_1757414647671.png)
Mi Multifunctional LED Charging Desk Lamp လေးသည် စာဖတ်ခြင်း၊ Computerကြည့်ခြင်း၊ ညအိပ်မီးတွေအဖြစ်အသုံးပြုခြင်း၊ Blue Light မပါဝင်ဘဲ မျက်လုံးကို ထိခိုက်စေမယ့်နှုန်းက 0% (RG0) ဆိုတော့ ကလေးတွေ စာကြည့်မီးအဖြစ်သုံးဖို့ သင့်တော်ပါသည်။ စားပွဲတင် မီးအိမ်အဖြစ်လဲ သုံးလို့ရသလို နေရာမစားစေပဲ ကြိုက်တဲ့နေရာမှာ ညှပ်ထားနိုင်တဲ့ ညှပ်လဲပါဝင်ပါသည်။ နေ့ဘက်ရဲ့အလင်းရောင်က Ra100 လို့သတ်မှတ်တယ်ဆိုရင် သူ့ရဲ့လင်းအားက Ra90 မို့ နေ့ခင်းဘက်လိုအလင်းရောင်ပေးနိုင်ပါသည်။ မီးအိမ်မှာ ခိုင်မြဲတဲ့သံလိုက်ပါတာနဲ့မို့ ဖြုတ်ယူပြီး အလွယ်တကူဓါတ်မီးအဖြစ်လဲ သုံးလို့ရပြီး သံလိုက်နဲ့ ၃၆၀ ဒီဂရီ လှည့်လို့ရတာမို့ သုံးရတာ အရမ်းကိုအဆင်ပြေစေပါသည်။ 2000mAh Battery နဲ့ အဖျော့ဆုံးအလင်းမှာထားသုံးရင် နာရီ ၃၀ ဝန်းကျင်လောက်အားခံပါသည်။ အလင်းအားအဆင့် (၄) ဆင့်ပါပြီး အသုံးပြုတဲ့ အလင်းအားပေါ်မူတည်ပြီး အသုံးပြုနိုင်ချိန်ကွာနိုင်ပါသည်။ 100% အပြည့်အလင်းအားနဲ့ သုံးမယ်ဆိုရင်တော့ ၄ နာရီဝန်းကျင်အသုံးပြုနိုင်ပါသည်။ သုံးနေရင်းအားကုန်သွားလဲ စိတ်ပူစရာမလိုပဲ Type C Port ကနေ အားသွင်းလို့ရတာအပြင် Power bank နဲ့ တွဲသုံးလို့ရပါသည်။ အားနည်းသွားလဲ အလင်းအားက လိုက်လျော့သွားခြင်းမရှိဘဲ ပုံမှန်အတိုင်းလင်းပေးနေမှာဖြစ်ပြီး Non Video Flicker မို့ Blogger တွေအတွက်လဲ အရမ်းကိုအဆင်ပြေစေပါသည်။
Brand | Xiaomi |
Model | MJTD05YL |
Rated Input | 5V=0.7A |
Rated Power | 3.5W |
Battery Type | Li-ion Polymer Battery |
Battery Capacity | 2000mAh |
Maximum Charging Voltage | 5V |
Rated Operating Time | 3.5h(100Im), 7h(60Im), 40h(10Im) |
Luminous Flux | 100Im(4000K,5000K), 60Im(3200K), 10Im(2700K) |