_1757998198415.png)
Mi Smart Electric Blood Pressure Monitor (BPX1) ဆိုတာကတော့ သွေးပေါင်ချိန်ကို အိမ်မှာပဲ ကိုယ်တိုင် အလွယ်တကူ တိုင်းတာနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ စမတ်ကျတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။သွေးပေါင်ချိန် (blood pressure) နဲ့ နှလုံးခုန်နှုန်း (pulse rate) ကို တိတိကျကျ တိုင်းတာပေးနိုင်ပါတယ်။အသုံးပြုသူတွေအတွက် လွယ်ကူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် သင့်တော်ပါတယ်။ လက်မောင်းမှာ ပတ်တဲ့ cuff ကို အလွယ်တကူ ချိတ်နိုင်ပြီး တပ်ဆင်ရတာ အဆင်ပြေပါတယ်။၃.၇ လက်မအရွယ် မျက်နှာပြင်ကျယ်ကြီး ပါဝင်တာကြောင့် သွေးပေါင်ချိန်တိုင်းတာတဲ့ ရလဒ်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ မီးအလင်းရောင် အမှိန်အတက်လုပ်နိုင်တာကြောင့် အလင်းအားနည်းတဲ့ နေရာတွေမှာတောင် အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။Bluetooth စနစ်ကို အသုံးပြုပြီး Mi Home အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။သွေးပေါင်ချိန်တိုင်းတာမှု မှတ်တမ်းတွေကို ဖုန်းထဲမှာ သိမ်းထားနိုင်ပြီး လစဉ်၊ အပတ်စဉ် စာရင်းဇယားတွေအဖြစ် ကြည့်ရှုနိုင်ပါတယ်။၁၈၀၀ mAh ရှိတဲ့ လစ်သီယမ်ဘက်ထရီ ပါဝင်ပါတယ်။ တစ်ခါအားသွင်းရုံနဲ့ ရက်ပေါင်း ၉၀ လောက် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ အားသွင်းဖို့အတွက် USB Type-C ပေါက် ပါဝင်ပါတယ်။
Brand | Mi |
Model | BPX1 |
Material | Plastic |
Screen diagonal | 3.7 inch |
Battery capacity | 1800 mAh |
Operating temperature | From +5° to +40°С |
Pulse measurement range | 40-180 |
Pressure range | 0-40 kPa |
Nutrition | from battery, from batteries, from the network |
Purpose | Measuring blood pressure and heart rate |