်း လွှမ်းခြုံပေးနိုင်ပါတယ်။USB-C ကြိုးဖြင့် ချိတ်ဆက်နိုင်ခြင်း ၊Bluetooth 5.0 ဖြင့် ကြိုးမဲ့ချိတ်ဆက်နိုင်ခြင်း ၊USB Bluetooth Adapter (Dongle) ပါဝင်ခြင်း နှင့် 3.5mm Jack (AUX In/Out) ပါဝင်ပါတယ်။M2 Max Speakerphone နှစ်လုံးကို အချင်းချင်း ချိတ်ဆက် (Daisy Chain) နိုင်ပြီး အသံဖမ်းယူမှု အကွာအဝေးကို နှစ်ဆ တိုးမြှင့်ကာ လူ ၂၅ ယောက် အထိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။2600mAh ဘက်ထရီ ပါဝင်ပြီး တစ်ခါ အားသွင်းရုံဖြင့် အချိန်အတော်ကြာ အသုံးပြုနိုင်ပါတယ်။