Terms and Conditions


TERMS (ချမှတ်ထားသော စည်းကမ်းများ)

ဤ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် သင်သည် ဤဝက်ဘ်ဆိုက်မှ ချမှတ်ထားသော စည်းမျဉ်း၊ အဓိကစည်းကမ်းချက်များ( Terms and Conditions ) ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ကို လက်ခံသဘောတူညီပြီးဖြစ်သည် ။ ထို့အပြင် သင်သည် ပြည်တွင်းဥပဒေများ ( local laws ) ကိုလည်း လေးစားလိုက်နာရန် တာဝန်ရှိသည်။ အကယ်၍ သင်သည် အသုံးပြုသူ သဘောတူညီချက်ကို သဘောမတူပါက ကျေးဇူပြု၍ ဤ ဝက်ဘ်ဆိုက်နှင့်ချိတ်ဆက်ခြင်း၊ ဖြည့်စွက်မှတ်တမ်းတင်ခြင်းမပြုလုပ်ပါရန် တောင်းဆိုအပ်ပါသည်။ ဤဝက်ဘ်ဆိုက်သည် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အပေါ်တွင် ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ထပ်ပေါင်းထည့်ခြင်းတို့ကို မိမိသဘောအတိုင်း ပြုလုပ်ခွင့်ရှိပါသည်။ ပြောင်းလဲမှုကိုဝက်ဘ်ဆိုဒ်တင်လိုက်သည့်အချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောင်းလဲမှုကို ဤဝက်ဘ်ဆိုက်က အသိပေးစရာမလိုဘဲ ပြောင်းလဲမှုသည် သက်ရောက်မှုရှိမည်ဖြစ်သည်။ အသစ်ထပ်မံ ပြင်ဆင်လိုက်သော စည်းမျဉ်းစည်းကမ်းများကို ကျေးဇူးပြု၍ ပုံမှန်စစ်ဆေးပေးစေလိုပါသည်။အကယ်၍ သင်သည် အသစ်ထပ်မံပြင်ဆင်ပြီးနောက်ပိုင်း ဤ ဝက်ဘ်ဆိုက်ကိုဆက်လက်သုံးစွဲပါက ထိုပြောင်းလဲမှုများကို လက်ခံသည်ဟု တရားဝင်မှတ်ယူမည်။

LINKS (လင့်(ခ်)များ)

shop.linncomputer.com သည် အင်တာနက်ဝက်ဘ်ဆိုက်ပေါ်ရှိလင့်များအား ပြန်လည်ဆန်းစစ်ထားခြင်း မရှိသောကြောင့် အဆိုပါ လင့်(ခ်)များနှင့်ဆက်နွယ်နေသော linked site နေရာများရှိ အကြောင်းအရာများအား တာဝန်မယူပါ ။ မည်သည့် လင့်(ခ်) မဆို shop.linncomputer.com မှ သွယ်ဝိုက်၍ ထောက်ခံခြင်းမပြုလုပ်ထားပါ။ အကယ်၍ အဆိုပါ Linked website များအသုံးပြုခြင်းသည် သုံးစွဲသူ၏ တာဝန်သာဖြစ်သည် ။

TAXES (ကုန်သွယ်ခွန်များ)

shop.linncomputer.com ၏ ဝယ်ယူသူများသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာကုန်သွယ်ခွန် ဥပဒေ ( commercial tax ) အတိုင်းတာဝန်ရှိသည်။

TYPOGRAPHICAL ERRORS (စာလုံးပေါင်း စာရိုက် အမှားများ)

စာလုံးပေါင်း (typing ) အမှားကြောင့်ဖြစ်သော ပစ္စည်းတစ်ခု၏ သတင်းအချက်အလက်မမှန်ကန်ခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ခြင်း ဖြစ်ရပ် ( သို့မဟုတ် ) suppliers မှ ရရှိသော အချက်အလက်များနှင့် ဈေးနှုန်းတွင်မှားယွင်းခြင်းအတွက် shop.linncomputer.com မှ ငြင်းဆိုပိုင်ခွင့် သို့မဟုတ် မမှန်ကန်သောဈေးနှုန်း နှင့်တင်ထားသော မှာယူမှု ( orders ) များအား ငြင်းဆိုပိုင်ခွင့် ( သို့မဟုတ် ) ပယ်ဖျက်ပိုင်ခွင့်ရှိသည် ။ shop.linncomputer.com သည် အဆိုပါ မှာယူမှု ( orders ) များအတွက် မှာယူမှု ခိုင်မာသည်ဖြစ်စေ credit card မှ ငွေဖြတ်တောက်ခြင်းရှိသည်ဖြစ်စေ ငြင်းဆိုပိုင်ခွင့် ( သို့မဟုတ် ) ပယ်ဖျက်ပိုင်ခွင့်ရှိသည် ။ အကယ်၍ သင်၏ credit card မှ ငွေဖြတ်ယူထားပြီး order အား ပယ်ဖျက်ခြင်းရှိပါက shop.linncomputer.com မှ အမြန်ဆုံး သင်၏ အကောင့် ( card account ) ထဲသို့ ပြန်လည်ထည့်သွင်းပေးသွားမည် ။

DELIVERY (အိမ်အရောက် ပို့ပေးသည့် ဝန်ဆောင်မှု)

အိမ်အရောက် ပို့ပေးသည့် ဝန်ဆောင်မှု ကြာမြင့်ချိန်မှာ သင်၏ နေရပ်လိပ်စာအပေါ် မူတည်ပြီး ကွာခြားနိုင်ပါသည်။

RETURN UPON DELIVERY POLICY (ကုန်ပစ္စည်း ပို့ဆောင်ချိန် ပြန်ပေးခြင်း မူဝါဒ)

ဝယ်ယူခဲ့သည့် ကုန်ပစ္စည်းများကို အောက်ပါအကျိုးအကြောင်း တစ်စုံတစ်ရာဖြင့် ကြုံတွေ့ခဲ့ပါက ၃ ရက်အတွင်း ပြန်လည်ပေးပို့လဲလှယ်နိုင်မည်။ သို့မဟုတ်ပါက မည်သည့်အကျိုးအကြောင်းကြောင့်မှ ဝယ်ယူပြီး ပစ္စည်းများကို ပြန်လည် လဲလှယ်ပေးမည် မဟုတ်ပါ။

1.ဘောက်ချာထဲမှာ ဖော်ပြထားသည့်အတိုင်း မဟုတ်ခဲ့ပါက။ (ဥပမာ – ကာလာမှားနေခြင်း၊ model မှန်ကန်မှု မရှိခြင်း။)

2.ကုန်ပစ္စည်း၏ အထုပ်အပိုး ပျက်စီးပြီး၊ ဖွင့်လှစ်အသုံးပြုထားခြင်း။

3.ဆော့ဖ်ဝဲလ်။

PAYMENT (ငွေပေးချေမှု)

အောက်ဖော်ပြပါအတိုင်း ငွေပေးချေမှု စံနစ် အမျိုးစုံကို အသုံးပြု ဝယ်ယူနိုင်ပါသည်။

1. Cash on Delivery

2. MPU via secured 2C2P payment gateway.

3. Cash on Pickup

CONFIRMATION AND PACKING ITEMS FOR DELIVERY (ကုန်ပစ္စည်း ပို့ဆောင်မှုအတွက် အတည်ပြုပေးခြင်း)

CONFIRMATION AND PACKING ITEMS FOR DELIVERY (ကုန်ပစ္စည်း ပို့ဆောင်မှုအတွက် အတည်ပြုပေးခြင်း)

1. ဝယ်ယူသူမှ Cash on Deliveryကို ရွေးပြီး ဝယ်ယူခဲ့ပါက shop.linncomputer.com ၏ အရောင်းကိုယ်စားလှယ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိမည် ဖြစ်ပြီး၊ နေရပ်လိပ်စာများကို အတည်ပြုကာ ကုန်ပစ္စည်း ထုတ်ပိုးမှုများနှင့် အိမ်အရောက်ဝန်ဆောင်မှုများကို အချိန်နှင့် တပြေးညီ စတင်ပေးမည် ဖြစ်သည်။
မှတ်ချက်။ ။အော်ဒါတင်ပြီး ၃ရက်အတွင်း ငွေပေးချေမှု မရှိသေးသော အော်ဒါများကို shop.linncomputer.com မှ အလိုအလျှောက် ပယ်ဖျက်သွားပါမည်။

2. ဝယ်ယူသူမှ Credit Card/MPUကို အသုံးပြုပြီး ဝယ်ယူခဲ့ပါက ကုန်ပစ္စည်း ထုတ်ပိုးမှုများနှင့် အိမ်အရောက်ဝန်ဆောင်မှုများကို ချက်ချင်း စတင်မည် ဖြစ်သည်။ သို့သော် 2C2P gatewayမှ ကဒ်ထံမှ ငွေလွှဲကို အကြောင်း တစ်စုံတစ်ရာကြောင့် ပိတ်ပင်ခဲ့ပါက အော်ဒါကို ဖယ်ရှားမည် ဖြစ်ပြီး၊ ဝယ်ယူသူထံသို့ အကျိုးအကြောင်းကို ဖုန်းဆက် သို့မဟုတ် အီးမေးလ်ဖြင့် အသိပေးသွားမည် ဖြစ်သည်။

3. ဝယ်ယူသူမှ Cash on Pickupကို ရွေးချယ်ပါက နောက်တစ်ရက် အလုပ်ချိန်အတွင်း လာရောက် ရွေးချယ်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ကုန်ပစ္စည်း အဆင်သင့် မဖြစ်သေးပါကလည်း ဝယ်ယူသူထံသို့ အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားသွားမည် ဖြစ်သည်။

Communication with team shop.linncomputer.com are available via multiple channels.
shop.linncomputer.com သို့ ဆက်သွယ်နိုင်သည့် နည်းလမ်းများ

1. Phone: 067-22884,09-881221224

2. Live chat in App

3. Email: shopping@linncomputer.com

4. Page Messenger linn-it-mart-fb-page-messenger