
ViewSonic VA2708-2K-MHD ဟာ ၂၇ လက်မ အရွယ်အစားရှိတဲ့ QHD (2K) ရုပ်ထွက်နဲ့ Monitor တစ်ခုဖြစ်ပြီး အိမ်သုံးရော ရုံးသုံးပါ နှစ်မျိုးစလုံးအတွက် သင့်တော်ပါတယ်။ IPS (In-Plane Switching) Technology ကို အသုံးပြုထားလို့ ကြည့်ရှုနိုင်တဲ့ ထောင့် (Viewing Angle) က ၁၇၈ ဒီဂရီ အထိ ကျယ်ပြန့်ပါတယ်။ ဘယ်ဘက်၊ ညာဘက်၊ အပေါ်၊ အောက်ဘက် နေရာအမျိုးမျိုးကနေ ကြည့်ရင်တောင် အရောင်မပျက်ဘဲ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို မြင်ရမှာပါ။QHD (Quad HD) 2560 x 1440 pixels ဖြစ်ပါတယ်။ Full HD (1080p) ထက် ပိုမိုကြည်လင်ပြတ်သားပြီး အသေးစိတ် ပုံရိပ်တွေကို မြင်ရစေမှာပါ။ ဒါက ဂရပ်ဖစ်ဒီဇိုင်း၊ ဗီဒီယို တည်းဖြတ်ခြင်းနဲ့ စာရွက်စာတမ်းတွေ အများကြီးနဲ့ အလုပ်လုပ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။100Hz Variable Refresh Rate ပါဝင်တာကြောင့် ပုံရိပ်တွေ အပြောင်းအလဲမြန်တဲ့ ဗီဒီယိုတွေနဲ့ ဂိမ်းတွေကို ချောမွေ့စွာ ကြည့်ရှုကစားနိုင်ပါတယ်။ မျက်စိညောင်းညာမှုကိုလည်း လျှော့ချပေးပါတယ်။HDMI 2.0 Ports (၂ ခု)၊DisplayPort 1.4 (၁ ခု)၊3.5mm Audio Out နဲ့ 2-Watt Stereo Speakers ၂ လုံး ပါဝင်တာကြောင့် သီချင်းနားထောင်တာ၊ ဗီဒီယိုကြည့်တာအတွက် ထပ်ဆောင်း Speaker မလိုဘဲ အသုံးပြုနိုင်ပါတယ်။
Brand | Viewsonic |
Model | VA2708-2K-MHD |
Screen Size | 27-inch |
Resolution | 2K QHD 2560 x 1440 |
Panel type | IPS technology |
Contrast ratio | 1000:1 |
Aspect Ratio | 16:9 |
Brightness | 250 cd/m² (typ) |
Refresh Rate | 100Hz |
Response Time | 1ms |
Connections | 3.5mm Audio Output: 1, HDMI 2.0 (with HDCP 2.2): 2, DisplayPort: 1 ,Power Input |
Warranty | 1Year |