SVC Eco Plus 1660 60W CCTV Power Bank
SVC Eco Plus 1660 60W CCTV Power Bank လေးကတော့ မီးပျက်တဲ့အခါ Computer တွေရုတ်တရက် မပိတ်သွားအောင်ကြားခံအနေနဲ့သုံးတဲ့ UPS လေးဖြစ်ပြီး မီးပျက်ပြီဟေ့ ဆိုတာနဲ့ Router or CCTV တွေကိုလုံးဝအပိတ်မခံပဲ ချက်ချင်း Power ပေးနိုင်မှာပဲဖြစ်ပါတယ်။ LAN port နဲ့ POE port သီးသန့်ပါဝင်လာတာဖြစ်လို့အချို့ Router တွေအတွက် Network မကျအောင် ထိန်းပေးနိုင်တဲ့အပြင် ဖုန်းအားသွင်းနိုင်ခြင်း၊ မီးလည်းထွန်းနိုင်ခြင်း၊ CCTV DVR တွေအတွက်လည်းသုံးနိုင်မယ့် Port တွေလည်းအစုံအလင်ပါဝင်ပါသေးတယ်။ Battery အနေနဲ့ကတော့ 35200mAh ပါဝင်ပြီးWiFi Router တစ်လုံးတည်းအသုံးပြုမယ်ဆိုရင် ခန်မှန်း (၃၆) နာရီလောက်ထိ အသုံးခံနိုင်မှာဖြစ်ပါတယ်။ ပြန်အားသွင်းမယ်ဆိုရင်တော့ ၄ နာရီလောက်သွင်းရင်အားပြန်ပြည့်နိုင်ပါတယ်။လျှပ်စစ်မီး မရနိုင်တဲ့အခြေအနေမျိုးမှာဆိုရင်လည်း 12V Solar Input Port နဲ့ Solar ပြားသုံးပြီး အားသွင်းနိုင်တာကြောင့် အသုံးပြုရန်အဆင်ပြေစေသော ပစ္စည်းကောင်းလေးတခုဖြစ်ပါသည်။
SVC-1816 PLUS
SVC-1816 PLUS Battery ကတော့စုစုပေါင်း 28,800mAh ပါဝင်မှာဖြစ်ပြီး Router တွေကိုလည်းအားပေးထားရင်း ဖုန်းနဲ့ Laptopကိုပါ 0% ကနေအားအပြည့်အထိ ၃ခါလောက်ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါသည်။ Mini DC UPS တွေရဲ့ ထုံးစံအတိုင်း Router တွေနဲ့ CCTV တွေကိုမီးပျက်သွားလည်း Network ဆက်တိုက်ရရှိနေအောင် စွမ်းဆောင်ပေးနိုင်မယ့်အပြင် အပိုလုပ်ဆောင်မှုအနေနဲ့အထက်ပါအတိုင်း Phone နဲ့ Laptop တွေကိုပါပြန်လည်အားသွင်းနိုင်မှာဖြစ်ပါသည်။