Alpha ကထုတ်ထားတဲ့ ALSD-1200 Portable Clothes Dryer လေးသည် သစ်လွင်တဲ့ ဒီဇိုင်း ၊ တပ်ဆင်ရလွယ်ကူပြီး အပေအတေခံတဲ့အရောင်လေးနဲ့ထုတ်လုပ်ထားပါသည်။ အ၀တ်ခြောက်မလွယ်တဲ့ မိုးတွင်း/ဆောင်းတွင်းကာလတွေမှာ အချိန်တိုအတွင်းအ၀တ်တွေကိုလျှင်မြန်စွာ ခြောက်သွေ့စေတဲ့အပြင် မှိုနံ့စွဲပြီး အနံ့ထွက်တဲ့ပြဿနာများမှလဲကာကွယ်ပေးနိုင်ပါသည်။ တပ်ဆင်ရလွယ်ကူပြီး အရည်အသွေးကောင်းမွန်တဲ့ အဆင့်မြင့် အပူပေးကိရိယာများ အသုံးပြုပေးထားပါသည်။ စိတ်ကြိုက်ရွေးချယ်ဖို့ Timer ( 60 မှ 180 မိနစ် ) အထိပါဝင်ပြီး အကြမ်းခံတဲ့ မိုးကာသားအထူကို အသုံးပြုပေးထားပါသည်။ အလူမီနီယံတိုင်များကို အသုံးပြုပေးထားပြီး အောက်ခြေမှာ ဘီးလုံးလေးတွေ ပါရှိတာကြောင့် သယ်ဆောင်ရလည်းလွယ်ကူစေပါသည်။ အဝတ်အထည်များကို ထည့်ဖို့ အကန့် ၂ ထပ်တောင် ပါပေးထားပြီး Drying Capacity ကလည်း အများဆုံး 10kg ထိတောင်အသုံးပြုနိုင်တာဆိုတော့ မိသားစုတွေအတွက် အဆင်ပြေစေမည့် clothes dryer လေးဖြစ်ပါသည်။
| Brand | Alpha | 
| Model | ALSD-1200 | 
| Type | Clothes Dryer | 
| Voltage | 220v - 50Hz | 
| Power | 1200W | 
| Timer | 60-180min | 
| Material | Aluminum | 
| Dimesion | 73x44x151cm | 
| Net Weight | 3.3kg | 
| Gross Weight | 4.1kg | 
| Country | China | 
| Warranty | 3Years |