Alpha ALSD-1000 Portable Clothes Dryer
Alpha ကထုတ်ထားတဲ့ ALSD-1000 Portable Clothes Dryer လေးကတော့ အ၀တ်ခြောက်မလွယ်တဲ့ မိုးတွင်း/ ဆောင်းတွင်းကာလတွေမှာ အချိန်တိုအတွင်းအ၀တ်တွေကို လျှင်မြန်စွာခြောက်သွေ့စေတဲ့အပြင် မှိုနံ့စွဲပြီး အနံ့ထွက်တဲ့ပြဿနာများ မရှိအောင်ကူညီပေးနိုင်မည့် Clothes Dryer လေးဖြစ်ပါသည်။ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့အတူ သေးသေးကျစ်ကျစ်လေးနဲ့ဆိုတော့ သွားလေရာအလွယ်သယ်ယူသွားလို့လည်းရပြီး အဝတ်အထည်တွေ မွှေးနေစေဖို့ အမွှေးနံ့ထည့်လို့ရတဲ့ Fragrance box လေးလည်းပါဝင်ပါသည်။ ဖြုတ်ရ၊ တပ်ရ လွယ်တဲ့အလူမီနီယံတိုင်များကို သုံးထားပေးတဲ့အပြင် စိတ်ကြိုက် Timer သတ်မှတ်နိုင်မယ့် အရည်အသွေးကောင်းမွန်တဲ့ အဆင့်မြင့်အပူပေးကိရိယာများ အသုံးပြုပေးထားပါသည်။ Drying Capacity ကလည်း 4kg ဖြစ်ပြီး အဝတ်အထည် 8~10 ထည်ထိ အခြောက်ခံနိုင်လို့ ခရီးသွားတာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းသမားတွေအတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။
81 ETO-815J Clothes Dryer
81 ကထုတ်လုပ်ထားတဲ့ ETO-815J လေးကတော့ အရည်အသွေးမြင့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားပြီး သံချေးမတက်နိုင်မဲ့ Stainless Steel နဲ့မို့ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့အပြင် ဘီးတွေလည်းပါရှိတာကြောင့် အလွယ်တကူ ရွေ့ပြောင်းနိုင်ပါသည်။ အဝတ်ထည် (၂၅)ထည်လောက်ထိ အသုံးပြုနိုင်သည့်အပြင် အပူချိန်ကို (၃)နာရီအထိထားရှိနိုင်ပြီး Timer စနစ်ပါဝင်တာကြောင့် အချိန်ကုန်လူပင်ပန်းသက်သာစေပါသည်။ အပူချိန်ခံနိုင်တဲ့ PTC အသားဖြင့်ပြုလုပ်ထားသောကြောင့် ဖုန်မှုန့်နှင့် Bacteria များကပ်ခြင်းမှလဲကာကွယ်ပေးနိုင်ပါသည်။ ခြောက်သွေ့မှု့မြန်ဆန်ပြီး ဆူညံမှုနည်းတာကြောင့် အိမ်ရှင်မတို့အကြိုက်တွေ့မည့် Clothes Dryer လေးဖြစ်ပါသည်။
Nibban ECDRS001P Electronic Clothes Dryer
Nibban ECDRS001P Electronic Clothes Dryer လေးမှာတော့ အဝတ်အစားတွေကို ချိတ်လေးနဲ့ဆွဲပြီး ချိတ်ထားရုံပဲမို့ အဝတ်တွေ တွန့်ကြေမှာကိုလည်း စိုးရိမ်စရာမလိုတာကြောင့် အဆင်ပြေစေမှာဖြစ်ပါတယ်။ အခြောက်ခံဖို့မလိုအပ်တဲ့အခါမျိုးမှာလည်း အဝတ်အစားတွေချိတ်ထားရုံနဲ့ သန့်ရှင်းတဲ့ အဝတ်ဗီရိုအဖြစ်အသုံးပြုနိုင်သေးတာမို့ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။