Viewsonic VA2432-H 24inch Monitor
Viewsonic VA2432-H 24inch Monitor သည် စီးပွားရေးလုပ်ငန်းများ၊အိမ်သုံးများအတွက် အသုံးပြုရန်အဆင်ပြေကောင်းမွန်ပါသည်။ HDMI နှင့် VGA input ပါဝင်ပါသည်။ IPS နည်းပညာနှင့် Full HD resolution တို့ဖြင့်ရုပ်ပုံများကို မြင်ကွင်းကျယ်ရှုထောင့်မှရှင်းလင်းပြီး အသေးစိတ်ကျမြင်နိုင်ပါသည်။ Eye-Care နည်းပညာနှင့်စွမ်းအင်ချွေတာသော Eco mode သည်မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးပါသည်။ VESA နှင့်သဟဇာတ ဖြစ်သော Mount Support ဖြင့်မည်သည့်ပတ်ဝန်းကျင်တွင်မဆိုဤမော်နီတာကိုတပ်ဆင်နိုင်ပါသည်။
- In Stock

Viewsonic VA2432-H 24inch Monitor သည် စီးပွားရေးလုပ်ငန်းများ၊အိမ်သုံးများအတွက် အသုံးပြုရန်အဆင်ပြေကောင်းမွန်ပါသည်။ HDMI နှင့် VGA input ပါဝင်ပါသည်။ IPS နည်းပညာနှင့် Full HD resolution တို့ဖြင့်ရုပ်ပုံများကို မြင်ကွင်းကျယ်ရှုထောင့်မှရှင်းလင်းပြီး အသေးစိတ်ကျမြင်နိုင်ပါသည်။ Eye-Care နည်းပညာနှင့်စွမ်းအင်ချွေတာသော Eco mode သည်မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးပါသည်။ VESA နှင့်သဟဇာတ ဖြစ်သော Mount Support ဖြင့်မည်သည့်ပတ်ဝန်းကျင်တွင်မဆိုဤမော်နီတာကိုတပ်ဆင်နိုင်ပါသည်။
Brand | Viewsonic |
Model | VA2432 |
Screen Size | 24inch |
Aspect Ratio | 16:9 |
Resolution | 1920 x 1080 |
Brightness | 250 cd/m2 |
Refresh Rate | 75Hz |
Response Time | 4ms |
Connectors | VGA , HDMI |
Warranty | 3 years parts & service for monitor |
Related Products
Viewsonic VA270A-H 27-inch Monitor
Viewsonic VA270A-H 27-inch Monitor ဟာ နေ့စဉ်လုပ်ငန်းသုံး၊ ဖျော်ဖြေရေးနဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားဖို့အတွက် သင့်တော်တဲ့ monitor တစ်ခု ဖြစ်ပါတယ်။ 27 လက်မ အရွယ်အစား ရှိပြီး Full HD (1920x1080) resolution ကို ပံ့ပိုးပေးပါတယ်။120Hz refresh rate ပါဝင်တာကြောင့် ပုံရိပ်တွေ ပိုမိုချောမွေ့ပြီး သွက်လက်ပါတယ်။ ဒါ့အပြင် 1ms (MPRT) response time ပါဝင်တဲ့အတွက် ဂိမ်းကစားတဲ့အခါ ဒါမှမဟုတ် လှုပ်ရှားမှုမြန်တဲ့ ဗီဒီယိုတွေကြည့်တဲ့အခါ ပုံရိပ်ဝါးတာမျိုးကို လျော့ချပေးနိုင်ပါတယ်။SuperClear® IPS panel ကို အသုံးပြုထားတဲ့အတွက် ရောင်စုံကြည်လင်ပြတ်သားပြီး ဘေးတိုက်ကြည့်တဲ့အခါမှာလည်း အရောင်မပျက်ဘဲ မြင်ကွင်းကျယ်ကို ရရှိနိုင်ပါတယ်။ဘေးဘောင်ပါးလွှာတဲ့ Borderless Design ကို အသုံးပြုထားတာကြောင့် monitor တစ်ခုထက်ပိုပြီး ဆက်တပ်တဲ့အခါ အဆင်ပြေပါတယ်။HDMI နဲ့ VGA ports တွေ ပါဝင်တဲ့အတွက် ကွန်ပျူတာ၊ Laptop စတဲ့ ကိရိယာတွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Viewsonic VA2708-4K-MHD 27-inch Monitor
Viewsonic VA2708-4K-MHD 27-inch Monitor ဟာ 4K ရုပ်ထွက်နဲ့ လုပ်ငန်းသုံးအတွက်ရော၊ ဖျော်ဖြေရေးအတွက်ပါ သင့်တော်တဲ့ monitor တစ်ခု ဖြစ်ပါတယ်။27 လက်မ အရွယ်အစားရှိပြီး 3840 x 2160 pixels ရုပ်ထွက် (4K Ultra HD) ကို ပံ့ပိုးပေးပါတယ်။ ဒါကြောင့် ပုံရိပ်တွေဟာ အလွန်ကြည်လင်ပြတ်သားပြီး အသေးစိတ်ကိုပါ မြင်နိုင်ပါတယ်။SuperClear® IPS panel ကို အသုံးပြုထားတာကြောင့် အရောင်တွေက တိကျမှန်ကန်ပြီး ကြည့်ရှုနိုင်တဲ့ အမြင်ထောင့် (viewing angle) ကလည်း ကျယ်ပြန့်ပါတယ်။HDR10 High Dynamic Range နည်းပညာ ပါဝင်တဲ့အတွက် အရောင်အသွေး၊ အလင်းအမှောင်နဲ့ contrast တွေ ပိုမိုကောင်းမွန်ပြီး ပုံရိပ်တွေကို ပိုမိုသက်ဝင်လှုပ်ရှားစေပါတယ်။60Hz refresh rate ဖြစ်တဲ့အတွက် ပုံမှန်ရုံးလုပ်ငန်းတွေနဲ့ ဗီဒီယိုကြည့်ရှုခြင်းအတွက် အဆင်ပြေပါတယ်။စပီကာ (2W x 2) နှစ်လုံးပါဝင်တာကြောင့် အပိုစပီကာ တပ်ဆင်ဖို့ မလိုအပ်ဘဲ အသံကိုပါ တပါတည်း ရရှိနိုင်ပါတယ်။HDMI 2.0 ports (2 ခု) နဲ့ DisplayPort (1 ခု) တို့ပါဝင်တဲ့အတွက် ကွန်ပျူတာ၊ ဂိမ်းစက် စတဲ့ ကိရိယာမျိုးစုံနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။
Viewsonic VA2025-H 20-inch Monitor
Viewsonic VA2025-H 20-inch Monitor ဟာ ရုံးသုံး၊ အိမ်သုံးနဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားခြင်းအတွက် သင့်တော်တဲ့ ဘက်စုံသုံး monitor တစ်လုံး ဖြစ်ပါတယ်။မျက်နှာပြင်အရွယ်အစား 20 လက်မ နှင့် IPS Technology ကို အသုံးပြုထားတဲ့အတွက် အရောင်အသွေး တိကျပြီး မြင်ကွင်းကျယ် (90° horizontal and 65° vertical) ကို ပေးစွမ်းနိုင်ပါတယ်။ဘေးတစောင်းကနေကြည့်ရင်တောင် အရောင်မပျက်၊ မမှုန်ဘဲ မြင်ရမှာပါ။Full HD (1600 x 900p) ဖြစ်ပါတယ်။နေ့စဉ်သုံး ကွန်ပျူတာ အလုပ်တွေ၊ ဗီဒီယိုကြည့်တာ၊ ဓာတ်ပုံကြည့်တာတွေအတွက် လုံလောက်တဲ့ ကြည်လင်ပြတ်သားမှုကို ပေးပါတယ်။ရုပ်ထွက်တွေကို ပိုမိုချောမွေ့အောင် ပြသပေးနိုင်ပြီး ပုံမှန် 60Hz monitor တွေထက် ပိုမိုကောင်းမွန်တဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကစားတာ၊ မြန်ဆန်တဲ့ ဗီဒီယိုတွေကြည့်တာတွေအတွက် အထူးသင့်တော်ပါတယ်။5ms (GTG )Picture Response Time ဖြစ်ပါတယ်။
Viewsonic VA2708-2K-MHD 27-inch Monitor
ViewSonic VA2708-2K-MHD ဟာ ၂၇ လက်မ အရွယ်အစားရှိတဲ့ QHD (2K) ရုပ်ထွက်နဲ့ Monitor တစ်ခုဖြစ်ပြီး အိမ်သုံးရော ရုံးသုံးပါ နှစ်မျိုးစလုံးအတွက် သင့်တော်ပါတယ်။ IPS (In-Plane Switching) Technology ကို အသုံးပြုထားလို့ ကြည့်ရှုနိုင်တဲ့ ထောင့် (Viewing Angle) က ၁၇၈ ဒီဂရီ အထိ ကျယ်ပြန့်ပါတယ်။ ဘယ်ဘက်၊ ညာဘက်၊ အပေါ်၊ အောက်ဘက် နေရာအမျိုးမျိုးကနေ ကြည့်ရင်တောင် အရောင်မပျက်ဘဲ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို မြင်ရမှာပါ။QHD (Quad HD) 2560 x 1440 pixels ဖြစ်ပါတယ်။ Full HD (1080p) ထက် ပိုမိုကြည်လင်ပြတ်သားပြီး အသေးစိတ် ပုံရိပ်တွေကို မြင်ရစေမှာပါ။ ဒါက ဂရပ်ဖစ်ဒီဇိုင်း၊ ဗီဒီယို တည်းဖြတ်ခြင်းနဲ့ စာရွက်စာတမ်းတွေ အများကြီးနဲ့ အလုပ်လုပ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။100Hz Variable Refresh Rate ပါဝင်တာကြောင့် ပုံရိပ်တွေ အပြောင်းအလဲမြန်တဲ့ ဗီဒီယိုတွေနဲ့ ဂိမ်းတွေကို ချောမွေ့စွာ ကြည့်ရှုကစားနိုင်ပါတယ်။ မျက်စိညောင်းညာမှုကိုလည်း လျှော့ချပေးပါတယ်။HDMI 2.0 Ports (၂ ခု)၊DisplayPort 1.4 (၁ ခု)၊3.5mm Audio Out နဲ့ 2-Watt Stereo Speakers ၂ လုံး ပါဝင်တာကြောင့် သီချင်းနားထောင်တာ၊ ဗီဒီယိုကြည့်တာအတွက် ထပ်ဆောင်း Speaker မလိုဘဲ အသုံးပြုနိုင်ပါတယ်။
Viewsonic VA240A-H 24-inch Monitor
ViewSonic VA240A-H 24-inch Monitor ဟာ ရုံးသုံး၊ အိမ်သုံးနဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားခြင်းအတွက် သင့်တော်တဲ့ ဘက်စုံသုံး monitor တစ်လုံး ဖြစ်ပါတယ်။မျက်နှာပြင်အရွယ်အစား 24 လက်မ နှင့် IPS Technology ကို အသုံးပြုထားတဲ့အတွက် အရောင်အသွေး တိကျပြီး မြင်ကွင်းကျယ် (178° horizontal and 178° vertical) ကို ပေးစွမ်းနိုင်ပါတယ်။ ဘေးတစောင်းကနေကြည့်ရင်တောင် အရောင်မပျက်၊ မမှုန်ဘဲ မြင်ရမှာပါ။Full HD (1920 x 1080p) ဖြစ်ပါတယ်။ နေ့စဉ်သုံး ကွန်ပျူတာ အလုပ်တွေ၊ ဗီဒီယိုကြည့်တာ၊ ဓာတ်ပုံကြည့်တာတွေအတွက် လုံလောက်တဲ့ ကြည်လင်ပြတ်သားမှုကို ပေးပါတယ်။ရုပ်ထွက်တွေကို ပိုမိုချောမွေ့အောင် ပြသပေးနိုင်ပြီး ပုံမှန် 60Hz monitor တွေထက် ပိုမိုကောင်းမွန်တဲ့ မြင်ကွင်းကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကစားတာ၊ မြန်ဆန်တဲ့ ဗီဒီယိုတွေကြည့်တာတွေအတွက် အထူးသင့်တော်ပါတယ်။1ms (MPRT - Moving Picture Response Time) ဖြစ်ပါတယ်။
Viewsonic VX2718-PC-MHD 24-inch 180Hz Curved Gaming Monitor
Viewsonic ကထုတ်ထားတဲ့ VX2718-PC-MHD လေးကတော့ Screen Size 24inch ရှိပြီး Full HD (1920x1080) Resolution ဖြစ်တာကြောင့် ရှင်းလင်းပြတ်သားသော ရုပ်ထွက်များကိုကြည့်ရှုနိုင်ပါသည်။ Refresh Rate Display Port မှ 180Hz၊ HDMI မှ 165Hz ဖြင့် အသုံးပြုနိုင်ပြီး Smooth Performance ကို 180Hz ထိထောက်ပံ့ပေးနိုင်တာကြောင့် အသုံးပြုရာတွင် လျင်မြန်သွက်လက်နေမှာပဲဖြစ်ပါသည်။ Flicker‑Free & Low Blue Light ပါဝင်တာကြောင့် အချိန်အတော်ကြာအသုံးပြုမယ်ဆိုရင်တောင် မျက်စိထိခိုက်မှု့များမရှိစေဘဲ သက်တောင့်သက်သာအသုံးပြုနိုင်ပါသည်။ Dual built‑in speakers – 2W x 2 ပါဝင်တာမလို့ ထင်ရှားပြတ်သားသော အသံကိုလည်းရရှိနိုင်ပါသည်။ HDMI ×2, DP ×1, Audio Out Port များလည်း ပါဝင်ပြီး အသုံးပြုရာတွင် အကြိုက်တွေ့စေမည့် Monitor လေးဖြစ်ပါသည်။
Viewsonic VX2779A-HD-PRO 27-inch 240Hz Gaming Monitor
Viewsonic ကထုတ်ထားတဲ့ VX2779A-HD-PRO Gaming Monitor လေးကတော့ Screen Size 27inch ရှိပြီး SuperClear® IPS panel ကိုအသုံးပြုပေးထားပါသည်။ full HD (1920 × 1080) နဲ့ဖြစ်ပြီး Refresh rate: 240 Hz နဲ့မို့ လျင်မြန်သွက်လက်စွာအသုံးပြုနိုင်မှာပဲဖြစ်ပါသည်။ 1 ms MPRT တုံ့ပြန်မှုအချိန်သည် ချောမွေ့သော pixel ကူးပြောင်းမှုများနှင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါသည်။ Flicker‑Free, Low‑Blue Light ပါဝင်ပြီး မျက်လုံးပင်ပန်းနွမ်းနယ်မှု့များကိုလည်း လျော့ချပေးပါသည်။ HDMI 1.4 x 2/ DP 1.4 x 1/ 3.5mm Audio out Port တို့ပါဝင်ပြီး performance အနေနဲ့ 240 Hz IPS + FreeSync + HDR10 combo ပါတဲ့ အတွက် egaming၊ casual/content creation များတွင် အဆင်ပြေပြေအသုံးပြုနိုင်မည့် Monitor လေးဖြစ်ပါသည်။
Viewsonic VA3209 32-inch MHD LCD Monitor
Viewsonic ကထုတ်ထားတဲ့ VA3209 32-inch MHD LCD Monitor လေးကတော့ Screen Size 32inch ရှိပြီး Resolution 2560x1440 နဲ့ဖြစ်တာကြောင့် ကြည်လင်ပြတ်သားသောရုပ်ပုံများကို ခံစားကြည့်ရှု့နိုင်မှာပဲဖြစ်ပါသည်။ Adaptive Sync နှင့် Eye Care နည်းပညာမပါဘဲ အမျိုးမျိုးသော မြင်ကွင်းများကို သက်တောင့်သက်သာဖြစ်စေရန် VESA နှင့် လိုက်ဖက်သော mount နှင့် ပါဝါသုံးစွဲမှုနည်းသော စခရင်တစ်ခုတည်းတွင် ချောမွေ့သော ergonomic multitasking ကိုထည့်သွင်းအသုံးပြုပေးထားပါသည်။ SuperClear® IPS မော်နီတာတွင် အလွန်ကျယ်ဝန်းသော 178 ဒီဂရီ ဒေါင်လိုက်နှင့် အလျားလိုက် မြင်ကွင်းထောင့်ပါရှိပြီး ရုပ်ပုံအရည်အသွေးကို ဖန်သားပြင်မှ လိုက်လျောညီထွေရှိသော ရုပ်ပုံအရည်အသွေးကို ပေးစွမ်းနိုင်ပါသည်။ Response time:4ms(GtG)နဲ့ဖြစ်ပြီး HDMIx2/DP/Audio Out Speaker 2.5Wx2 တို့ပါဝင်ပါသည်။