Gadget Max GM2020 Micro Quick Charger
14,500 Ks

Gadget Max GM2020 မှာတော့ 3A ဖြစ်တာကြောင့် QUICK CHARGER ရရှိမှာဖြစ်ပါတယ်။ Input-AC100-240V 50/60Hz 0.5A နဲ့ အလုပ်လုပ်ပေးပြီး  Output-DC 3.6V-6.5V (3A) (18W) နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Gadget Max GM2021 Type-C 3A Charger
16,500 Ks

Gadget Max GM2021 Type-C 3A Charger သည် ၁ မိနစ်ကို ၁% နှုန်း အားအဝင်မြန်တာမို့... အချိန်တိုတိုလေးအတွင်း ဖုန်းအားပြည့်သွားစေပြီး ဘေးကင်းစိတ်ချစွာ အသုံးပြုနိုင်တဲ့ ကြိုးခေါင်းတွဲ ညဘက် ဖုန်းအားသွင်းရင်း အိပ်ပျော်သွားရင်လည်း ဖုန်းဘက်ထရီမထိခိုက်စေဘူး..ကြိုးအရှည် ၁ မီတာနဲ့ ခိုင်ခန့်အကြမ်းခံတဲ့ ABS Material ကို သုံးထားပြီး အားသွင်းတာရော ဒေတာကူးတာရော လျင်မြန်စေတယ်။

Gadget Max B721 3.5mm in-EarPhone
14,500 Ks

Gadget Max B721 Earphone နဲ့ အကြိုက်ဆုံးသီချင်းတွေကို ဖွင့်ရင်းပျင်းစရာကောင်းတာတွေကိုအဝေးဆုံးထွက်ခွာခွင့်ပေးလိုက်ပါ။ ဖုန်းကိုင် ဖုန်းချ လုပ်လို့ရတဲ့အပြင် နားနဲ့အလိုက်သင့်ဖြစ်အောင် Speaker အုံကို ၄၅ဒီဂရီ စောင်းပေးထားပြီး ကြိုးအရှည်မှာလဲ ၁.၂မီတာရှည်သည်။

Gadget Max SC 3604 6USB Extension
59,500 Ks

Gadget Max SC 3604 6USB Extension သည်ပလပ်ခုံတစ်ခုတည်းဆိုပေမယ့် ပလောက်ပေါက်အများကြီးနှင့်အသုံပြုနိုင် မည်ဖြစ်ပါသည်။3 Sockets + 6 USB ဆိုတော့ စိတ်ကြိုက်သွင်းနိုင်ပြီး ဖုန်း(၆)လုံး တစ်ပြိုင်ထဲ အားသွင်းရင်လည်း အဆင်ပါသည်။

Gadget Max GD-M1 USB-C to Lighting Mfi Fast Charge & Data SYNC Cable
45,500 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ GD-M1မှာတော့ USB-C to Lighting အသုံးပြုနိုင်ပြီး Fast charge ပါရရှိစေမှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာလဲ အကြမ်းခံပြီး PD/QC 20W(3A) ဖြစ်လို့ iDevice တွေအတွက်ပါအဆင်ပြေစေမှာဖြစ်ပါသည်။

Gadget Max M2 USB-C to Lighting Mfi Fast Charge & Data SYNC Cable
45,000 Ks

Gadget Max M2 မှာတော့ USB-C to Lighting ဖြစ်ပြီး Fast Charger ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။ PD/QC 20W(3A) ဖြစ်လို့အားဝင်မြန်စေပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။

Gadget Max X One Earphone
14,500 Ks

Gadget Max X One Earphone လေးသည် Base သံ ခပ်မိုက်မိုက်နဲ့ စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်သော နားထောင်ရအဆင်ပြေစေသည့် နားကျပ်လေးပဲဖြစ်ပါသည်။

Gadget Max LS01 Laptop Stand
39,500 Ks

Gadget Max LS01 Laptop Stand လေးသည် Aluminum Alloy ကိုအသုံးပြုဖန်တီးထားပြီးတော့ Non-Slip Silicone Design ကြောင့် Laptopက ကိုပိုပြီး Safe ဖြစ်စေပါတယ်။ သေသပ်ခိုင်မာတဲ့ထောင့်တွေဟာ Laptop ရဲ့အလေးချိန်ကို အေးဆေးခံနိုင်ရည်ရှိတာဆိုတော့ ရေရှည်အကြာကြီး အသုံးပြုနိုင်ပါတယ်။ ပြီးတော့ ထောက်တိုင်အဆင့် (၆) ဆင့်ကို လိုအပ်သလိုချိန်ညှိပြီးအသုံးပြုနိုင်ပါသည်။

GADGET MAX New Ray 20000mAh Power Bank
72,500 Ks

GADGET MAX New Ray (20000mAh) Power Bank လေးသည် Made in thailand ဖြစ်ပြီးတော့ Fast Charge 2.0A ကိုမှ USB Output (၂)ခုနဲ့ ထွက်ရှိလာပြီး Input အနေနဲ့တော့ Micro USB / Type-C တို့နဲ့အားပြန်သွင်းနိုင်ပါသည်။Power Button နဲ့ဖြစ်ပြီး LED မီးသီး (၄)ခု နဲ့ဆိုတော့ Battery Level တိတိကျကျသိရမှာဖြစ်ပါသည်။

GADGET Max 10000mAh New Ray Power Bank
37,000 Ks

GADGET Max 10000mAh New Ray Power Bank လေးသည် ရိုးရိုးရှင်းရှင်းနဲ့ အကြည့်ခံဒီဇိုင်းလေးက သေသပ်လှပါသည်။ဖုန်းနဲ့တွဲပြီး ကိုင်ဆောင်သွားရင်တောင် လေးတယ်လို့ မထင်ရဘူး။ Fast Charge 2.0A ကိုမှ USB Output (၂)ခုနဲ့ ထွက်ရှိလာပြီး Input အနေနဲ့တော့ Micro USB / Type-C တို့နဲ့အားပြန်သွင်းနိုင်ပါသည်။ထိထိမိမိရှိတဲ့ Power Button နဲ့ဖြစ်ပြီး LED မီးသီး (၄)ခု နဲ့ဆိုတော့ Battery Level တိတိကျကျသိရမှာဖြစ်ပါသည်။

Gadget Max GM-S10 SC10610(PD,QC3.0,5USB and 1 TypeC)Power Socket
105,000 Ks

Gadget Max GM S10 Extension ကတော့ ဝန်အားခံနိုင်ရည်ရှိစေတဲ့ ကြိုးလုံးအထူနဲ့ အပူဒဏ် ခံနိုင်ရည်ရှိတဲ့Material တွေကိုသာ သုံးထားတဲ့အပြင် Safety Protection IC တွေ ပါဝင်ပြီးအဆော့လွန်တဲ့ ကလေးငယ်တွေ ပလပ်ပေါက်ထဲ လက်ထည့်လို့မရအောင် Child Safety Door တွေနဲ့ ကာကွယ်ပေးထားပါသေးတယ်။ အရွယ်အစားကလည်း အနေတော်ပဲမို့ နေရာလည်းသိပ်မယူဘူး။ အားဝင်မြန်စနစ်တွေလည်း ပါဝင်ပြီး ပလပ်ပေါက်တွေ အများကြီးပါလို့ ဖုန်းအားသွင်းမလား/ Electronic Devices တွေသွင်းမလား အဆင်ပြေတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။

Gadget Max P122 Pear Stereo Earphone
14,500 Ks

Gadget Max P122 သည် BAseအသံကောင်းကောင်းနဲ့ နားဆင်နိုင်မှာဖြစ်တာကြောင့် အသုံးပြုရအဆင်ပြေစေသော ပစ္စည်းလေးပဲဖြစ်ပါတယ်။ ကြိုးအရှည်မှာ 1200mm ဖြစ်၍ TPE+ABS နဲ့ပြုလုပ်ထားပါသည်။

Gadget Max GM-01 TWS Bluetooth Earbuds
42,500 Ks

Bluetooth version 5.0 နဲ့ ဆိုတော့ ချိတ်ဆက်ရတာလွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ချိတ်လို့ရပါသည်။ဖုန်းပြောဖို့ အတွက် ဆိုရင်လဲ HD Call Microphone ပါတဲ့အတွက် အသံပိုင်းကတော့ကြည်ကြည်လင်လင်နဲ့ကြားရမှာဖြစ်ပြီး ဖုန်းကိုင်ဖုန်းချ function လေးတွေကိုလဲ Touch လေးထိလိုက်ရုံနဲ့ လုပ်ဆောင်နိုင်မှာဖြစ်လို့တော်တော်လေးမိုက်တယ်နော်…Battery အနေနဲ့ 200mAh ပါတဲ့အတွက်ကြောင့် အားအပြည့်သွင်းထားရင် 4နာရီ 5နာရီ နီးပါးလောက်အေးဆေးအသုံးပြုနိုင်မှာဖြစ်ပါသည်။

Gadget Max GB10 10000mAh Power Bank
37,000 Ks

Gadget Max GB10 သည် 10000mAh သိုလှောင်နိုင်သောကြောင့် အချိန်ကြာကြာအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ သယ်ဆောင်ရလွယ်ကူပြီး အပြင်သွားလျှင်လည်းဖုန်းနဲ့မကွာအသုံးပြုနိုင်သောကြောင့်အဆင်ပြေစေသောပစ္စည်းကောင်းလေးတခုဖြစ်ပါသည်။

Gadget Max Ray Hanger 30000mAh Power Bank
95,500 Ks

GadgetMax Ray Hanger သည် 30000mAh ဖြစ်တာကြောင့် တစ်ရက်မက အားလက်ကျန်ကိုလှည့်ကြည့်စရာမလိုပဲ အေးဆေးအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ ဒါ့အပြင်လက်ကိုကွင်းလေးလည်းတပ်ဆင်ထားတာကြောင့်လက်နဲ့ပဲဆွဲသွား သွား၊ချိတ်ပဲသွားသွားအသုံးပြုနိုင်ပါသည်။ထိုင်းနိုင်ငံထုတ် ဖြစ်ပြီး ဒီဇိုင်းအနေနဲ့ ကိုင်လို့ကောင်းစေတဲ့ Texture Design ကို သုံးပေးထားပြီး ကျစ်လစ်တဲ့အသားနဲ့မို့ အကြမ်းခံနိုင်ပါတယ်။ဖုန်းအားသွင်းဖို့အတွက် Fast Charge 2.4A ရနိုင်တဲ့ Output USB (၂) ပေါက်ကနေ ဖုန်း(၂)လုံးပြိုင်တူအားသွင်းနိုင်မှာပါ။သူ့ကို အားပြန်သွင်းဖို့အတွက် Input အနေနဲ့ MICRO နဲ့ TYPE-C တို့ကို ထည့်သွင်းပေးထားပါတယ်။အားလက်ကျန်ကိုတော့ LED Indicator ကနေပြသပေးမှာပါ။

GadgetMax GZ02 Enjoy 2.4A Dual USB Fast Charger
12,000 Ks

GadgetMax GZ02 လေးသည် 2.4A အားအထွက်နဲ့ကိုမှ USB(၂)ပေါက် ဖုန်း(၂)လုံးပြိုင်တူ အားသွင်းနိုင်ပါသည်။ ဖုန်းအားသွင်းချိန်မှာ အားသွင်းခေါင်းပူလာတာမျိုးမရှိပဲ Over-Charging Protection & Multiple Circuit  Protection တို့ဖြင့် ကာကွယ်ထောက်ပံ့ပေးနိုင်ပြီး ခပ်သေးသေးဒီဇိုင်းလေးနဲ့ဆိုတော့ Charger ဘေးမှာ ဖုန်းတင်ထားဖို့ နေရာပါကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်သောကြောင့် အသုံးပြုရန်အဆင်ပြေစေသောပစ္စည်းကောင်းလေးတခုဖြစ်ပါသည်။

Gadget Max GZ01 Enjoy 18W QC 3.0 Dual Port Quick Car Charger
23,500 Ks

Gadget Max GZ01 လေးကတော့  USB နှစ်ပေါက်ပါဝင်ပြီး Output: USB-A 1/2: 18W နဲ့ total output: 5V/3A ပါဝင်ပါသည်။

Gadget Max GC02 iPhone 2.4A
15,000 Ks

မြန်ဆန်သွက်လက်တဲ့ အားအထွက်နဲ့ 2.4A USB အားသွင်းခေါင်း GC02 2.4A Single USB Port Charger ကျစ်လစ်သေသပ်တဲ့ဒီဇိုင်းလေးနဲ့ 2 Pin ခေါင်လေးနဲ့ဆိုတော့ ပလပ်ခုံမရွေးတော့ဘူးနော်... Android ဖုန်းနဲ့ဖြစ်ဖြစ် iPhone နဲ့ဖြစ်ဖြစ် အားသွင်းချင်တယ်ဆိုရင်လည်း အသုံးပြုလို့ရမှာဖြစ်ပါသည်။

Gadget Max GC02 Micro 2.4A
14,000 Ks

မြန်ဆန်သွက်လက်တဲ့ အားအထွက်နဲ့ 2.4A USB အားသွင်းခေါင်း GC02 2.4A Single USB Port Charger ကျစ်လစ်သေသပ်တဲ့ဒီဇိုင်းလေးနဲ့ 2 Pin ခေါင်လေးနဲ့ဆိုတော့ ပလပ်ခုံမရွေးတော့ဘူးနော်... Android ဖုန်းနဲ့ဖြစ်ဖြစ် iPhone နဲ့ဖြစ်ဖြစ် အားသွင်းချင်တယ်ဆိုရင်လည်း အသုံးပြုလို့ရမှာဖြစ်ပါသည်။

Gadget Max GC02 Type-C 2.4A
15,000 Ks

မြန်ဆန်သွက်လက်တဲ့ အားအထွက်နဲ့ 2.4A USB အားသွင်းခေါင်း GC02 2.4A Single USB Port Charger ကျစ်လစ်သေသပ်တဲ့ဒီဇိုင်းလေးနဲ့ 2 Pin ခေါင်လေးနဲ့ဆိုတော့ ပလပ်ခုံမရွေးတော့ဘူးနော်... Android၊Type C နဲ့ဖြစ်ဖြစ်  iPhone နဲ့ဖြစ်ဖြစ် အားသွင်းချင်တယ်ဆိုရင်လည်း အသုံးပြုလို့ရမှာဖြစ်ပါသည်။

Gadget Max GB-PD01 20000mAh Ray 65W PD Power Bank
179,500 Ks

GB-PD01 20000mAh Power Bank လေးကတော့ MacBook / Laptop တို့ကို (65W) အားအထွက်နဲ့ အားဖြည့်ပေးနိုင်မယ့် Made in Thailand နှစ်သောင်းအားပါဝါဘဏ်ဖြစ်ပါသည်။Laptop တို့ကိုပေါ့ပေါ့ပါးပါး ပါဝါဘဏ်နဲ့ အားပြန်သွင်းနိုင်မှာဖြစ်ပြီး Output (၃)ခုပါဝင်ပါသည်။ Laptop အားသွင်းရန် (65W) အားအထွက် (၁)ခု Mobile & Tablet တို့အတွက် (18W) အားအထွက် (၂)ခုနှင့် Input အနေဖြင့် Type-C နဲ့အားပြန်သွင်းနိုင်ပါသည်။ Type-C Charging Support လုပ်သော Device များနှင့်တွဲဖက်အသုံးပြုလို့ရမှာဖြစ်ပါသည်။

Gadget Max GMCC-01 FM Transmitter Wireless Car Charger
52,500 Ks

Gadget Max GMCC-01 သည်အားဝင်မြန်စေနိုင်ပြီး  FM လိုင်းများကိုလည်း လွယ်ကူစွာဖမ်းယူနားဆင်နိုင်မည်ဖြစ်ပါသည်။ bluetooth 5.0 ဖြစ်သောကြောင့် လွယ်ကူစွာချိတ်ဆက်နိုင်ပြီး ဖုန်း ခေါ်ဆိုမူများကိုလည်း အသုံးပြုနိုင်ပါသည်။

Gadget Max GM12 True Wireless Bluetooth Headset
72,500 Ks

Gadget Max GM12 သည်  ကြည်လင်ပြတ်သားသောအသံကိုရရှိိနုင်ပြီး 300mAh battery ဖြစ်သောကြောင့် အချိန်ကြာမြင့်စွာအသုံးခံနိုင်မည့်ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GM04 TWS Sports Wireless Speaker
59,500 Ks

Gadget Max GM04  သည် အကြမ်းခံနိုင်သောပစ္စည်းလေးဖြစ်ပြီး ကြည်လင်ပြတ်သားသောအသံပါဝါကိုရရှိနိုင်ပါသည်။BT playback, call, FM, TF, USB, AUX, TWS  နှင့်လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Gadget Max GM03 Mini Soundbar Bluetooth Speaker
52,500 Ks

Gadget Max GM03 Mini  သည် အသံထွက်ကြမ်းတဲ့ GM03 လေးဟာဆိုရင် Wireless Version 5.0 သုံးထားတာကြောင့် ချိတ်ဆက်မှုအားကောင်းပြီး Latency ဖြစ်မှုတွေလည်း လျော့နည်းစေပါသည်။ Transmission Frequency 2.4GHz နဲ့အတူ (10m) အကွာအဝေးထိ ကြည်လင်ပြတ်သားတဲ့ အသံနဲ့ နားဆင်နိုင်မှာပဲဖြစ်ပါသည်။ Charging Time (1.3Hrs) အားသွင်းရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ A2DP,AVRCP,HFP တို့ကိုပါ Support လုပ်မယ့် Mini Sound Bar Bluetooth Speaker လေးဖြစ်ပါသည်။ ရုပ်ရှင်ရုံထဲရောက်သွားသလိုခံစားချက်မျိုးပေးနိုင်တဲ့ Sound Quality နဲ့ အတူ RGB မီးလေးပါထည့်ပေးထားပါသည်။ နေရာယူသက်သာ အသံQuality လည်း ကောင်းမွန်တဲ့ Home Speaker လေးဖြစ်တာကြောင့်အသုံးပြုရအဆင်ပြေစေမည့် Speaker လေးဖြစ်ပါသည်။

Gadget Max GM02 Outdoor Wireless Speaker 30W (8")
715,000 Ks

Gadget Max GM02 သည် ဆူညံသံများကိုလျော့ချပေးပြီးတိကျပြတ်သားပြီး ကြည်လင်ပြတ်သားသောအသံကိုရရှိနိုင်ပါသည်။လက်ကိုင်ရန်းပါဝင်သောကြောင့် သယ်ဆောင်ရလွယ်ကူစေပြီး Bluetooth,FM,USB,TF တို့နှင့်လည်းလွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်ပါသည်။ karaoke ဆိုချင်သူများ၊အလှုူပွဲများအတွက်လည်းပိုမိုသင့်တော်သောပစ္စည်းလေးဖြစ်ပါသည်။

Gadget Max PD02 20000mAh Power Bank
139,500 Ks

Gadget Max သည်အရွယ်အစားသေးငယ်ပြီး သယ်ဆောင်ရလည်းအဆင်ပြေစေနိုင်ပါသည်။ 65W Output ၂ ပေါက်ပါဝင်ပြီး macbookများနှင့်လည်းချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Gadget Max GM15 Starsoung 3.5MM Headphone
34,500 Ks

Gadget Max GM15  headphone သည် အသံကိုလုံစေပြီးကြည်လင်ပြတ်သားသောအသံကိုရရှိနိုင် ပါသည်။ ကြိုးအရှည် ၁.၂ မီတာအရှည်ရှိသောကြောင့် လိုသလိုချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Gadget Max GMSC02 2500W 10A 4Ports 3USB 2M (US) Extension
32,500 Ks

Gadget Max GMSC02သည် သယ်ဆောင်ရလွယ်ကူစေပြီး 2M အရှည်ရှိသောကြောင့်လိုသလိုချိတ်ဆက်အသုံးပြုနိုင်ပါသည်။

Gadget Max GX07 Type-C 5A Nano Silicone Charging Data Cable
14,000 Ks

Gadget Max GX07 သည် အားဝင်မြန်စေနိုင်ပြီး ဒေတာများကိုလည်း သွက်လက်စွာကူးယူနိုင်ပါသည်။

Gadget Max GX05 Type-C 3A Auto Disconnect Data Cable
16,500 Ks

Gadget Max GX05 သည် အားဝင်မြန်စေနိုင်ပြီး ကျစ်လစ်သော ကြိုးဖြစ်သောကြောင့် အချိန်ကြာမြင့်စွာအသုံးခံနိုင်သောပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GM06 Clear Sound Wired 3.5mm Earphone
14,000 Ks

ဆူညံမူကိုလျော့ချပေးနိုင်ပြီး ကြည်လင်ပြတ်သားအသံကိုရရှိနိုင်ပါသည်။ ဖုန်းပြောသည့်အခါတွင်လည်း တစ်ဖက်မှအသံကိုလည်းကြည်လင်ပြတ်သားစွားကြားနိုင်ပါသည်။

Gadget Max GH03 iPhone
24,000 Ks

Gadget Max GH03 iPhone conductor လေးသည် အရည်သွေးကောင်းမွန်ပြီး အသုံးပြုရအဆင်ပြေလွယ်ကူစေ‌သောပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GM09 Wired Contorl Earphone
11,000 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ GM09 လေးကတော့ ကြည်လင်ပြတ်သားသောအသံများကိုပေးစွမ်းနိုင်သောကြောင့် အသုံးပြုရန်အဆင်ပြေစေမည့်နားကြပ်လေးဖြစ်ပါသည်။ Aluminum Alloy နဲ့ပြုလုပ်ထားပြီး ကြိုးအရှည် 1.2မီတာရှည်လျားပါသည်။

Gadget Max GM10 Wired Contorl Earphone
11,000 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ GM10 လေးကတော့ သီချင်းနားထောင်ရာတွင်ကြည်လင်ပြတ်သားသော အသံများကိုပေးစွမ်းနိုင်ပါသည်။Aluminum Alloy+ABS+TPE နှင့်ပြုလုပ်ပေးထားပြီး ကြိုးအရှည် 1.2m ရှည်လျား ပါသည်။

Gadget Max GM20 3.5MM Wired Control Universal Earphone
11,000 Ks

Gadget Max GM20 လေးသည် သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ဂိမ်းကစားရာတာပဲဖြစ်ဖြစ် ကြည်လင်ပြတ်သားသောအသံများကိုပေးသောကြောင့်အသုံးပြုရန်အဆင်ပြေစေသောနားကြပ်လေးဖြစ်ပါသည်။

Gadget Max GH02 Type-C to USB 3.0 HDMI Adapter
49,500 Ks

Gadget Max ကထုတ်ထားတဲ့ GH02 မှာတော့ Type-C to USB 3.0  HDMI အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Material: aluminum alloy + ABS နဲ့ ဖြစ်ပြီး အကြမ်းခံစေမှာဖြစ်ပါတယ်။

Gadget Max GX15 Type-C to Lighting Charging Data Cable (1.2M)
15,500 Ks

Gadget Max GX15 Cable  လေးသည် PD 20W ဖြင့် iphone 11နှင့်အထက် modelများနှင့်တွဲဆက်အသုံးပြုနိုင်ပါသည်။

Gadget Max GX20 USB To 5A Type C Power Display Cable
25,000 Ks

Gadget Max GX20 မှာတော့ USB to Type-C ဖြစ်ပြီး 5A ဖြစ်တာကြောင့်အားဝင်မြန်ဆန်စေမှာပဲဖြစ်ပါသည်။ ကြိုးအရှည် ၁.၂မီတာရှည်လျားပြီး အသုံးပြုရအဆင်ပြေစေသောပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GX24 66W USB To Type-C 6A Max Cozy Cilcone Cable
21,500 Ks

Gadget Max GX24 လေးသည် 66W အားအထွက်နဲ့ အရောင်လေးတွေကလဲနုဖတ်နေတဲ့ချစ်စရာ အရောင်းဆန်းဆန်းဒီဇိုင်းလေးတွေနဲ့ဖန်တီးထားပါသည်။ ကြိုးအရှည် ၁မီတာရှည်လျားပြီး USB ကနေ Type-C အတွက်ရှယ်မြန်တဲ့ကြိုးလေးဖြစ်ပါသည်။

Gadget Max GX 3IN1 3.5A Xtreme 3 IN 1 Nylon Braided Cable
18,000 Ks

Gadget Max GX လေးကတော့ 3 in 1 ဖြစ်တာကြောင့် iPhone/Type-C/Micro Charger ဖုန်းများအတွက်အသုံးပြုနိုင်ပါသည်။ တောင့်တင်းခိုင်မာတဲ့ကျစ်ကြိုးဖြင့်ပြုလုပ်ထားပြီး ကြိုးအရှည် 1.4meter ရှည်လျားပါသည်။

Gadget Max GX15 Fast Charging Cable
11,500 Ks

Gadget Max GX15 Fast Charging Cable လေးကတော့ Type-C To Type-C ဖြစ်ပြီး Fast Charging နဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ nylon weave နဲ့ပြုလုပ်ထားသောကြောင့်ခိုင်ခံ့အကြမ်းခံပြီး ကြိုးအရှည် ၁.၂မီတာရှည်လျားပါသည်။

Gadget Max GC02 2.4A Single USB Port Speedy Charger
12,000 Ks

Gadget Max GC02 လေးသည် Output: 2.4A နဲ့အားအဝင်မြန်စေပြီး အရည်အသွေးကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။

Gadget GM11 True Wireless Bluetooth Headset
61,500 Ks

Gadget GM11 သည်ကြည်လင်ပြတ်သားသောအသံကိုရရှိနိုင်မည်ဖြစ်ပြီး 300mAh battery ဖြစ်သောကြောင့် အချိန်ကြာမြင့်စွာအသုံးပြုလို့ရမည့် နားကြပ်လေးဖြစ်ပါသည်။

Gadget Max GM20 Pro EW51 True Wireless and Noice Education Headset
82,500 Ks

Gadget Max GM20 Pro EW51 လေးသည်း  ထိမိသော touch sensor များစွာပေါင်းစပ်ပြုလုပ်ထားပါသည်။ ဒါပြင် နားကြပ်ကိုအပြင်ထုတ်လိုက်ရုံဖြင့် အလိုလျှောက် ပါဝါပွင့်နေစေမည်ဖြစ်ပြီး အထဲပြန်သွင်းရင်လည်း အလိုအလျှောက် ပါဝါပိတ်နေမှာဖြစ်ပါတယ်။

Gadget Max GM23 Tiny Cube TWS Earbuds
45,500 Ks

Gadget Max GM23 Tiny Cube TWS Earbuds လေးသည် ကြည်လင်ပြတ်သားသောအသံကို ရရှိနိုင်မည်ဖြစ်ပြီး  အရွယ်အစားသေငယ်သောကြောင့်တပ်ဆင်အသုံးပြုရာတွင် လွတ်လပ် ပေါ့ပါးစေနိုင်ပါသည်။ ဒါ့အပြင် battery life များစွာပါဝင်သောကြောင့် အချိန်ကြာမြင့်စွာအသုံးခံနိုင်ပါသည်။

Gadget Max GM24 Wireless Active Noise Cancellation TWS Earbuds
93,500 Ks

Gadget Max GM24 Earbuds လေးကတော့ ဆူညံသံများကို လျော့ကျစေပြီး ကြည်လင်ပြတ်သားသောအသံကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။

Gadget Max GX07 iPhone 2.4A Nano Silicone Charging Data Cable
11,000 Ks

Gadget Max GX07 ကတော့ iPhone တွေအတွက် အားဝင်မြန်တဲ့ Cable လေးဖြစ်ပါတယ်။ အားသွင်းဖို့ အချိန်အကြာကြီးပေးစရာမလိုပဲ ခပ်သွက်သွက်လေးအားဖြည့်သွင်းဖို့အတွက် 2.4A အားအထွက်က စွမ်းဆောင်ပေးနိုင်တယ်။

Gadget Max GX14 DU18 S-Shape Fast USB to iPhone Data Cable
9,000 Ks

Gadget Max GX14 DU18 မှာတော့ TPE အသားနဲ့မို့ အကြမ်းခံပြီး 2.4A Current ဖြစ်တာကြောင့် အသုံးပြုရ အဆင်ပြေစေမှာဖြစ်ပါတယ်။

Gadget Max GX21 USB To Lightning Power Display Cable (1M)
25,000 Ks

Gadget Max GX21 ကတော့ ခိုင်ခံ့ကျစ်လစ်တဲ့ကြိုးသားစတိုင်နဲ့ရှင်းလင်းတိကျတဲ့ အားဝင်နှုန်း သိရမယ့် Digital Display ပါဝင်တဲ့ ကြိုးလေးဖြစ်ပါတယ်။

 

Gadget Max GC05 Super Revo 65W Charger
85,000 Ks

GC05 Super Revo Charger  လေးကတော့ 65W အပြည့်အဝထုတ်ပေးမယ့် Type-C (2) ပေါက်နဲ့ 60W ထွက်တဲ့ USB (2) ပေါက်ပါလို့ Laptop နဲ့ MacBook တွေကိုအားသွင်းနိုင်ရုံသာမက Device (4) ခုကိုအမြန်ဆုံးနှုန်းနဲ့ တစ်ပြိုင်တည်းအားသွင်းနိုင်တယ် ။ပုံမှန် Charger တွေလို 2 Pin ခေါင်းနဲ့မဟုတ်ဘဲ (1.5) မီတာအရှည်ရှိတဲ့ AC ကြိုးနဲ့အသုံးပြုရမှာပဲဖြစ်ပါတယ် ။Aluminium + Copper Sheet Cooling System ကိုအသုံးပြုထားလို့အပူဒဏ်ခံနိုင်ပြီးစိတ်ချလက်ချအသုံးပြုနိုင်တယ် အားအဝင် ၊ အထွက် Watt , Voltage တွေကို အတိအကျသိနိုင်ဖို့ LED Display ထည့်ပေးထားတယ် Device မျိုးစုံကို တစ်ပြိုင်တည်းအားသွင်းနိုင်လို့အဆင်မပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GX05 Micro 2.4A Auto Disconnect Data Cable
16,500 Ks

Gadget Max GX05 Micro အားသွင်းကြိုးလေးကတော့ Android ဖုန်းများအတွက် အားပြည့်တာနဲ့ Auto ဖြတ်တောက်ပေးမှာဖြစ်ပါသည်။ အားပြည့်တာကိုလည်း ဖုန်းပွင့်စရာမလိုပဲ အားသွင်းခေါင်းကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။အားသွင်းခေါင်းမှာ LED Indicator ပါဝင်လို့ အားသွင်းချိန် မီးလင်းမယ် ၊ အားပြည့်ရင် မီးပိတ်သွားမယ် ခိုင်ခံ့ကျစ်လစ်တဲ့ ကြိုးအရှည် (၁.၂မီတာ) ဖြစ်ပြီး 2.4A Output အားအထွက်နဲ့ Data ကူးမယ်ဆိုလည်း အိုခေတယ်

Gadget Max GX22 100W Type C To Type C 5A Power Cable
29,500 Ks

Gadget Max GX22 လေးကတော့ 100W အားအထွက်ဆို‌တော့ ဖုန်းတွေကိုအမြန်ဆုံး အားသွင်းနိုင်တဲ့အပြင် Laptop ပါအားသွင်းနိုင်မှာဖြစ်ပါတယ်။ GX22 Type-C To Type-C Power Display Cable သာမန်ထက်အကြမ်းခံတဲ့ကျစ်ကြိုးသားကို အသုံးပြုထားပြီး LED Display ပါတဲ့ ခေါင်းလေးနဲ့ အားအဝင်အထွက်ကို အတိအကျသိနိုင်မှာဖြစ်ပါတယ်။

Gadget Max GX25 60W 3A Max Cozy Silcone Type C To Type C
21,500 Ks

Gadget Max GX25 လေးကတော့ 60W နဲ့အထက် အားသွင်းကြိုးတွေဖြစ်လို့ ဖုန်းတွေကို အမြန်ဆုံးနှုန်းနဲ့အားသွင်းနိုင်ရုံသာမက MacBook နဲ့ Laptop တွေကိုပါအားသွင်းနိုင်တယ်။Quality ကောင်းတဲ့ Material တွေကို အသုံးပြုထားတာကြောင့် အကြမ်းခံပြီးကြာရှည်လည်းအသုံးခံမှာဖြစ်ပါတယ် ။

Gadget Max GB23 15000mAh AIO Pro All-In-One Power Bank
149,500 Ks

Gadget Max ကထုတ်ထားတဲ့ GB23 လေးကတော့ 15000mAh Battery ပါဝင်ပြီး Power Bank လိုရော Charger ရော ပုံစံနှစ်မျိုးအသုံးပြုလို့ရပါသည်။ PD ရော QC ပါ Support လုပ်တာကြောင့် ဖုန်းတိုင်းကိုအမြန်ဆုံးနှုန်းနဲ့ အားသွင်းနိုင်ပါသည်။ Type-C နဲ့ iPhone ကြိုးနှစ်ချောင်း Built-in ပါဝင်ပြီး 22.5W USB တစ်ပေါက် PD 20W Type-C တစ်ပေါက်ပါဝင်လို့ ဖုန်း(၃)လုံးကို တစ်ပြိုင်တည်းအားသွင်းနိုင်ပါသည်။ Power Bank ကို Type-C ပေါက်ကနေ အမြန်ဆုံးနှုန်းနဲ့ အားပြန်သွင်းနိုင်တဲ့အပြင် ကြိုးမလိုပဲအားသွင်းနိုင်ဖို့ ခေါက်သိမ်းလို့ရတဲ့ 2 Pin ခေါင်းလည်း ထည့်ပေးထားတယ်အားလက်ကျန်ကို LED Display နဲ့ ကြည့်နိုင်ပြီး အားသွင်းရင်းဖုန်းသုံးတာ ၊ ရုပ်ရှင်ကြည့်တာတွေ အတွက် ဖုန်း Holder လေးတစ်ခုလည်း ထည့်ပေးထားတာကြောင့် အသုံးပြုရအဆင်ပြေစေမည့် PowerBank လေးဖြစ်ပါသည်။

Gadget Max 10000mAh 22.5W Ray PD Power Bank
62,500 Ks

Gadget Max ကထုတ်လုပ်ထားပြီး Battery Capacity 10000mAh ပါဝင်ပါသည်။ ကျစ်လစ်ပြီးအကြမ်းခံတဲ့ကိုယ်ထည်နဲ့ပြုလုပ်ထားပြီး Qualityကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။ ရှင်းလင်းတိကျတဲ့ LED Digital Display နဲ့ စိတ်ကြိုက် တစ်ပြိုင်နက်အားသွင်းဖို့ Dual USB Output နဲ့အားအဝင်/အထွက်ရတဲ့ Type-C ပေါက်ပါဝင်ပြီး အားပြန်သွင်းဖို့ Micro Input ပါဝင်ပါသည်။ အားအမြန်ဝင်ဖို့ Fast Charge လည်းရပြီး 22.5W ဆိုတော့ မြန်မြန်ဆန်ဆန်အားသွင်းနိုင်မှာပဲဖြစ်ပါသည်။

Gadget Max GIGII-235 Tiger Series Earphone With Box
11,500 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ GIGII-235 လေးကတော့ နုဖက်နေတဲ့ကာလာလေးတွေနဲ့ ချစ်စရာနားကြပ်ဗူးလေးနဲ့ပြုလုပ်ထားပါသည်။ နားကြပ်ခေါင်းလေးက နူးညံ့တဲ့ဆီလီကွန်ဖော့စွပ်လေးသုံးပေးထားတာကြောင့် နားနာမှာလဲစိတ်ပူစရာမလိုတော့တဲ့အပြင် ကြိုးအပြားလေးမို့ကြိုးရှုပ်မှာတွေလဲစိတ်ပူစရာမလိုတော့ဘူးနော်။Call/Reject/Pause/Play/Next/Previous အစရှိတဲ့ Function အစုံကိုလည်း MFB Botton ကတစ်ဆင့် ထိန်းချုပ်နိုင်တာကြောင့်အသုံးပြုရအဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GIGII-345 Little Frog Series Earphone With Box
11,500 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ GIGII-345 လေးကတော့ သံစဉ်လှလှလေးတွေကို နားကြပ်လှလှလေးနဲ့နားထောင်ချင်တဲ့သူတွေအတွက် ကဗျာဆန်ဆန် Design ပုံစံလေးပြုလုပ်ထားပါသည်။ သက်သောင့်သက်သာရှိတဲ့ Half In-Ear နားကြပ်ခေါင်းလေးတွေနဲ့ အစုံထိန်းချုပ်ဖို့ Control Button လေးလဲပါပါသည်။ 3.5mm Audio Jack လေးကိုသုံးထားလို့ ဖုန်းတိုင်းနဲ့အဆင်ပြေစေမည့် နားကြပ်လေးဖြစ်ပါသည်။

Gadget Max GIGII-232 Judy & Bear Series Earphone With Box
9,000 Ks

Gadget Max GIGII-232 လေးကတော့ အလွယ်တကူအပြင်ယူသွားနိုင်ဖို့အတွက် ချစ်စရာဗူးလေးနဲ့ ကြိုးပြားနားကြပ်လေးပဲဖြစ်ပါသည်။ မိတ်ကပ်ဗူးသဏ္ဌာန် Box လေးနဲ့ အိတ်ထဲအလွယ်တကူထည့်သွားနိုင်တဲ့အပြင် အကြမ်းခံပြီး သာမန်ထက်ကြိုးရှုပ် သက်သာစေဖို့ ကြိုးပြားလေးကို အသုံးပြုထားပါသည်။ နူးညံ့တဲ့ဆီလီကွန်အစွပ်လေးတွေ နဲ့ သံစဉ်တွေကို သက်သောင့်သက်သာနဲ့နားဆင်နိုင်မှာပဲဖြစ်ပါသည်။ နားကြပ်တပ်ပြီး ဖုန်း ပြောတတ်သူတွေအတွက်ကြည်တောက်ရှင်းနေမယ့် Mic လေးထည့်ပေးထားပြီးဖုန်းခေါ် ၊ ဖုန်းချ ၊သီချင်းကျော်တာ ၊ ရပ်တာတွေကို MFB Button လေးနဲ့ ထိန်းချုပ်နိုင်ပါသည်။

Gadget Max GIGII-007 Lucky Series Earphone With Box
11,000 Ks

Gadget Max GIGII-007 လေးကတော့ နားမနာစေတဲ့ Half In-Ear Design နဲ့ပြုလုပ်ပေးထားလို့ အချိန်အကြာကြီး အသုံးပြုမယ်ဆိုရင်တောင် အဆင်ပြေစေမည့်နားကြပ်လေးဖြစ်ပါသည်။ ရိုးရှင်းတဲ့ One Key Button ကိုအသုံးပြုပေးပြီး နားကြပ်ထည့်ဖို့ ဗူးလေးပါတော့ ကြိုးတွေကို သပ်သပ်ရပ်ရပ်လေး သိမ်းထားနိုင်ပါသည်။

Gadget Max MX-CD01 Standby 3 in 1 Wireless Charger
113,500 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ MX-CD01 လေးကတော့ ကောင်းမွန်တဲ့ mart chip Over current ကြောင့် ပျက်စီးမှုတွေကိုလည်း ကာကွယ်ပေးထားနိုင်ပါသည်။ Soft night light ကြောင့် အမှောင်ထဲ စမ်းတဝါးဝါး မဖြစ်ရတော့ပဲ Smart ကျကျအသုံးပြုနိုင်ပါသည်။

Gadget Max Magsafe Pro 3 in 1 Magsafge Charger Stand
113,500 Ks

 Gadget Max ကထုတ်လုပ်ထားတဲ့  Magsafe Pro 3 in 1 လေးကတော့ ဖုန်းနဲ့တခြား Airpods တို့ Smart Watch တို့ကိုတစ်ပြိုင်တည်း အားသွင်းချင်တဲ့ Apple User တွေအတွက်အဆင်ပြေစေမည့် ပစ္စည်းလေးဖြစ်ပါသည်။ ကပ်အားကောင်းတဲ့ Magnet ကိုအသုံးပြုထားပြီး iPhone အတွက် 15W Max/ Smart Watch အတွက် 2.5W Max နဲ့ Airpods အတွက် 3.5W Max နဲ့အားဖြည့်ပေးနိုင်ပါသည်။ Wireless Device (3) ခုကိုတစ်ပြိုင်တည်းအားသွင်းနိုင်တဲ့အပြင် Phone Stand လေးအဖြစ်လည်းအသုံးပြုလို့ရပါသည်။ Type-C ကြိုးလေးနဲ့ တွဲဖက်အသုံးပြုရမှာဖြစ်ပြီး (၁)မီတာရှိတဲ့ Type-C Cable လေးပါထည့်ပေးထားတာကြောင့် အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GMSC03 2500W 3USB And 3 AV outlets Multi-Socket Extension
55,000 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ GMSC03 လေးကတော့ ပလက်(၃) ပေါက်နဲ့ USB (၃) ပေါက်ပါပြီး ပလက်ပေါက်မလောက်မငှဖြစ်တဲ့ ပြသနာကိုဖြေရှင်းဖို့အတွက် အသုံးပြုရန်အဆင်ပြေစေသည့်ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GC03 PD 33W Super PD Charger Set (Type-C to Type-C)
37,500 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ GC03 Super PD Charger Set လေးကတော့ ကြိုးရော ခေါင်းပါ 33W output ထွက်လို့ဖုန်းတွေကို အမြန်ဆုံးနှုန်းအားနဲ့ဖြည့်သွင်းနိုင်ပါသည်။ Portable ဖြစ်တဲ့ charger ခေါင်းလေးဖြစ်တာကြောင့်သယ်ဆောင်ရလွယ်ကူပြီး Type-C to Type-C ကြိုးလေးနဲ့ ဘယ်သွားသွားယူသွားလို့အဆင်ပြေစေပါသည်။ Quality ကောင်းတဲ့ Material တွေကိုအသုံးပြုထားတာကြောင့် အပူဒဏ်ခံနိုင်ပြီး စိတ်ချလက်ချအသုံးပြုလို့ရမည့်ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GX23 Type-C to Lightning Cozy Silcone Cable
25,500 Ks

Gadget Max GX23 ကတော့ Type-C to Lightning အသုံးပြုနိုင်ပြီး အရည်သွေးကောင်းတဲ့ကြိုးလေးဖြစ်ပါတယ်။

Gadget Max GX06 iPhone 2.4A Fast Charging Data Cable
8,000 Ks

Gadget Max GX06 ကတော့ 2.4A နဲ့ Iphone တွေအတွက် အသုံးပြုရ အဆင်ပြေစေမှာဖြစ်ပါတယ်။

Gadget Max GX08 Micro 2.4A Charging Data Cable
8,000 Ks

Gadget Max GX08 မှာတော့ Output 2.4A  နဲ့ဖြစ်ပြီး LED indicator Design မိုက်မိုက်လေးနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Gadget Max GMOD20 20W Outdoor Box Speaker
139,500 Ks

Gadget Max GMOD20 ကတော့ Indoor ရော Outdoor ရော (၂) မျိုးလုံးအတွက်အဆင်ပြေတဲ့ Portable Bluetooth Speaker လေးဖြစ်ပါတယ်။

Gadget Max GMOD60 60W Outdoor Box Speaker
355,000 Ks

Gadget Max GMOD60 မှာတော့ ပေါ့ပေါ့ပါးပါးနဲ့သယ်ဆောင်ရလွယ်ကူပြီးအမြင့်စား Bass အသံထွက်တွေနဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။ Bluetooth Version 5.2 နဲ့ဖြစ်ပြီး Output 60W နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။

Gadget Max 20000mAh 22.5W Ray PD Power Bank
91,500 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ 22.5W Ray PD Power Bank လေးကတော့ Battery Capacity 20000mAh ပါဝင်ပြီး အရည်အသွေးကောင်းမွန်သောကြောင့်အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max 30000mAh 22.5W Ray PD Power Bank
135,000 Ks

Gadget Max ကထုတ်လုပ်ထားတဲ့ 22.5W Ray PD Power Bank လေးကတော့ Battery Capacity 30000mAh ပါဝင်ပြီး အရည်အသွေးကောင်းမွန်သောကြောင့်အသုံးပြုရအဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။

Gadget max GB-20 Pro 20000mAh Power Bank
91,500 Ks

Gadget max ကထုတ်ထားတဲ့ GB-20 Pro လေးကတော့ Battery သိုလှောင်နိုင်အား 20000mAh ပါဝင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ Design လည်းမိုက်တဲ့အပြင် Type-C ကြိုးနဲ့ Lightning ကြိုးပါတွဲလျက်ပါပါသည်။ Fashing Charging ရပြီး သွားလေရာကို အလွယ်တကူသယ်ဆောင်နိုင်တဲ့ Power Bank လေးဖြစ်ပါသည်။

Gadget max GB-30 Pro 30000mAh Power Bank
129,500 Ks

Gadget max ကထုတ်ထားတဲ့ GB-30 Pro လေးကတော့ Battery သိုလှောင်နိုင်အား 30000mAh ပါဝင်ပြီး Novel brand battery ကိုအသုံးပြုထားလို့ stable ပိုဖြစ်ပါသည်။ အားသွင်းကြိုးသက်သက်ယူစရာမလိုအောင် lighting ကြိုးတစ်ချောင်းနဲ့ Type-C ကြိုးတစ်ချောင်းပါဝင်ပြီး Battery လက်ကျန်ကို LED Display ကနေကြည့်နိုင်တဲ့အပြင် အရေးပေါ်သုံး emergency light လေးပါထည့်သွင်းပေးထားပါသည်။

Gadget max GB-50 Pro 50000mAh Power Bank
185,000 Ks

Gadget max ကထုတ်ထားတဲ့ GB-50 Pro လေးကတော့ Battery သိုလှောင်နိုင်အား 50000mAh ပါဝင်ပြီး Novel brand battery ကိုအသုံးပြုထားလို့ stable ပိုဖြစ်ပါသည်။ အားသွင်းကြိုးသက်သက်ယူစရာမလိုအောင် lighting ကြိုးတစ်ချောင်းနဲ့ Type-C ကြိုးတစ်ချောင်းပါဝင်ပြီး Battery လက်ကျန်ကို LED Display ကနေကြည့်နိုင်တဲ့အပြင် အရေးပေါ်သုံး emergency light လေးပါထည့်သွင်းပေးထားပါသည်။

Gadget Max GM33 Lovely Kitty Series TWS Earbuds
82,500 Ks

Gadget Max ကထုတ်ထားတဲ့ GM33 လေးကတော့ Design ပုံစံချစ်စရာလေးနဲ့ Emotion အလိုက်စိတ်ကြိုက်ပြောင်းလို့ရတဲ့ မျက်နှာ(၃)မျိုးထုတ်လုပ်ထားပါသည်။ Type-C Charging ဖြစ်လို့ အချိန်ခဏလေးနဲ့အားပြန်သွင်းနိုင်ပြီး ဘယ်သွားသွားအလွယ်တကူသယ်သွားနိုင်ဖို့ လွယ်ကြိုးလေးပါဝင်တာကြောင့် အဆင်ပြေစေမည့် Earbuds လေးဖြစ်ပါသည်။

Gadget Max GMSC04 2500W PD+QC Fast Charging 5AC Power Socket Extension
70,000 Ks

Gadget Max ကထုတ်ထားတဲ့ GMSC04 လေးမှာတော့ Output Port အနေနဲ့ (5AC Sockets),(3 USB),(1 Type-C) တို့ပါဝင်ပါသည်။ Fast Charging PD20W အားထွက်နိုင်မယ့် Type-C ၊ 18W Quick Charge ရရှိနိုင်မယ့် USB (1) ပေါက်နဲ့ 12W အားအများဆုံးထွက်ပေးနိုင်မယ့် USB (2) ပေါက်တို့နဲ့ မြန်မြန်ဆန်ဆန်အားသွင်းနိုင်ပါသည်။ Total Ouput (2500W) ထွက်ရှိပြီးတော့ 10A အများဆုံးအားအထွက်နဲ့ AC Sockets (5) ပေါက်တို့ပါပါသည်။ အိမ်မှာ လက်ဆော့တတ်တဲ့ ကလေးငယ်တွေဘေးကင်းဖို့အတွက် Child Safety Door လေးထည့်သွင်းထားတာကြောင့်စိတ်ချလက်ချ အသုံးပြုနိုင်ပါသည်။ ကြိုးအရှည် (၆ပေခွဲ) ရှိပြီး မတိုလွန်းမရှည်လွန်းတဲ့ အနေအထားကိုမှ Power အဖွင့်အပိတ်အတွက် Button (၁)ခုထဲနဲ့ အသုံးပြုနိုင်မယ့် Power Socket လေးတစ်ခုဖြစ်ပါသည်။

Gadget Max GM29 Melo Series TWS Earbuds
71,500 Ks

Gadget Max ကထုတ်ထားတဲ့ GM29 လေးကတော့ Quality ပိုင်းမှာတော့ပြောစရာမလိုအောင် ငြိမ့်ညောင်းတဲ့သံစဉ်တွေကိုနားဆင်နိုင်မှာပဲဖြစ်ပါသည်။ Bluetooth Version : 5.3နဲ့အလုပ်လုပ်ပေးမှာဖြစ်တာကြောင့် လွယ်ကူလျင်မြန်စွာချိတ်ဆက် အသုံးပြုနိုင်ပါသည်။ ပေါ့ပါး သပ်ရပ်တဲ့ဒီဇိုင်းကာလာ အနေအထားနဲ့မို့ သယ်ဆောင်ရလွယ်ကူစေပြီး အိတ်ကပ်ထဲထည့်သွားလဲအဆင်ပြေစေမှာပဲဖြစ်ပါသည်။

Gadget Max GB11 Pro 60000mAh 22.5W My Container Power Bank
185,000 Ks

Gadget Max ကထုတ်ထားတဲ့ GB11 Pro လေးကတော့ Pro ဆန်တဲ့ Design နဲ့ပြုလုပ်ဖန်တီးထားပြီး 60000mAh ဖြစ်တာကြောင့် အားကြီးပြီး အကြာကြီး အသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ Fast Charge 22.5W အားအထွက်နဲ့ device အစုံ အားသွင်းနိုင်စေဖို့ USB (၄)ပေါက်နဲ့ PD သမားတွေအတွက် PD20W ထွက်ပေးတဲ့ Type-C Output ပါဝင်တဲ့အပြင် Power bank ကို မြန်မြန်ဆန်ဆန် အားပြန်ဖြည့်နိုင်ဖို့အတွက် 18W Type-C input ပါဝင်ပါသည်။ ညအခါ အမှောင်ထဲမှာ အလင်းအားကောင်းနေစေဖို့ ခပ်ကြီးကြီး LED flashlight (၂)လုံးလည်းပါပြီး အားဝင်ပမာဏ % တင်မကပဲ Watt , Voltage တွေကို အသေးစိတ် ပြပေးနေမယ့် LED Digital Display ပါဝင်ပါသည်။ တောင့်တင်းတဲ့ လက်ကိုင်ကြိုးပါလို့ သယ်ဆောင်ရလဲလွယ်ကူစေပါသည်။

Gadget Max Alpha GB101 10000mAh Power Bank
33,500 Ks

Gadget Max ကထုတ်ထားတဲ့ Alpha GB101 လေးသည် Battery Capacity 10000mAh ပါဝင်ပြီး 2*USB Output : 5V-2A (10W)နဲ့ Type-C Input : 5V-2A (10W) တို့ဖြင့်အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။ အားအဝင်အထွက်ပုံမှန်လေးနဲ့ အရွယ်အစားသေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသော ပစ္စည်းလေးဖြစ်ပါသည်။

Gadget Max GM25 Gaming TWS Earbuds
69,500 Ks

Gadget Max GM25 လေးသည် Bluetooth Version 5.3 နဲ့ ချိတ်ဆက်မှုမြန်ဆန်စေမယ့် Earbubs လေးဖြစ်ပါသည်။ Game ဆော့တဲ့ အချိန်လှုပ်ရှားမှုတိုင်းအတွက် အသံနောက်ကျမှု အနည်းဆုံးဖြစ်စေမယ့် 60ms Low Latency Gaming Mode ပါဝင်တာကြောင့် In Game သံနောက်ကျတာမျိုးအတွက် စိတ်ပူစရာမလိုတော့ဘဲကြည်လင်ပြတ်သားတဲ့ အသံထွက်ကိုရရှိစေပါသည်။ ENC Mic နှစ်လုံးပါဝင်တဲ့အပြင်ကိုမှ Game ဆော့တဲ့အခါ Gaming Vibe အပြည့်ရရှိစေမယ့် Lighting Effect လည်းပါဝင်ပါသည်။ Charging Case Battery အနေနဲ့ 320mAh ပါဝင်လာပြီးတော့ Earbuds Battery အနေနဲ့ 40mAh ပါတာကြောင့် အချိန်ကြာကြာအသုံးပြုနိုင်ပါသည်။

Gadget Max Alpha GB102 20000mAh Power Bank
54,500 Ks

Gadget Max Alpha GB102  လေးကတော့ အားလက်ကျန် အတိအကျ ကြည့်လို့ရမယ့် LED Degital Display ၊USB Port 2ခု ပါတာဖြစ်လို့ IOS , Android User 2မျိုးသုံးလို့ရပါတယ်။Power Button ခလုတ်လေး ပါဝင်ပြီး5V Type-c input နဲ အားအမြန်ပြန်သွင်းလို့ရပြီး၊USB to Type-c ကြိုးတိုတစ်ချောင်းပါတာမို့ အသုံးပြုရ လွယ်ကူစေမှာပါ 20000mAh ဆိုပေမဲ့ ပေါ့ပေါ့ပါးပါးဖြစ်လို့ သယ်ရတာလည်း လွယ်ကူစေပါသည်။

Gadget Max iMex GB80 80000mAh PD 22.5W Power Bank
219,500 Ks

Gadget Max ရဲ့  iMex GB80 လေးကတော့ ကျစ်လစ်တဲ့ ဒီဇိုင်းကိုမှ 80000mAh အားနဲ့ဆိုတော့ အကြာကြီးအသုံးပြုလို့ရမှာပဲဖြစ်ပါသည်။  Output အနေနဲ့ USB Port 3 Port နဲ့ Type-C Port 1 Port ပါတာမလို့ Device 4 ခုကိုတစ်ပြိုင်တည်းအားသွင်းနိုင်ပါသည်။  Battery လက်ကျန်ကို အလွယ်တကူကြည့်လို့ရမယ့် Digital Display ကိုသုံးပေးထားပြီး LED Flashlight နဲ့မို့ မီးထွန်းလို့ရပါသည်။ သွားလေရာကို အလွယ်တကူ သယ်သွားလို့ရမယ့် လက်ကိုင်ကိုင်းပါတဲ့ Powerband လေးဖြစ်ပါသည်။

Gadget Max iMex GB60 60000mAh PD 22.5W Power Bank
190,000 Ks

Gadget Max ရဲ့  iMex GB60 လေးကတော့ ကျစ်လစ်တဲ့ ဒီဇိုင်းကိုမှ 60000mAh အားနဲ့ဆိုတော့ အကြာကြီးအသုံးပြုလို့ရမှာပဲဖြစ်ပါသည်။ USB Port 2 နဲ့ Type-C Port 1 ပါတာမလို့ Device 3 ခုကိုတစ်ပြိုင်တည်းအားသွင်းနိုင်ပါသည်။ အားလက်ကျန်အတိအကျကိုပြပေးမယ့် Digital Display ကိုသုံးပေးထားပြီး မီးပျက်တဲ့ချိန်တွေမှာအလွယ်တကူအသုံးပြုလို့ရမယ့် LED Flashlight လေးလည်းပါဝင်ပါသည်။ လက်ကိုင်ကိုင်းလေးနဲ့ သွားလေရာကိုအလွယ်တကူ သယ်သွားနိုင်မှာပဲ ဖြစ်ပါသည်။

Gadget Max 60000mAh Ray PD 20W+22.5W Power Bank
195,000 Ks

Gadget Max ရဲ့ Ray PD လေးကတော့ 60000 mAh ပါဝင်ပြီး အားအကြာကြီးခံတဲ့အပြင် အားဝင်လည်း မြန်စေပါသည်။ Input အနေနဲ့ 18WFast Charging Type-C နဲ့ Lightning Input လေးရော ပါတာမလို့ အားသွင်းရာမှာလည်း ပုံမှန်ထက်ပိုမြန်ဆန်နေမှာဖြစ်ပါသည်။ Built in cable အနေနဲ့လည်း 22.5W Type C Cable နဲ့ 20W Lightning Cable ရော တခါတည်းပါတာမလို့ အားသွင်းကြိုးလည်း သပ်သပ်ဆောင်မရာမလိုဘဲ အလွယ်တကူအသုံးပြုလို့ရပါသည်။ အားလက်ကျန်လေးကိုလည်း Digital Display လေးနဲ့ပြပေးတဲ့အပြင် လက်ကိုင်ကိုင်းလေးလည်းပါဝင်ပါသည်။ 

Gadget Max 80000mAh Ray PD 20W+22.5W Power Bank
235,000 Ks

Gadget Max ရဲ့ Ray PD လေးကတော့ 80000 mAh ပါဝင်ပြီး အားအကြာကြီးခံတဲ့အပြင် အားဝင်လည်း မြန် စေပါသည်။ Input အနေနဲ့ 18WFast Charging Type-C နဲ့ Lightning Input လေးရော ပါတာမလို့ အားသွင်းရာ မှာလည်း ပုံမှန်ထက်ပိုမြန်ဆန်နေမှာဖြစ်ပါသည်။ Built in cable အနေနဲ့လည်း 22.5W Type C Cable နဲ့ 20W Lightning Cable ရော တခါတည်းပါတာမလို့ အားသွင်းကြိုးလည်း သပ်သပ်ဆောင်မရာမလိုဘဲ အလွယ်တကူ အသုံးပြုလို့ရပါသည်။ အားလက်ကျန်လေးကိုလည်း Digital Display လေးနဲ့ပြပေးတဲ့အပြင် လက်ကိုင်ကိုင်းလေး လည်းပါဝင်ပါသည်။