T-HOME TH-FS16S200DC 16" Rechargeable Stand Fan
T-HOME TH-FS16S200DC သည် ပိုမိုမြင့်မားသော LED အလင်းစနစ်နှင့် USB အားသွင်းစနစ်များပါဝင်ပြီး၊ အသုံးပြုရလွယ်ကူသော အင်္ဂါရပ်များစွာကို ပေးစွမ်းပါသည်။AC 220V နှင့် DC 12V (ဘက်ထရီဖြင့်) အသုံးပြုနိုင်ပါသည်။12V 4.5Ah rechargeable lead-acid battery ၊အလင်းရောင် 3 အဆင့်ချိန်ညှိနိုင်သော LED အလင်းစနစ်ပါရှိသည်။USB charger outlet ပါဝင်ပြီး၊ အခြားပစ္စည်းများအား အားသွင်းနိုင်ပါသည်။၇နာရီလောက်အားအပြည့်သွင်းထားရုံနဲ့ Low Speed: 25-30Hours, High Speed: 5-6Hours ဝန်းကျင်အသုံးပြုလို့ရပါသည်။ Remote Control နဲ့အသုံးပြုလို့ရပြီး Battery Display ပါဝင်တာကြောင့် အဆင်ပြေစေမည့် Fan လေးဖြစ်ပါသည်။
T-HOME TH-KT8723GF Electric Kettle (1.7L)
THOME TH-KT8723GF Electric Kettle လေးကတော့ 1.7L အရွယ်အစားရှိပြီးတော့ သပ်ရပ်လှပတဲ့ Digital Display ပုံစံမျိုးရှိတာ ကြောင့်အသုံးပြုရတာ အဆင်ပြေတဲ့အပြင် Temperature ကိုလည်း ရေနွေးကြိုဖို့အတွက် မဟုတ်ဘဲ နွားနို့၊ ပျားရည်၊ ကော်ဖီ နဲ့ လက်ဖက်စိမ်းလေးတွေကိုပါ လွယ်လွယ်ကူကူနဲ့ အသုံးပြုလို့ရနိုင်ပြီး warm Function ပါတာမို့ 2 နာရီကြာအောင် အပူချိန်ကို keep လုပ်ထားလို့ရတာကြောင့် အချိန်ကုန်သက်သာစေပါတယ်။
THOME TH-FT14F23DC 14-inch Rechargeable Table Fan
THOME TH-FT14F23DC ပန်ကာလေးကတော့ AC/DC Fan ဖြစ်တာကြောင့် မီးပျက်သွားတဲ့အခါလည်း ဆက်လက်အေးမြနေမှာဖြစ်ပြီး၊မီးပျက်လည်း အလင်းမပျက်စေမယ့် LED မီးအိမ်ငယ်ပါဝင်တဲ့အပြင်၊Metal Grill နဲ့ပြုလုပ်ထားတာကြောင့် တာရှည်ခံပြီး၊ USB port ပါလို့ ဖုန်းအားကုန်သွားမှာကို စိတ်ပူစရာမလိုပါဘူး။အရည်အသွေး ကောင်းမွန်တဲ့ Lead Acid Battery နဲ့ပြုလုပ်ထားတဲ့အတွက် High Speed နဲ့ဆို (3) နာရီ၊ Low Speed နဲ့ဆို (8) နာရီအထိအသုံးပြုလို့ရပါတယ်။သူ့ရဲ့အားသွင်းချိန်လေးကလည်း (၈) နာရီကနေ (၁၀) နာရီအထိပဲကြာတာမို့ အထူးသင့်တော်တဲ့ပန်ကာလေးဖြစ်ပါသည်။
THOME TH-LCH211CC Water Dispenser
THOME TH-LCH211CC Water Dispenser သည် ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းကိုထည်နဲ့ အောက်မှာလည်း ပစ္စည်းသိမ်းဖို့ အအေးခန်းပါဝင်တာဖြစ်လို့ mini Refrigerator လေးတစ်လုံးလို မိမိနှစ်သက်ရာ ပစ္စည်းကို သိမ်းဆည်းထားနိုင်ပါသေးတယ်။ရေပူ/ရေအေး Function ပါရှိတဲ့အပြင် စွမ်းအားမြင့် Compressor ကိုလည်း အသုံးပြုထားပါတယ်။
THOME TH-RG215KDD-GL 215Liter Two Door Refrigerator
THOME ကထုတ်ထားတဲ့ TH-RG215KDD-GL 215Liter Two Door Refrigerator လေးသည် Capacity 215Liters ဝင်ဆံ့ပြီး အအေးနှုန်းမြန်ဆန်တဲ့အပြင် အချိန်ကြာကြာလည်း အအေးဓါတ်ထိန်းထားနိုင်ပါသည်။ Power 102W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပြီး Fan mechanism ပါဝင်တာကြောင့် အအေးနှုန်းကိုလျင်မြန်စွာ ဖြန့်ပေးနိုင်ပါသည်။ Energy saving ဖြစ်တာကြောင့် စွမ်းအင်သုံးစွဲမှု့လျော့နည်းစေပြီး Low noise မို့ဆူညံမှု့နည်းစွာ အလုပ်လုပ်ပေးနိုင်ပါသည်။ အရည်အသွေးကောင်းမွန်ပြီး daily small‑family သုံးရန် အတွက် သင့်တော်သော Refrigerator လေးဖြစ်ပါသည်။
THOME TH-WT18W1698 18kg Fully Auto Washing Machine
THOME TH-WT18W1698 18kg Fully Auto Washing Machine ကတော့ 18kg ဖြစ်တာကြောင့် အဝတ်အများကြီးကိုလည်း တစ်ခါတည်း လျှော်ဖွတ်လို့ရနိုင်တဲ့အပြင်၊ laundry service ပေးနေတဲ့ သူတွေအတွက်လည်း လုံးဝအဆင်ပြေပါတယ်။Noise level ကလည်း wash power 62dB(A) နဲ့ Spin Power 72dB(A) ဖြစ်တာကြောင့် ဆူညံမှုနည်းပြီး အဝတ်အထည်တွေကို အချိန်တိုအတွင်းမှာ သန့်ရှင်းတောက်ပြောင်သွားအောင် လျှော်ဖွတ်နိုင်ပါတယ်။Fully Auto Machine ဖြစ်တာကြောင့် အဝတ်နဲ့ကိုက်ညီမယ့် ရေပမာဏကိုထည့်ပေးပြီး ခလုတ်လေးနှိပ်ရုံနဲ့ စက်ရဲ့ Sensor က အလုပ်လုပ်ပေးသွားမှာဖြစ်တာကြောင့် အချိန်ကုန်၊ လူပင်ပန်း သက်သာစေပါတယ်။Body ကိုလည်း metal body အသုံးပြုပေးထားတာကြောင့် ခိုင်ခံ့မာကျောပြီး၊ အဖုံးကိုလည်း Tempered Glass ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။