Smart Home(SMEG1506) Multi Function Grill and Hot Pot
Smart Home(SMEG1506) သည်ဟင်းရည်နှစ်ကန် နဲ့အသုံးပြုလို့ရနိုင်မည့်အိုးလေးဖြစ်ပါသည်။Non-Stick သားအသုံးပြုပေးထားတာကြောင့် အိုးကပ်ခြင်း၊ တူးခြင်းတွေ မဖြစ်စေနိုင်ဘဲ အသုံးပြုရ အဆင်ပြေစေမှာဖြစ်ပါတယ်။
Smart Home SMOV1600 Electric Oven(42L)
Capacity - 42 liters Oven အရွယ်စားဖြစ်တာကြောင့် အိမ်ထဲမှာတင် Bakery Shop ဖွင့်မယ့် သူတွေအတွက်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။ Power – 1600 W နဲ့ဖြစ်ပြီး အပေါ်မီး အောက်မီးကိုလဲ လိုအပ်သလို ချိန်ညှိပေးနိုင်မှာဖြစ်ပါတယ်။
Smart Home MV-1408 Air Fryer
Smart Home MV-1408 Air Fryer ကတော့ Capacity 3.8Liter ဝင်ဆံ့ပြီး ကြက်တစ်ကောင်လုံးအထိ ဝင်ဆံ့မှာဖြစ်ပါတယ်။ Power 1400W နဲ့ဖြစ်ပြီး ဆီအသုံးမပြုဘဲ အကျက်ညီအောင် လုပ်ဆောင်ပေးနိုင်ပါသည်။ ချက်ပြုတ်ချိန်ကို အမြင့်ဆုံး မိနစ် (၃၀) အထိ သတ်မှတ်နိုင်တဲ့အပြင် အလိုအလျောက်ပိတ်တဲ့စနစ်ပါဝင်ပါသည်။ အပူချိန် ၈၀ မှ ၂၀၀ အထိ ချိန်ညှိနိုင်ပြီး Non Stick Basket နဲ့မို့ သန့်ရှင်းရေး အလွယ်တကူပြုလုပ်နိုင်ပြီး အသုံးပြုရ အဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါသည်။
Smart Home MV-1407 Air Fryer
Smart Home MV-1407 Air Fryer မှာတော့ Capacity 5.5liters ဝင်ဆန့်ပြီး 1400W Power နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ဆီအသုံးမပြုဘဲ အကျက်ညီအောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ချက်ပြုတ်ချိန်ကို အမြင့်ဆုံး မိနစ် ၃၀ အထိ သတ်မှတ်တဲအပြင် အလိုအလျောက်ပိတ်တဲ့ စနစ်ပါပါရှိမှာဖြစ်ပါတယ်။ အပူချိန် ၈၀ မှ ၂၀၀ အထိ ချိန်ညှိနိုင်ပြီး Non Stick Basket နဲ့မို့ သန့်ရှင်းရေး အလွယ်တကူပြုလုပ်နိုင်မှာမို့ အသုံးပြုရ အဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။
Smart Home SM-GA2H-01 Twin Gas Stove
Smart Home SM-GA2H-01 ကတော့ မီးပျက်တဲ့အချိန်မှာတောင် လွယ်ကူစွာကြော်၊ ချက်၊ ပြုတ်၊ ကင်နိုင်ရန် အတွက် အထိုင်ဂတ်စ်အိုးနဲ့ တွဲသုံးပေးထားပါသည်။ Design လည်းဆန်း Quality လည်းကောင်းပြီး အသုံးပြုရာတွင်အဆင်ပြေစေတဲ့အပြင် Gas stove ရဲ့ မျက်နှာပြင်ကိုတော့ 800 degrees ထိအပူဒဏ်ခံနိုင်တဲ့ Tempered glass နဲ့ ပြုလုပ်ထားသောကြောင့် အပူဒဏ်ခံပြီး သန့်ရှင်းရေးလည်းအလွယ်တကူ ပြုလုပ်နိုင်ပါသည်။ Auto-mount point system ကို အသုံးပြုထားတာကြောင့် ထွက်ရှိလာမယ့် မီးအားကိုလည်း အလွယ်တကူ ထိန်းညှိနိုင်ပါသည်။
Smart Home SM-PGA01 Portable Gas Stove With Pot
Smart Home SM-PGA01 သည် အပူချိန်ကို ခံနိုင်တဲ့ မှန်အဖုံး ပါ Stainless steel အိုးလေး တစ်လုံး ပါဝင်ပြီး အိမ်မှာဘဲသုံးသုံး ဆိုင်သုံးအတွက် သုံးအုန်းမလား ဂတ်စ်ဗူးနဲ့ တွဲသုံးရ တာမို့ အချိန်တို အတွင်း ချက်ပြုတ် နိုင်မှာဖြစ်ပါသည်။
Smart Home SM-GA1H-01 Single Gas Stove
Smart Home SM-GA1H-01 Single Gas Stove လေးသည် မျက်နှာပြင်ကို 800 degrees ထိအပူဒဏ်ခံနိုင်တဲ့ Tempered glass နဲ့ပြုလုပ်ထားသောကြောင့် အပူဒဏ်ခံပြီး သန့်ရှင်းရေးလဲအလွယ်တကူ ပြုလုပ်နိုင်ပါသည်။ မီးထွက်တဲ့မီးပေါက်ရဲ့ ဘေးပတ်ပတ်လည်က drip tray ကိုတော့ 0.4 mm အထူရှိပြီး အရည်အသွေးကောင်းမွန်သော Stainless steel ဖြင့်ထုတ်လုပ်ထားပါသည်။ မီးထွက်ခေါင်းကိုတော့ 90 mm အရွယ်အစားရှိသော ကြေးဝါချောင်းများနှင့် ပြုလုပ်ပေးထားသောကြောင့် မီးထွက်အားကောင်းပြီး ဂတ်စ်စားသက်သာစေပါသည်။ Auto-mount point system ကို အသုံးပြုထားတာကြောင့် ထွက်ရှိလာမယ့်မီးအားကိုလည်း အလွယ်တကူထိန်းညှိပေးနိုင်ပါသည်။