
Remax ကထုတ်ထားတဲ့ Watch 21 Ultra လေးကတော့ ပါးပါးလေးနဲ့ ကြည်တောက်ရှင်း AMOLED Large Screen မျက်နှာပြင်ကိုမှ ဒိုင်ခွက်အရွယ်အစားက 1.43inch ရှိပြီး 460x460 pixels နဲ့ အထူက 6.5mm ရှိလို့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားနိုင်ပါသည်။ ကိုယ်ထည်က Metal Frame နဲ့ 316 Stainless Steel ဆိုတော့ အကြမ်းလည်းခံပြီး ဒီဇိုင်းမတူတဲ့ သံလိုက်လက်ပတ်ကြိုး (၂) မျိုးပါဝင်ပါသည်။ ကျန်းမာရေးအတွက် နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်စီဂျင်၊ အိပ်စက်ချိန် စတာတွေကို အနီးစပ်ဆုံး တိုင်းတာပေးနိုင်ပြီး တစ်နေ့တာ ခြေလှမ်းအရေအတွက်၊ ခရီးအကွာအဝေး၊ ကယ်လိုရီလောင်ကျွမ်းမှု တွေလည်း မှတ်တမ်းတင်ပေးနိုင်ပါသည်။ အားကစားအတွက် အမျိုးအစား (၁၀) မျိုးအပြင် App ကနေ Fitness နဲ့ ပတ်သက်တဲ့ Training တွေလည်း လုပ်လို့ရပါသည်။ ချိတ်ဆက်ရမယ့် App က CoolWear Pro ဖြစ်ပြီး ချိတ်ဆက်ပုံလည်း လွယ်ကူပါသည်။ App ထဲကနေ ရေသောက်ချိန် သတိပေးတာ၊ အထိုင်များချိန် သတိပေးတာမျိုးလည်း သတ်မှတ်ထားလို့ရပါသည်။ Watch Face တွေလည်း အများကြီးပါပြီး ဖုန်းထဲက ပုံတွေကိုလည်း Watch Face ထားလို့ရပါသည်။ Always on Display ကိုလည်း Pointer ထားမလား Digital ထားမလားရွေးလို့ရပြီး မြန်မာစာလည်း 85% မှန်ကန်ပါသည်။ IP67 Life Waterproof ပါလို့ ရေစို/ချွေးစိုခံနိုင်ပါသည်။ ဖုန်းပျောက်ရင် နာရီကနေ ရှာလို့ရသလို နာရီပျောက်ရင်လည်း ဖုန်းကနေ ရှာလို့ရတဲ့အပြင် နာရီကနေတိုက်ရိုက်ဖုန်းပြောလို့ရပါသည်။ ဘက်ထရီ 180mAh က အားသွင်းချိန် ၂ နာရီခွဲသာပေးရပြီး ပုံမှန်သုံးမယ်ဆို ၂ ရက်ဝန်းကျင်ခံပြီးတော့ အခြေခံလောက်ပဲသုံးမယ်ဆို (၃-၅) ရက်ဝန်းကျင်အသုံးပြုနိုင်ပါသည်။
Brand | Remax |
Model | Watch 21 |
Display Type | Ultra-Thin AMOLED |
Display Size | 1.43inch |
Water Resistance | IP67 |
Battery | 180mAh |
Charging Time | 2.5H |
Working Time | 2-3Days |
Material | Stainless steel + plastic |
Warranty | 1Year |