_1757482036771.png)
Mi Split Camping Light လေးကတော့ မီးအားအဆင့်သတ်မှတ်ချက်အနေနဲ့ အဆင့်(၅)ဆင့်ပါဝင်ပါသည်။ ပထမအဆင့် အဖြူဘက်ကိုသန်းတဲ့ မီးအဝါရောင်လေးဖြစ်ပြီး ပထမအဆင့် မီးအဝါရောင်လေးကိုကိုယ်ကြိုက်တဲ့ အဆင့်မှာထားပြီး ထွန်းညှိလို့ရတာကြောင့် စာကြည့်မီးအဖြစ်အသုံးပြုလို့ရပါသည်။ ဒုတိယအဆင့်မှာတော့ မှိတ်တုတ်မှိတ်တုတ် မီးအဝါရောင်လေးဖြစ်ပြီး ထင်းမီးဖိုလေး အနားမှာထိုင်နေရသလို ခံစားချက်လေးဖြစ်သွားစေတာကြောင့် သဘာ၀ဆန်တဲ့ မီးအရောင်လေးရရှိစေပါသည်။ တတိယအဆင့်မီးလင်းအားကတော့ ခုနက မှိတ်တုတ်မှိတ်တုတ်မီးလင်းအားအဆင့်ကို speed အနည်းငယ် မြန်မှာဖြစ်ပြီး ထင်းမီးဖိုမှာ မီးအရမ်းတတ်ပြီး မီးတောက်အဝါရောင်လေးတွေ အမြန်လှုပ်ရှားနေသလိုမျိုး ရရှိစေမှာပဲဖြစ်ပါသည်။ လေးဆင့်မြောက်မီးလင်းအားကတော့ မီးရောင်ဆယ်ရောင်ကို တစ်ရောင်မှတစ်ရောင် အချိုးကျပြောင်းလဲပေးသွားမည့် အဆင့်ဖြစ်ပြီး နောက်ခံ background မီးအရောင် အဖြစ်အသုံးပြုလို့ရသလို အခန်းထဲမှာဖွင့်ထားမယ်ဆိုရင်လဲ စိတ်ကို Relax ဖြစ်စေပါသည်။ ငါးဆင့်မြောက်မီးအလင်းရောင်ကတော့ မီးအရောင်ဆယ်ရောင်ကို အကြာကြီးနေမှ (4min,5min) ခြားတစ်ခါ အရောင်ပြောင်းပေးမှာ ဖြစ်ပြီး တစ်ရောင်တည်းကိုစိတ်ငြိမ်စေရန်အလို့ငှာ အသုံးပြုလို့ရပါသည်။ secondary light အနေနဲ့ မီးအိမ်ရဲ့ အလယ်မှာပါတဲ့ အချောင်းလေးကို ထုတ်ယူလိုက်မယ်ဆိုရင်တော့ သွားလေရာယူဆောင်သွားနိုင်တဲ့ ဓာတ်မီးအနေနဲ့ရော candle light အနေနဲ့ ရော နှစ်မျိုးထပ်ပြီးအသုံးပြုလို့ရပါသည်။ Candle light ရဲ့မီးအရောင်လေးဟာဆိုရင်တော့ တကယ်ကို ဖယောင်းတိုင်မီးရဲ့ မီးအလင်းအရောင်လေးလိုပဲ အရမ်းကိုသဘာ၀ဆန်စေပါသည်။ Type-C Charging လေးနဲ့ အားသွင်းပေးရမှာဖြစ်ပြီး Battery 4800mAh ပါ၀င်တာဖြစ်လို့ 6နာရီ ကနေ 8နာရီအကြား အသုံးပြုလို့ရပါသည်။ Candle light ကိုလဲသီးသန့် အားသွင်းစရာမလိုဘဲ main မီးအိမ်မှာစိုက်ထားလိုက်ရုံနဲ့ အားသွင်းပြီးသားဖြစ်မှာဖြစ်ပြီး mAhကတော့ 800mAh ပါဝင်ပါသည်။ Multifunctional ဖြစ်ပြီး အရမ်းအသုံး၀င်တဲ့ မီးအိမ်လေးဖြစ်ပါသည်။
Brand | Xiaomi |
Model | MJLYD001QW |
Battery Capacity | 4800mAh (Rechargeable Li-ion) |
Brightness Levels | 3 Modes (Low / Medium / High) |
Max Brightness | Up to 230 Lumens |
Color Temperature | 2700K – 5000K (Warm to Cool Light) |
Lighting Modes | Normal / Warm / SOS |
Charging Port | USB Type-C |
Battery Life | Up to 100 hours (Low Brightness Mode) |
Charging Time | Approx. 4 hours |
Material | ABS + PC + Aluminum |
Water Resistance | IP54 |
Dimensions | Approx. 235 × 126 × 47 mm |
Weight | ~400g |
Color | White |