
TP-Link EAP-215 Bridge KIT Omada Wireless Long-Range Indoor/Outdoor Access Point
- In Stock

TP-Link EAP215 Bridge KIT Omada Wireless Long-Range Indoor/Outdoor Access Point ဟာ အဝေးတစ်နေရာကို Wi-Fi ကွန်ရက်ချိတ်ဆက်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ကိရိယာဖြစ်ပါတယ်။ ဒီ kit မှာ အသုံးပြုဖို့အတွက် Access Point နှစ်ခု ပါဝင်ပါတယ်။Wi-Fi ကို အဝေးတစ်နေရာကို ထိထိရောက်ရောက် ချိတ်ဆက်ပေးနိုင်ပါတယ်။ ပေ ၃၂၀၀ (၁ ကီလိုမီတာ) အထိ ချိတ်ဆက်နိုင်ပါတယ်။အဝေးတစ်နေရာမှာရှိတဲ့ အဆောက်အအုံနှစ်ခု၊ ရုံးခန်းနှစ်ခု စတာတွေကို ကြိုးတပ်စရာမလိုဘဲ Wi-Fi ချိတ်ဆက်နိုင်ပါတယ်။5 GHz band ကို အသုံးပြုပြီး၊ Wi-Fi 5 (802.11ac) နည်းပညာနဲ့ 867 Mbps အထိ မြန်နှုန်းရရှိနိုင်ပါတယ်။ ဒီမြန်နှုန်းဟာ HD ဗီဒီယိုတွေ ကြည့်ရှုဖို့နဲ့ IP ကင်မရာတွေကို ချိတ်ဆက်ဖို့အတွက် လုံလောက်ပါတယ်။3x Gigabit Ethernet Ports တွေ ပါဝင်တဲ့အတွက် ဖုန်း၊ ကွန်ပျူတာ၊ IP ကင်မရာ စတဲ့ ကိရိယာတွေကို ကြိုးနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။Kit ထဲမှာပါတဲ့ Access Point နှစ်ခုဟာ auto-pairing စနစ်နဲ့ လာတာဖြစ်လို့ စက်ဖွင့်လိုက်တာနဲ့ အချင်းချင်း အလိုအလျောက် ချိတ်ဆက်ပေးပါတယ်။ ဒါကြောင့် သီးခြားပြင်ဆင်မှုတွေ အများကြီး လုပ်စရာမလိုဘဲ တပ်ဆင်ရတာ လွယ်ကူပါတယ်။LED signal indicator မီးလေးတွေ ပါတဲ့အတွက် အချက်ပြစနစ် (signal) ကောင်းမကောင်းကို အလွယ်တကူ သိရှိနိုင်ပါတယ်။IP65 Weatherproof ကိုယ်ထည်ဖြစ်လို့ ရေ၊ ဖုန်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ မိုးရွာတာ၊ နေပူတာမျိုးကို အလွယ်တကူ ခံနိုင်ရည်ရှိတာကြောင့် Indoor/Outdoor နှစ်မျိုးစလုံးမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။6kV Lightning Protection လျှပ်စီးကြောင်းဒဏ်ခံနိုင်စွမ်းလည်း ပါဝင်ပါတယ်။
Brand | TP-Link |
Model | EAP-215 |
Interface | 3x Gigabit Ethernet Ports |
Antenna | Internal 2×2 Dual-polarized directional MIMO antennas 5 GHz: 14.0 dBi Horizontal:43°, Vertical: 18° |
Voltage | 28 Volts |
Button | Reset |
DIP Switch | Role Switch |
Max. Power Consumption | 11.5W |
Power Supply | 12V DC / 802.3af PoE / 24V Passive PoE |
Weatherproof Enclosure | IP65 |
Dimensions ( W x D x H ) | 10.9 × 3.1 × 2.4 in (276 × 79 × 60 mm) |
Warranty | 2Years |