Remax ကထုတ်ထားတဲ့ Watch 16 Ultra 2 SE လေးကတော့ အကြမ်းခံတဲ့ Zinc Alloy Body ကိုမှ ဆီလီကွန်လက်ပတ်ကြိုး (၂) ခုပါပြီး ကျယ်ပြန့်တဲ့ မျက်နှာပြင် 2.01-inch HD Screen နဲ့ Premium ဆန်မှုတွေနဲ့ ပြုလုပ်ဖန်တီးထားပါသည်။ Hand Gesture Feature ပါဝင်ပြီး သူ့ကို On လိုက်မယ်ဆိုရင် ဖုန်းလာတဲ့အချိန် လက်ကိုလှုပ်လိုက်တာနဲ့ ဖုန်းကိုင်ပေးမှာဖြစ်ပြီး Features လေးကို မကြိုက်ရင်လဲ Off ထားလို့ရပါသည်။ အပျင်းပြေဆော့ဖို့ Mini Game တစ်ခုလည်းပါပြီး Always-On Display ပါတာကြောင့် Watch Setting ကနေ အဖွင့်၊ အပိတ်လုပ်လို့ရပါသည်။ အားကစားအမျိုးအစား (၁၁) မျိုးပါဝင်ပြီး Built-in Myanmar Language ကြောင့်မြန်မာစာကို ၉၉% မှန်ကန်စွာ ပြပေးနိုင်ပါသည်။ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်စီဂျင် SpO2 ကိုအနီးစပ်ဆုံးတိုင်းတာပေးနိုင်ပြီး ခြေလှမ်းအရေအတွက်နဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းကိုလည်း မှတ်တမ်းတင်ထားပေးနိုင်ပါသည်။ အမျိုးသမီးတွေအတွက် Female Assistant Features ပါဝင်ပြီး အသုံးပြုရအဆင်ပြေစေနေမှာပဲဖြစ်ပါသည်။ နာရီကို အားပြန်သွင်းဖို့ ဘူးမှာပါတဲ့ Wireless Charger နဲ့ သွင်းရမှာဖြစ်ပြီး 230mAh Battery က (၃)နာရီအားသွင်းရုံနဲ့ အသုံးပြုပုံပေါ် မူတည်ပြီး (၃) ရက်ဝန်းကျင်အသုံးပြုလို့ရပါသည်။
Brand | Remax |
Model | Watch 16 Ultra 2 |
Display Type | AMOLED |
Display Size | 2.01 inches |
Battery Capacity | 320 mAh |
Charging Time | About 3 Hours |
Using Time | About 3 Days |
Material | Zinc Alloy Shell |
Dimensions | 6 × 5 × 5 cm |
Weight | 0.4 kg |
Warranty | 1Year |