
Viewsonic VA270A-H 27-inch Monitor ဟာ နေ့စဉ်လုပ်ငန်းသုံး၊ ဖျော်ဖြေရေးနဲ့ ပေါ့ပေါ့ပါးပါး ဂိမ်းကစားဖို့အတွက် သင့်တော်တဲ့ monitor တစ်ခု ဖြစ်ပါတယ်။ 27 လက်မ အရွယ်အစား ရှိပြီး Full HD (1920x1080) resolution ကို ပံ့ပိုးပေးပါတယ်။120Hz refresh rate ပါဝင်တာကြောင့် ပုံရိပ်တွေ ပိုမိုချောမွေ့ပြီး သွက်လက်ပါတယ်။ ဒါ့အပြင် 1ms (MPRT) response time ပါဝင်တဲ့အတွက် ဂိမ်းကစားတဲ့အခါ ဒါမှမဟုတ် လှုပ်ရှားမှုမြန်တဲ့ ဗီဒီယိုတွေကြည့်တဲ့အခါ ပုံရိပ်ဝါးတာမျိုးကို လျော့ချပေးနိုင်ပါတယ်။SuperClear® IPS panel ကို အသုံးပြုထားတဲ့အတွက် ရောင်စုံကြည်လင်ပြတ်သားပြီး ဘေးတိုက်ကြည့်တဲ့အခါမှာလည်း အရောင်မပျက်ဘဲ မြင်ကွင်းကျယ်ကို ရရှိနိုင်ပါတယ်။ဘေးဘောင်ပါးလွှာတဲ့ Borderless Design ကို အသုံးပြုထားတာကြောင့် monitor တစ်ခုထက်ပိုပြီး ဆက်တပ်တဲ့အခါ အဆင်ပြေပါတယ်။HDMI နဲ့ VGA ports တွေ ပါဝင်တဲ့အတွက် ကွန်ပျူတာ၊ Laptop စတဲ့ ကိရိယာတွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
Brand | Viewsonic |
Model | VA270A-H |
Screen Size | 27-inch |
Resolution | 1920 x 1080 FHD |
Panel type | IPS |
Contrast ratio | 1,000:1 (typ) |
Aspect Ratio | 16:9 |
Brightness | 250 cd/m² (typ) |
Refresh Rate | 120Hz |
Response Time | 1ms |
Connections | VGA, HDMI 1.4 ,DC |
Warranty | 3 years parts & service for monitor |