Panasonic MCCG370 1.4L
420,000 Ks

Panasonic ဖုန်စုပ်စက် MC-CG370 သည် အထူးဒီဇိုင်းပြုလုပ်ထားပြီး Input Power 850 Wနှင့် Suction power 250 W, Capacity 1.4 Liter ရှိခြင်းကြောင့် ကြီးမားသောနေရာများရှင်းလင်းဖို့ပိုမိုလွယ်ကူပါသည်။ ရှေ့လက်ကိုင်ပါဝင်ခြင်းကြောင့် တစ်နေရာနှင့်တစ်နေရာ အလွယ်တကူ သယ်သွားနိုင်ပါသည်။

Eneloop Rechargeable & Battery 2Pcs
112,000 Ks

ကောင်းမွန်သော အရည်အသွေး သင့်တင့်လျောက်ပတ်သော ဈေးနှုန်းများကြောင့် ရောင်းအားကောင်းသော Eneloop Rechargeable & Battery ဖြစ်ပါသည်။

Panasonic MC-CG371 Vacuum Cleaner
485,000 Ks

Pansonic ကထုတ်လုပ်ထားတဲ့ MC-CG371 Vacuum Cleaner လေးမှာတော့ Input Power 1600W, Suction Power 410W တို့ဖြင့်အလုပ်လုပ်ပေးမှာပဲ ဖြစ်ပါသည်။ ဆူညံသံကင်းပြီး လွယ်ကူမြန်ဆန်စွာ အလုပ်လုပ်ပေးနိုင်တာကြောင့် အသုံးပြုရာတွင် အရည်သွေးကောင်းတဲ့ ဖုန်စုပ်စက်လေးဖြစ်ပါသည်။

Panasonic KX-FT936CN Faxphone(Auto Cutter)
537,000 Ks

Panasonic KX-FT936CN Faxphone လေးမှာတော့ Fax Speed 9.0kbps ရှိပြီး Auto Cutter လည်းပါဝင်တာကြောင့် အသုံးပြုလို့အဆင်ပြေစေမယ့် Faxphone လေးပဲ ဖြစ်ပါတယ်။ Automatic Document Feeder လဲဖြစ်တာကြောင့် အဆင်ပြေ လွယ်ကူစေမှာဘဲ ဖြစ်ပါတယ်။

Panasonic KX-FP7006CN Faxphone
605,000 Ks

Panasonic KX-FP7006CN  Faxphone လေးကတော့ Heat Transfer Type ဖြစ်ပြီး A4 နဲ့ အသုံးပြုနိုင်မှာဖြစ်ပါ သည်။

Panasonic NR -AF176SSAE One Door
1,290,000 Ks

Panasonic  ကထုတ်လုပ်လိုက်တဲ့ NR -AF176SSAE Refrigerator လေးမှာတော့ Storage အနေနဲ့ကတော့ 165 Liters ဝင်ဆန့်လို့ အစားအစာနဲ့ ဟင်းသီးဟင်းရွက်အများအပြား သိမ်းဆည်းနိုင်တဲ့ အပြင် Jumbo Vegetable Case လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက် သိုလှောင်ကန်က အရင် မော်ဒယ်တွေထက်ပိုဆန့်နိုင်တဲ့ ဒီဇိုင်းဖန်တီးထားတာကြောင့် စိတ်ကျေနပ်စေမှာပါ။သိုလှောင်ထားတဲ့အစားအစာတွေကိုအချိန်အတော်ကြာအောင်ထိန်းသိမ်းပေးနိုင်တဲ့ လေထုသန့်စင်စနစ်ကြောင့် အစားအစာများဟာ နဂိုမူလအတိုင်း လတ်ဆတ်စေပါတယ်။ အထပ်တိုင်းကို အလွယ်တကူမကွဲနိုင်တဲ့ Tempered Glass Tray အသုံးပြုထားတာကြောင့် သန့်ရှင်းရလွယ်ကူပြီး သပ်သပ်ရပ်ရပ်လေး ဖြစ်စေပါတယ်။

Panasonic NC-EG3000 Thermo Pot Kettle
550,000 Ks

Panasonic NC-EG3000 မှာတော့ Power 700 W နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပြီး Capacity 3 liters ဝင်ဆန့်တဲ့ အိုးလေးဖြစ်ပါတယ်။အချိန်ခဏအတွင်းမှာ ဆူပွတ်နေတဲ့ ရေနွေးကို ရရှိနိုင်မှာဖြစ်ပြီး အတွင်းပိုင်းကိုလဲ non-stick သားသုံးပေးထားတာကြောင့် တာရှည်ခံပြီး အရည်သွေးကောင်းတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။

Panasonic FZXFP35X Airfilter
129,000 Ks

Panasonic FZXFP35X Airfilter လေးကတော့ သန့်ရှင်းသောလေထုကို ပေးစွမ်းနိုင်ပြီး ကျန်းမာသောဘဝနေထိုင်မှု့ကို ရရှိစေပါသည်။ အဆိပ်ဓာတ်ငွေ့ကို 24/7 ဖယ်ရှားခြင်းဖြင့် မည်သည့်ပတ်ဝန်းကျင်တွင်မဆို လေကောင်းလေသန့်ကိုရရှိစေပါသည်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များနှင့် ဓာတ်မတည့်မှုကဲ့သို့သော လေထုညစ်ညမ်းစေသည့် ဘက်တီးရီးယားများကို တိုက်ထုတ်ခြင်းဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်သော အန္တရာယ်ရှိသော လေမှုန်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။

Panasonic AAA Alkaline Battery 4Pcs
14,000 Ks

Panasonic AAA Alkaline Battery 4Pcs သည် အသုံးပြုရ အဆင်ပြေမည့် ပစ္စည်းကောင်းလေးဖြစ်ပါသည်။

Panasonic SR-GA721WSWN (7.2L)
1,050,000 Ks

Panasonic ကထုတ်လုပ်ထားတဲ့ SR-GA721WSWN မှာတော့ Capacity 7.2L ရှိပြီး ၃ပြည် ချက်ပြုတ်နိုင်မှာဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ အတွက် အရမ်းအဆင်ပြေတဲ့ အိုးဖြစ်ပါသည်။ Stainless steel နဲ့ ဖြစ်တာကြောင့် သံချေးတက်ခြင်းတွေ မရှိဘဲ အိုးကပ်ခြင်းတွေ မရှိတာကြောင့် ဆေးကြောရ လွယ်ကူစေမှာဖြစ်ပါသည်။ Keep warm function လဲ ပါတာကြောင့် အနွေးဓာတ်ကို အချိန်ကြာကြာထိန်းသိမ်းပေးမှာဖြစ်လို့ အရည်သွေးကောင်းတဲ့ ပစ္စည်းလေးဖြစ်ပါသည်။

Panasonic AA Alkaline battery 4PCS
13,000 Ks

Panasonic AA Alkaline battery 4PCS  အချိန်ကြာမြင့်စွာအသုံးခံနိုင်မည့်ပစ္စည်းလေးပဲဖြစ် ပါသည်။

Panasonic KX-FA93-57E 70M Flim
13,000 Ks

Panasonic KX-FA93-57E မှာတော့ Page Yield 225 Pages အသုံးပြုနိုင်မှာဖြစ်ပြီး အရည်သွေးကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။

Panasonic MC-CL601A146 Vacuum Cleaner
595,000 Ks

Panasonic MC-CL601A146 Vacuum Cleaner သည် Capacity 2.2Liters ဝင်ဆန့်တာကြောင့် အညစ်အကြေးများကို မကြာခဏ စွန့်ပစ်ပေးစရာမလိုဘဲ ကြာရှည်စွာသိုလှောင်ပေးထားနိုင်ပါသည်။ Input Power: 1600 W နဲ့အလုပ်လုပ်ပေးမှာမို့ အသုံးပြုရအဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါသည်။ 5-layer filtration system မှတစ်ဆင့် သန့်ရှင်းသော လေအိတ်ဇောကို ထောက်ပံ့ပေးနိုင်ပြီး 0.3 မိုက်ခရိုမီတာအထိ သေးငယ်သောဖုန်မှုန့်များကိုပင်စုပ်ယူပေးနိုင်ပါသည်။ 

Panasonic NN-ST34NBYTE Microwave Oven
819,000 Ks

Panasonic NN-ST34NBYTE Microwave Oven မှာတော့ Capacity 25L ဝင်ဆံ့ပြီး Power 900W နဲ့အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ 4 digit LCD နဲ့ Display ပါဝင်ပြီး 5 Level နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Panasonic NA-F90S10 Washing Machine 9Kg
1,910,000 Ks

Panasonic NA-F90S10 မှာတော့ Capacity 9KG ဝင်ဆန့်ပြီး Active Foam System က အညစ်အကြေးများကို သေချာစွာဖယ်ရှားပေးမှာဖြစ်ပါတယ်။ အဝတ်အစားအတွင်းပိုင်းထိ နက်ရှိုင်းစွာ စိမ့်ဝင်ကာ နူးညံ့တဲ့အမြှုပ်များ‌ကြောင့် ပိုမိုသန့်ရှင်းစေပြီး Dynamic Water Flow က အားပြင်းတဲ့ ရေလည်ပတ်စနစ်ကို ဖန်တီးပေးတဲ့အတွက်ကြောင့် ထိရောက်တဲ့ ပွတ်တိုက်ခြင်းနဲ့အတူ အစွန်းအထင်းများကို ဆေးကြောသန့်စင်ပေးမှာဖြစ်ပါတယ်။ Tempered Glass ကို အသုံးပြုပေးထားပြီး Super Clean Effect ကြောင့် ပုံမှန်ထက် 15% ကောင်းမွန်တဲ့ လျှော်ဖွတ်ခြင်းကို ရရှိနိုင်ပါတယ်။

Panasonic KX-TG1612 Cordless Phone
418,000 Ks

Panasonic KX-TG1612 Cordless Phone မှာတော့ Amber Backlit Display နဲ့ 50 name and number Memory ပါဝင်မှာဖြစ်ပါတယ်။ Indoor range 50m နဲ့ဖြစ်ပြီး Battery life of 150 hours/  talk time 17 hours အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Panasonic KX-TS880MX Cable Phone
539,000 Ks

Panasonic KX-TS880MX Cable Phone ကတော့ အိမ်သုံး၊ရုံးလုပ်ငန်းသုံး၊နေရာတိုင်းအတွက်အဆင်ပြေပြီး Display ပိုင်းမှာလဲ အလွယ်တကူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အကြမ်းခံတဲ့ Body နဲ့ နူးညံ့ပြီး နှိပ်တဲ့ အခါ လွယ်ကူစေမယ့် Keypad လေးတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Panasonic AAA Battery 4PCS( LR03T-4S )
12,000 Ks

Panasonic ကထုတ်ထားတဲ့ AAA Battery 4PCS လေးကတော့အချိန်ကြာမြင့်စွာအသုံးပြုနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။

Panasonic AA 4Pcs Alkaline Battery(LR6T/4S)
12,000 Ks

Panasonic ကထုတ်ထားတဲ့ AA 4Pcs Alkaline Battery လေးကတော့ အချိန်အတော်ကြာအသုံးခံနိုင်မည့်ပစ္စည်းလေးဖြစ်ပါသည်။

Panasonic NT-H900KSH 9Liter Toaster Oven
295,000 Ks

Panasonic NT-H900KSH Toaster Oven လေးကတော့ Capacity 9Liter ထိဝင်ဆံ့ပြီး မတူညီတဲ့အပူချိန်ကိုလဲချိန်လို့ရသလို အချိန်ကလဲ ၁၅မိနစ်ထိရမှာဖြစ်ပါတယ်။ကိတ်မုန့်ပဲဖုတ်မလား၊ပေါင်မုန့်၊ပီဇာပဲလုပ်လုပ် အဆင်ပြေစေမယ့် Toaster Oven လေးဖြစ်ပါသည်။

Panasonic DH-3JL2 Instant Electric Home Shower Water Heater
490,000 Ks

Panasonic ကနေထုတ်ထားတဲ့ DH-3JL2 Instant Electric Home Shower Water Heater လေးကတော့ ဒီဇိုင်းပိုင်းမှာ ဘယ်လိုရေချိုးခန်းအမျိုးအစားနဲ့မဆို လိုက်ဖက်တဲ့အပြင် အသုံးပြုရလွယ်ကူပြီး နေရာစားလည်းသက်သာစေမယ့် ပုံစံမျိုးနဲ့ ပြုလုပ်ဖန်တီးပေးထားပါသည်။ ရေပူရေအေးစနစ်ပါဝင်ပြီး လိုအပ်သလိုအပူကို အလွယ်တကူချိန်ညှိနိုင်တဲ့ on-off ခလုတ်ပါဝင်ပါသည်။ Auto Thermal Cut-Off နဲ့ 9 Safety Points ပါဝင်တာကြောင့် Electric Shock ဖြစ်တာတွေမှလည်း ကာကွယ်ပေးနိုင်ပါသည်။ Water Filter နဲ့ Water volume control system က အပူပေးစက်မှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးနိုင်တာကြောင့် သန့်ရှင်းရလွယ်ကူစေပါသည်။

Panasonic KX-FT866CN Fax (NW)
435,000 Ks

Panasonic KX-FT866CN သည် အရည်အသွေးမြင့် Fax တစ်လုံးဖြစ်ပြီး ဖက်စ်ပို့လွှာများကို အလျင်အမြန် ပို့လွှာနိုင်ပြီး၊ လက်ခံရရှိသော ဖက်စ်များကို တိကျမှန်ကန်စွာ ပုံနှိပ်ပေးနိုင်ပါသည်။ Auto Dial လုပ်ဆောင်ချက်နှင့် built-in Memory ပါသောကြောင့်၊ အကြိမ်ကြိမ် အသုံးပြုသော ဖုန်းနံပါတ်များကို အလွယ်တကူ မှတ်သားထားနိုင်သည်။Panasonic KX-FT866CN Fax သည် စွမ်းဆောင်ရည်မြင့်ပြီး၊ ရုံးသုံးအတွက် သင့်တော်သော Fax တစ်လုံးဖြစ်ပါသည်။

Panasonic NA-16JF1WSG Washing Machine 8kg
2,190,000 Ks

Panasonic NA-16JF1WSG Washing Machine က အဝတ်လျှော်ရာမှာ သန့်ရှင်းမှုနဲ့ ထိရောက်မှုကို အဓိကထားတဲ့ စက်တစ်လုံး ဖြစ်ပါတယ်။Hygiene Care & StainMaster+ ဒီစနစ်က အပူပေးရေနဲ့ လျှော်ဖွပ်ပေးတာကြောင့် အဝတ်အထည်တွေမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ဖုန်မှုန့် (House Dust Mite) တွေကို 99.99% အထိ ဖယ်ရှားပေးနိုင်ပါတယ်။ Inverter နည်းပညာကြောင့် မော်တာက ပိုမိုချောမွေ့စွာနဲ့ စွမ်းအင်သက်သာစွာ လည်ပတ်နိုင်ပါတယ်။ ဒါက ဆူညံသံကိုလည်း လျှော့ချပေးပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှုကိုလည်း လျှော့ချပေးပါတယ်။8 ကီလိုဂရမ် ဆံ့ဝင်တဲ့အတွက် အလယ်အလတ်အရွယ် မိသားစုတွေအတွက် သင့်တော်ပြီး အဝတ်အထည် ပမာဏများများကို တစ်ကြိမ်တည်း လျှော်ဖွပ်နိုင်ပါတယ်။အချိန်တိုအတွင်း အဝတ်လျှော်ချင်တဲ့အခါ ၁၅ မိနစ် အမြန်လျှော်စနစ် ပါဝင်ပါတယ်။ ပမာဏနည်းပြီး သိပ်မပေပွတဲ့ အဝတ်တွေအတွက် အသုံးဝင်ပါတယ်။အမျိုးမျိုးသော အဝတ်အထည် အမျိုးအစားနဲ့ အညစ်အကြေး ပမာဏပေါ်မူတည်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ လျှော်ဖွပ်စနစ် ၁၆ မျိုး အထိ ရွေးချယ်နိုင်ပါတယ်။

Panasonic NA-F100A9BRG Washing Machine 10kg
2,050,000 Ks

Panasonic NA-F100A9BRG ကတော့ Panasonic ရဲ့ Fully Automatic Top Load (အပေါ်ကနေ အဝတ်ထည့်ရတဲ့) အမျိုးအစား အဝတ်လျှော်စက် ဖြစ်ပါတယ်။ ၁၀ ကီလိုဂရမ် ဆံ့ဝင်တဲ့အတွက် အလယ်အလတ်ကနေ မိသားစုကြီးတွေအထိ အသုံးပြုဖို့ သင့်တော်ပါတယ်။ActiveFoam System ဒီစနစ်က ဆပ်ပြာရည်ကို သေးငယ်တဲ့ အမြှုပ်လေးတွေအဖြစ် အမြန်ဆုံး ဖန်တီးပေးပါတယ်။ ဒီအမြှုပ်တွေက အဝတ်စတွေထဲကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်တာကြောင့် အညစ်အကြေးတွေကို ပိုမိုထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။အဝတ်အထည်ပေါ်ရှိ အမျိုးမျိုးသော အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်တဲ့ စနစ်ပါ။ ရွှံ့၊ ပဲငံပြာရည် စတဲ့ အစွန်းအထင်းအမျိုးမျိုးနဲ့ အနံ့အသက်တွေကိုပါ ဖယ်ရှားပေးနိုင်ဖို့ ဖန်တီးထားပါတယ်။ အထူးသဖြင့် Odour/Aroma+ စနစ်က အဝတ်လျှော်ပြီးတဲ့အခါ အနံ့ဆိုးတွေ ကင်းဝေးစေပြီး မွှေးရနံ့ကို ပိုမိုကြာရှည်ခံစေပါတယ်။

New
Panasonic MC-CG521R149 Vacuum Cleaner
539,000 Ks

Panasonic ကထုတ်ထားတဲ့ MC-CG521R149 Vaccum Cleaner လေးသည် အိမ်အတွင်းပိုင်းနဲ့ ချောင်ကြိုချောင်ကြားတွေမှာ တင်ကျန်နေတဲ့ ဖုန်တွေ၊ သဲတွေကို ရှင်းလင်းဖို့အတွက် အသုံးပြုသင့်သော ပစ္စည်းလေးဖြစ်ပါသည်။ Capacity 4Liters သိုလှောင်ပေးထားနိုင်ပြီး Input Power 1400W နှင့်အလုပ်လုပ်ပေးမှာပဲ ဖြစ်ပါသည်။ 99.97 % အထိ ဖုန်မှုန့်များကိုရှင်းလင်းပေးနိုင်ပြီး ကြိုးအရှည် 5မီတာရှည်လျားပါသည်။ HEPA filter ပါဝင်တာကြောင့် ဖုန်မှုန့်နှင့် အခြားအမှုန်များကို ထိရောက်စွာ ဖယ်ရှားပေးနိုင်တာကြောင့် အိမ်တွင်းလေကို ပိုမိုသန့်လင်းစေပါသည်။

Panasonic MC-CG371A146 Vacuum Cleaner
485,000 Ks

Panasonic ကထုတ်ထားတဲ့ MC-CG371A146 Vacuum Cleaner လေးသည် အိမ်အတွင်းပိုင်းနဲ့ ချောင်ကြို ချောင်ကြားတွေမှာ တင်ကျန်နေတဲ့ ဖုန်တွေ၊ သဲတွေကို အမြန်ရှင်းဖို့ အသုံးပြုသင့်သော ပစ္စည်းလေးဖြစ်ပါသည်။ Voltage 220–240 V ~ 50 Hz, Input Power 1600W တို့ဖြင့် အလုပ်လုပ်ပေးမှာ ဖြစ်ပါသည်။ Dust Capacity 1.4Liters သိုလှောင်ပေးထားနိုင်ပြီး HEPA filter ပါဝင်တာကြောင့် ဖုန်မှုန့်နှင့် အခြားအမှုန်များကို ထိရောက်စွာ ဖယ်ရှားပေးနိုင်တာကြောင့် အိမ်တွင်းလေကို ပိုမိုသန့်လင်းစေပါသည်။ Cord Length: 5 m အထိအသုံးပြုနိုင်ပြီး အရည်အသွေးကောင်းမွန်သော ဖုန်စုပ်စက်လေးဖြစ်ပါသည်။

Panasonic MC-CG370G146 Vacuum Cleaner
420,000 Ks

Panasonic MC-CG370G146 ဖုန်စုပ်စက်ဟာ အိမ်သုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်ကူအောင် ထုတ်လုပ်ထားတဲ့ Model တစ်ခု ဖြစ်ပါတယ်။အလေးချိန်က ၃ ကီလိုဂရမ်ပဲ ရှိတဲ့အတွက် သယ်ရလွယ်ကူပါတယ်။ လှေကားပေါ်တက်တာမျိုး၊ နေရာရွှေ့ပြောင်းတာမျိုးအတွက် အဆင်ပြေပါတယ်။စုပ်ယူအား ၂၅၀ W (watts) ရှိပြီးတော့ အဝင်ပါဝါကတော့ ၈၅၀ W ရှိပါတယ်။ အိမ်တွင်းက အမှိုက်၊ ဖုန်မှုန့်တွေကို ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။၁.၄ လီတာ ဆံ့တဲ့ ဖုန်အိတ်ကို သုံးထားပါတယ်။ ဖုန်အိတ်ပြည့်တဲ့အခါ အလွယ်တကူ လဲလှယ်နိုင်ပါတယ်။ကြိုးအရှည် ၅ မီတာ (၅ မီတာ) ရှိတာကြောင့် တစ်နေရာတည်းမှာ ပလပ်ထိုးပြီး ဧရိယာကျယ်ကျယ်ကို သန့်ရှင်းရေးလုပ်နိုင်ပါတယ်။Crevice nozzle လို့ခေါ်တဲ့ အထောင့်အချောင်တွေ၊ ကျဉ်းမြောင်းတဲ့ နေရာတွေကို သန့်ရှင်းဖို့အတွက် ခေါင်းလေးတစ်ခု ပါပါတယ်။အရှည်ချိန်ညှိနိုင်တဲ့ ပလတ်စတစ်တံ ၂ ချောင်းလည်း ပါဝင်ပါတယ်။

 

Panasonic PT-LB356 LCD Projector
3,905,000 Ks

Panasonic PT-LB356  LCD Projector ဟာ ရုံးခန်းငယ်တွေ၊ စာသင်ခန်းတွေနဲ့ အိမ်သုံးအတွက် သင့်တော်တဲ့ Projector အမျိုးအစားဖြစ်ပါတယ်။မြင့်မားတဲ့ အလင်းရောင်နဲ့ ကြာရှည်ခံမယ့် မီးသီးသက်တမ်းတို့က သူ့ရဲ့ အဓိကအားသာချက်တွေ ဖြစ်ပါတယ်။Resolution ကတော့ Full HD (1024 x 768) အထိ support လုပ်ပေးနိုင်ပါတယ်။ Brightness 3,300 Lumens ပမာဏဟာ အခန်းထဲမှာ မီးဖွင့်ထားရင်တောင် ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ မြင်နိုင်စေပါတယ်။ Ambient light (ပတ်ဝန်းကျင် အလင်းရောင်) ရှိတဲ့ နေရာတွေမှာ အသုံးပြုဖို့ ကောင်းမွန်ပါတယ်။Contrast Ratio မြင့်မားတာက ပုံရိပ်တွေမှာ အနက်ရောင်ကို ပိုနက်ပြီး အဖြူရောင်ကို ပိုတောက်ပစေကာ ရုပ်ပုံကြည်လင်မှုကို တိုးမြှင့်ပေးပါတယ်။

Panasonic MX-MG53C1CSG Juicer Blender
470,000 Ks

Panasonic MX-MG53C1CSG Juicer Blender ကတော့ ရေခဲနဲ့ အစိုင်အခဲများကို ကြိတ်ချေနိုင်တဲ့ multi-functional blender တစ်ခုဖြစ်ပါတယ်။ 800W မော်တာပါဝင်တဲ့အတွက် သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ရေခဲတို့ကို လွယ်လွယ်ကူကူ ကြိတ်ချေနိုင်ပါတယ်။ဖျော်ရည်လုပ်တဲ့ Juicer အဖြစ်ရော၊ သစ်သီးဖျော်ရည်နဲ့ မုန့်လုပ်တဲ့ Blender အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ဖန်ခွက်ရဲ့ ပမာဏက 1.5 လီတာရှိပြီး မိသားစုကြီးကြီးအတွက် အဆင်ပြေပါတယ်။မော်တာပူလာတဲ့အခါ အလိုအလျောက် ရပ်တန့်ပေးတဲ့ thermal cut-off လုံခြုံရေးစနစ် ပါရှိပါတယ်။ဖြုတ်တပ်ရလွယ်တဲ့ အစိတ်အပိုင်းများကြောင့် သန့်ရှင်းရေးလုပ်ရ လွယ်ကူပါတယ်။

Panasonic SR-DL184KSW (1.8Liter) Rice Cooker
630,000 Ks

Panasonic SR-DL184KSW Rice Cooker  ကတော့ ၁.၈ လီတာဆံ့တာကြောင့် လူ ၆ ယောက်ကနေ ၈ ယောက်အထိ စားဖို့ လုံလောက်တဲ့ ထမင်းပမာဏကို ချက်နိုင်ပါတယ်။Fuzzy Logic နည်းပညာပါဝင်လို့ ဆန်အမျိုးအစားနဲ့ ပမာဏအလိုက် အပူချိန်ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။ ဒါကြောင့် ထမင်းသား ပိုမိုနူးညံ့ပြီး အရသာရှိပါတယ်။ထမင်းချက်တာအပြင် ဆန်ပြုတ်၊ ဟင်းချို၊ မုန့်တွေနဲ့ ပေါင်မုန့်တွေကိုလည်း ချက်ပြုတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အစားအသောက်ကို နွေးအောင် ထိန်းထားပေးတဲ့ Keep Warm လုပ်ဆောင်ချက်လည်း ပါရှိပါတယ်။မကပ်အောင်ပြုလုပ်ထားတဲ့ အနက်ရောင် Non-stick အိုးတွင်းသားကို အသုံးပြုထားလို့ ထမင်းကပ်တာမျိုး မရှိဘဲ သန့်ရှင်းရလည်း လွယ်ကူပါတယ်။

Panasonic SR-GA421WSWN Automatic Rice Cooker
595,000 Ks

Panasonic SR-GA421WSWN Automatic Rice Cooker လေးကတော့ 4.2L ဝင်ဆံ့ပြီး လူဦးရေများတဲ့ မိသားစုတွေအတွက် အသုံးပြုဖို့ သင့်လျော်ပါတယ်။Cooking Power -1550W,Keep Warm - 56W ဖြစ်ပြီး Cooking Capacity - 5 - 23 cups အထိချက်ပြုတ်နိုင်မှာပဲဖြစ်ပါတယ်။Inner Pan - Anodised Aluminium ကိုအသုံးပြုပေးထားပြီး non-stick ဖြစ်တာကြောင့် ဆေးကြောရလွယ်ကူမှာပဲဖြစ်ပါတယ်။

Panasonic SR-DM184KSW (1.8Liter) Rice Cooker
875,000 Ks

Panasonic SR-DM184KSW (1.8Liter) Rice Cooker လေးကတော့ 1.8 Liter ဝင်ဆံ့ပြီးမိသားစု အသုံးအဆောင်အတွက် သင့်တော်သည်။Power -810W ရှိပြီးTouch Control Panel ဖြစ်တာကြောင့် အသုံးပြုရအဆင်ပြေစေပါတယ်။ Inner Pot ကို Binchotan charcoal-coated အသုံးပြုပေးထားတာကြောင့် Non -Stick ဖြစ်ပြီး ဆေးကြောရလွယ်ကူစေပါသည်။

Panasonic NR-YW590YMMS Four Door Side By Side Refrigerator Inverter Type (540L)
9,900,000 Ks

Panasonic ကထုတ်ထားတဲ့ NR-YW590YMMS Four Door Side By Side Refrigerator လေးသည် အအေးဓာတ် ညီမျှစွာဖြန့်ဝေပေးနိုင်သော freezing mode တစ်ခုဖြစ်ပြီး အစားအသောက်တွေ၏ သက်သာမှု (freshness) နဲ့(nutrient loss) ကို အနည်းဆုံး ထိန်းချုပ်ပေးနိုင်သည်။ -3 °C ခန့် “soft freezing” အခြေအနေဖြင့် အသား၊ငါး စသည့်အစားအသောက်များကို ၇ ရက်ခန့်ထိ ထိန်းသိမ်းနိုင်သည်။ အသီးအရွက်များအတွက် humidity ထိန်းချုပ်မှု့ရှိပြီး ပျက်စီးမှု့ကိုနည်းစေပါသည်။ ဘက်တီးရီးယားနှင့် အနံဆိုးများကို ဖြုတ်ပေးပြီး pesticide residue များကိုလည်း လျှော့ချပေးနိုင်ပါသည်။ အိမ်၏အသုံးအနှုန်းနှင့်ပတ်ဝန်းကျင်အခြေအနေများကို ခံယူ၍ စွမ်းအင်သုံးစွဲမှုကို ဆူညံမှု့နည်းစွာ လျှော့ချနိုင်သည်။ တံခါးပေါ်တွင် ရေတိုင်ကို ထည့်ထားသော Water Dispenser နှင့် Automatic Ice Maker ပါဝင်ပါသည်။ အရွယ်အစားကြီးမားပြီး Energy စွမ်းအင်သုံးစွဲမှုနည်းပါးသော Inverter Type ရေခဲသေတ္တာလေးဖြစ်ပါသည်။

Panasonic NR-CW530XMMS Three Door Side By Side Refrigerator Inverter Type (495L)
8,490,000 Ks

Panasonic ကထုတ်ထားတဲ့ NR-CW530XMMS Three Door Side By Side Refrigerator လေးသည် Fish / meat စတဲ့အစားအစာများကို soft-freeze အနေဖြင့် (“-5°C to +4°C” အထိ ခံနိုင်ရည်ရှိတဲ့ temp range) ထားပြီး freshness ကို ၇ ရက်ခန့် ထိထိန်းပေးထားနိုင်ပါသည်။ သာမာန် freezer ထက် အအေးပိုပြီး စွမ်းဆောင်မှုမြင့်သော freezing အားရောက်စေခြင်း၊ food texture နှင့် nutrients မပျက်အောင် ထိန်းသိမ်းခြင်းတို့ပါဝင်ပါသည်။ ဘက်တီးရီးယားများနှင့် အနံ့ဆိုးများကို လျှော့ချပေးပြီး pesticide များမှ ကာကွယ်ပေးနိုင်ပါသည်။ အအေးလိုအပ်မှုကို တိုင်းတာပြီး စွမ်းအင်အသုံးချမှုကို လျှော့ချပေးမည့် sensor စနစ်ပါဝင်ပါသည်။ 

Panasonic S106FC1WS Washing Machine & Dryer
5,990,000 Ks

Panasonic NA-S106FC1WS သည် အဝတ်လျှော်ခြင်း (Washing) နှင့် အဝတ်ခြောက်ခံခြင်း (Drying) နှစ်မျိုးလုံးကို ပေါင်းစပ်ထားသော ရှေ့တံခါးဖွင့် (Front Load) အဝတ်လျှော်စက်-အခြောက်ခံစက် (Washer-Dryer Combo) ဖြစ်ပြီး၊ 10kg အထိ လျှော်ဖွပ်နိုင်ပြီး 6kg အထိ ခြောက်ခံနိုင်စွမ်းရှိသော မော်ဒယ်တစ်ခုဖြစ်ပါသည်။အပူချိန် 40°C မှ 90°C ရှိသော ရေနွေးဖြင့် ဆေးကြောခြင်းကို အသုံးပြုပြီး အစွန်းအထင်းများ၊ ဓာတ်မတည့်မှုဖြစ်စေသော ပစ္စည်းများ (Allergens) နှင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးသည်။ရေအေးနှင့် ခရမ်းလွန်ရောင်ခြည် (UV light) တို့ကို အသုံးပြု၍ ဘက်တီးရီးယားများကို ဖယ်ရှားပေးသဖြင့် အထည်အလိပ်များကို ထိခိုက်မှုမရှိစေဘဲ သန့်ရှင်းစေသည်။ဆပ်ပြာမှုန့်ကို အမြှုပ်အဖြစ် အမြန်ဆုံး ဖန်တီးပေးပြီး အဝတ်ထဲသို့ စိမ့်ဝင်မှုပိုမိုကောင်းမွန်စေကာ လျှော်ဖွပ်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။အဝတ်အစားပမာဏနှင့် အလေးချိန်ပေါ် မူတည်၍ လျှော်ဖွပ်မှုစွမ်းဆောင်ရည်နှင့် ရေ/လျှပ်စစ်သုံးစွဲမှုကို အကောင်းဆုံး ချိန်ညှိပေးသည်။Daily Wash,Cotton ,Baby Care,Bedding,Delicates,Rapid 15,Active Speed 38,StainMaster+ , Programs ,Tub Clean ပရိုဂရမ် စုစုပေါင်း ၁၆ ခု ပါဝင်ပြီး၊ အချို့သော ပရိုဂရမ်များသည် လျှော်ဖွပ်ခြင်းနှင့် ခြောက်ခံခြင်း နှစ်မျိုးလုံးကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သည်။