
TP-Link EAP-613 Ceiling Mount Wi-Fi 6 Access Point (AX1800) ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ စီးပွားရေးလုပ်ငန်းသုံး Wi-Fi Access Point တစ်ခု ဖြစ်ပါတယ်။ Wi-Fi 6 နည်းပညာကို အသုံးပြုထားတာကြောင့် Wi-Fi ကွန်ရက်အသုံးပြုသူများပြားတဲ့နေရာတွေမှာပါ မြန်နှုန်းမြင့်ပြီး ချောမွေ့တဲ့ ကွန်ရက်ကို ရရှိစေမှာပါ။ဒီ Access Point ဟာ AX1800 အမျိုးအစားဖြစ်ပြီး စုစုပေါင်း Wi-Fi မြန်နှုန်း 1775 Mbps အထိ ထုတ်ပေးနိုင်ပါတယ်။2.4 GHz Band မှာဆိုရင် 574 Mbps အထိနဲ့ 5 GHz Band မှာဆိုရင် 1201 Mbps အထိ ရရှိနိုင်ပါတယ်။ Wi-Fi 5 (802.11ac) ထက် ပိုမိုမြန်ဆန်တဲ့အတွက် ဗီဒီယိုကြည့်ရှုတာ၊ အွန်လိုင်းအလုပ်လုပ်တာမျိုးတွေမှာ အဆင်ပြေစေပါတယ်။Omada SDN Platform နဲ့ အပြည့်အဝပေါင်းစပ်အသုံးပြုနိုင်တာကြောင့် ကွန်ရက်ပစ္စည်းအားလုံးကို (Access Point, Switches, Routers) တစ်နေရာတည်းကနေ ဗဟိုချုပ်ကိုင်ပြီး စီမံခန့်ခွဲနိုင်ပါတယ်။Omada Mesh နည်းပညာပါဝင်လို့ ကြိုးသွယ်တန်းရခက်တဲ့နေရာတွေမှာတောင် Wi-Fi ကွန်ရက်ကို ကြိုးမဲ့စနစ်နဲ့ ချဲ့ထွင်နိုင်ပါတယ်။Seamless Roaming စနစ်ပါဝင်တဲ့အတွက် သုံးစွဲသူတွေဟာ နေရာရွှေ့လျားတဲ့အခါမှာတောင် Wi-Fi လိုင်းမပြတ်ဘဲ အကောင်းဆုံး Signal ရှိတဲ့ Access Point ကို အလိုအလျောက် ပြောင်းလဲချိတ်ဆက်ပေးပါတယ်။
Brand | TP-link |
Model | EAP-613 |
Interface | 1× Gigabit Ethernet (RJ-45) Port |
Antenna | Internal Omni Antenna (2.4 GHz: 2× 4 dBi) (5 GHz: 2× 5 dBi) |
Button | Reset |
Power Supply | 802.3at PoE / 48 V Passive PoE / 12 V / 1 A DC (Power Adapter IS NOT included) |
Power Consumption | 11.0W (For PoE); 9.9W (For DC) |
Signal Rate | 5 GHz: Up to 1201 Mbps / 2.4 GHz: Up to 574 Mbps |
Frequency | 2.4 GHz and 5 GHz |
Wireless Standards | IEEE 802.11ax/ac/n/g/b/a |
Mounting | Ceiling /Wall Mounting (Kits included) / Junction Box Mounting |
Dimensions ( W x D x H ) | V2 and above: 6.3 × 6.3 × 1.3 in (160 × 160 × 33.6 mm) |
Warranty | 2Years |