Beats Pill Wireless Speaker
723,500 Ks

Beats Pill Wireless Speaker လေးကတော့ သယ်ဆောင်ရလည်းလွယ်ကူပြီး ရေစိုလည်းခံတာကြောင့်အဆင်ပြေစေမှာဖြစ်ပါတယ်။ ios / Android အကုန်ချိတ်ဆက်အသုံးပြုနိုင်ပြီး 24 hours battery life ဖုန်းနဲ့ချိတ်ထားရင် ဖုန်းစပီကာ အနေနဲ့လဲသုံးလို့ရပြီးတော့ အားသွင်းကြိုးက USB-C in/out ဖုန်းအားမရှိရင် power bank အနေနဲ့လည်း သုံးလို့မှာဖြစ်ပါတယ်။sorround sound feel လိုချင်တာလား Stereo mode လိုချင်တာလား ရှယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

81 ETO-V88 Box Speaker
785,000 Ks

81 ကထုတ်ထားတဲ့ ETO-V88 Box Speaker လေးကတော့ အရွယ်အစား ၈လက်မရှိပြီး Speaker 2လုံးပါဝင်ပါသည်။ USB /TF card slot MC & guitar input / Built-ln FM radio LIve record function တို့ပါဝင်ပါသည်။ Rechargeable battery ဖြစ်ပြီး Wireless MIC (2) လုံးလည်း ပါဝင်ပါသေးသည်။  Peak Power 120W-500W နဲ့ဖြစ်တာကြောင့် ကြည်လင်ပြတ်သားသောအသံများကို ခံစားနားဆင်နိုင်ပါသည်။

Samsung HW-N300/XT 2CH Flat Sound Bar
426,000 Ks

 Samsung HW-N300/XT 2CH Flat Sound Bar လေးကတော့ wireless ဖြစ်တာကြောင့် ကြိုးရှုပ်ခြင်းမရှိပဲ အရွယ်အစားသေးငယ်တာကြောင့် နေရာစားလဲသက်သာစေပါသည်။ ကျစ်လစ်သောအသံဘားမှ အားကောင်းပြီးပြတ်သားသောအသံများကိုခံစားရရှိနိုင်ပါသည်။ Bluetooth မှတစ်ဆင့် ဝါယာကြိုးများ ရှုပ်ပွခြင်းမရှိဘဲ Samsung TV သို့ လွယ်ကူစွာ ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Built-in USB အပေါက်ပါဝင်ပြီး Samsung Audio အဝေးထိန်းအက်ပ်သည် Android ပေါ်တွင်လည်ပတ်နေသော စမတ်ဖုန်း သို့မဟုတ် တက်ဘလက်ရှိ Samsung Audio အဝေးထိန်းအက်ပ်ဖြင့် sound bar ကိုထိန်းချုပ်နိုင်ပါသည်။ 

product_img1
  • " data-item-price="993,000 Ks" data-item-avail="" data-item-availdesc="">
Samsung HW-Q600C/XT 6.5" Subwoofer 3.1.2CH Sound Bar
993,000 Ks

Samsung ကထုတ်ထားတဲ့ HW-Q600C/XT လေးကတော့ အရွယ်အစား 6.5" ရှိပြီး 3D ပတ်ပတ်လည်အသံအရည်အသွေးကို Dolby Atmos နှင့် DTS:X ဖြင့်နက်ရှိုင်းသော အသံအရည်အသွေးများကိုပေးစွမ်းနိုင်ပါသည်။ True 3.1.2ch အသံ 2-channel အထက် subwoofer 1 ခုနှင့် up-firing စနစ်များ အပါအဝင် အသံချန်နယ် 3 ခု ရှိပြီး လုံးဝသွက်လက်သောအသံ၊ ရှင်းလင်းပြတ်သားပြီး အသေးစိတ်သောအသံကို အပြည့်အဝခံစားနိုင်မှာပဲဖြစ်ပါသည်။

TG-113 Bluetooth Speaker
14,500 Ks

 TG-113 လေးကတော့ 30W output ကိုမှ 20Hz Frequency နဲ့မို့ တည်ငြိမ်တဲ့ Bass သံကိုပေးစွမ်းနိုင်ပါသည်။ တစ်ခါအားသွင်းထားရုံနဲ့ 3-4hrs လောက်ပြန်အသုံးပြုလို့ရတဲ့အပြင် Portable type  မို့အလွယ်တကူသယ်ယူလို့ရမယ့် Speaker လေးတစ်လုံးဖြစ်ပါသည်။ 

BT1810 Bluetooth Speaker
23,000 Ks

 BT1810 လေးဟာဆိုရင် LED Light  နဲ့ 3inch Portable Type လေးဖြစ်ပါသည်။ Bluetooth အပြင် AUX, SD card, USB တွေနဲ့ အသုံးပြုလို့ရတဲ့ Speaker လေးဖြစ်ပါတယ်။ 

Tronsmart Mirtune C2 Protable Outdoor Speaker
170,000 Ks

Tronsmart ကထုတ်ထားတဲ့ Mirtune C2 Protable Outdoor Speaker လေးကတော့ ပေါ့ပေါ့ပါးပါး ဒီဇိုင်း‌လေးကိုမှ မြူးကြွတဲ့ 24W Bass သံနဲ့ဖြစ်တာကြောင့် အကြမ်းဆုံးအမိုက်စားအသံထွက်များကို ပေးစွမ်းနိုင်ပါသည်။ 360 Degree Surround Sound ကိုမှ Fantastic 3 light Mode နဲ့ဖန်တီးပြုလုပ်ပေးထားပြီး PX7 waterproof နဲ့ဖြစ်ပါသည်။Type-C Port လေးနဲ့ ၄နာရီလောက်အားအပြည့်သွင်းထားပြီး Vol 50% လောက်နဲ့သုံးမယ်ဆို နာရီပေါင်း ၂၀နာရီထိအသုံးခံနိုင်ပါသည်။ 

81 ETO-1038 8" Box Speaker
692,000 Ks

81 ETO-1038 လေးသည် အရွယ်အစား 8inch ရှိပြီး အလွယ်တကူသယ်ဆောင်လို့အဆင်ပြေစေရန်အတွက် လက်ကိုင်လေးလဲပါပါသည်။ LED Display အပြင် USB/TF/BT/FM/AUX Radio တို့ပါအသုံးပြုလို့ရပါသည်။ Frequency Response 150-18KHz နဲ့ဖြစ်တာကြောင့် ကြည်လင်ပြတ်သားသောအသံများကိုနားဆင်နိုင်ပါသည်။

81 ETO-1058 8" Box Speaker
610,000 Ks

81 ကထုတ်ထားတဲ့ ETO-1058 လေးကတော့အရွယ်အစား 8inch ရှိပြီး အလှူပွဲ ,တရားပွဲ ,မင်္ဂလာပွဲများ အတွက်အထူးအသုံးဝင်တဲ့ပစ္စည်းလေးဖြစ်ပါသည်။ ကြည်လင်ပြတ်သားသောအသံကိုပေးစွမ်းနိုင်ပြီး Bluetooth Mic (2) လုံးပါ၀င်ပါသည်။ Remote Control ပါဝင်ပြီး အလွမ်းအဆွေးသီးချင်းတွေနဲ့ Feel မလား၊ DJ song တွေနဲ့ဘဲဒွန့်မလား၊ Karaoke songတွေဘဲဆိုမလား အဆင်ပြေစေမှာပဲဖြစ်ပါသည်။ LED Display ပါပြီး USB/TF/BT/FM/Aux Radio များကိုလဲ အသုံးပြုလို့ရပါသည်။

81 ETO-525 5.5" Box Speaker
475,500 Ks

81 ကထုတ်ထားတဲ့ ETO-525 Box Speaker လေးသည် အရွယ်အစား 5.5inch ရှိပြီး Luxury ဆန်ဆန် Design ကျစ်ကျစ်လစ်လစ်နဲ့အသံထွက်အားကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။ Mic DSP System လေးပါလာတာကြောင့် ဘာ echo မှကို တကူးတကချိန်နေစရာပဲ မိုက်နဲ့ဘောက်နဲ့နီးတာ ဝေးတာတွေကို စိတ်ထဲထည့်ထားစရာမလိုပဲ အသုံးပြုနိုင်ပါသည်။ Bluetooth Mic (2) လုံးပါ၀င်တဲ့အပြင် Bluetooth/FM/Card/Stick တွေပါပါပြီး Speaker Watt 100-500 ကြားရှိပါသည်။ Remote Control ပါဝင်ပြီး အလွမ်းအဆွေးသီးချင်းတွေနဲ့ Feel မလား၊ DJ song တွေနဲ့ဘဲဒွန့်မလား။ Karaoke songတွေဘဲဆိုမလား အဆင်ပြေစေမှာပဲဖြစ်ပါသည်။

Remax RB-M16 5.4 Vansound Series Portable Wireless Speaker
77,500 Ks

Remax ကထုတ်တဲ့ RB-M16 ကတော့ အရွယ်အစားသေးငယ်ပေမဲ့ အသံစွာစွာနဲ့ အရွယ်နဲ့မလိုက်တဲ့ Bass အသံတွေကို ခံစားနိုင်မှာပဲဖြစ်ပါသည်။ Bluetooth Version 5.4 နဲ့မလို့ မြန်ဆန်တဲ့ချိတ်ဆက်မှုနဲ့အတူ Sound Output 5W နဲ့ နားထောင်နိုင်ပါသည်။ Compact & Portable ဖြစ်တဲ့ဒီဇိုင်းနဲ့အတူ သယ်ဆောင်ရလွယ်ယူကူတဲ့ ကိုင်းလေးလည်းပါပါသည်။ IP X7 Dust and Water Resistance ပါတာကြောင့် တော်ရုံမိုးစိုမှာတွေအတွက် စိတ်ပူစရာမလိုပဲ အကြမ်းခံမယ့် Wireless Speaker လေးဖြစ်ပါသည်။ 1200mAh Battery Capacity ကိုမှ Type-C Port နဲ့ 2နာရီဝန်းကျင်လောက် အားပြန်ဖြည့်ပြီး 12နာရီလောက်ထိအသုံးပြုလို့ရပါသည်။

Remax RB-M61 5.4 Crimsoy Series Portable Wireless Speaker
855,000 Ks

Remax ကထုတ်ထားတဲ့ RB-M61 လေးသည် မြင်လိုက်တာနဲ့ Premium ဆန်ပြီးလှပတဲ့ RGB မီးနဲ့ဆိုတော့ အမြင်မှာဆန်းနေစေမယ့် ဒီဇိုင်းလေးနဲ့ပြုလုပ်ထားပါသည်။ Speaker Body ကို Plastic + Iron Mesh နဲ့ပေါင်းစပ်ထားပြီး အလွယ်တကူသယ်သွားဖို့ လက်ကိုင်ကိုင်းလေးလည်း ထည့်ပေးထားပါသည်။ အသံထွက်ပိုင်းမှာလည်း 140Watt နဲ့ဆိုတော့နားထောင်လိုက်တာနဲ့ အရမ်းလန်းတဲ့ bass အသံတွေကိုခံစားနိုင်မှာပဲဖြစ်ပါသည်။ 32W Tweeter 2လုံးနဲ့ 55W Woofer ၂လုံးပေါင်းစပ်ပေးထားလို့ အသံထွက်ကရှဲယ်လန်းနေမှာဖြစ်ပါသည်။ Battery အနေနဲ့ 24000mAh ပါပြီး Type-C Port နဲ့ ၈နာရီအားသွင်းထားရုံနဲ့ နာရီ၂၀လောက်အသုံးပြုနိုင်ပါသည်။ ဘူးထဲမှာတစ်ခါတည်း ကြိုးမဲ့မိုက်နှစ်လုံး ထည့်ပေးထားပြီး မိုက်တစ်လုံးစီမှာလည်း Channel(CHB) ခွဲပေးထားတဲ့အပြင် တစ်လုံးချင်းစီရဲ့ MHz ကိုပါ ချိန်ညှိနိုင်ပါသည်။ ကြိုးမဲ့မိုက်တွေက Built-in Battery ပါလို့ အချိန်ကြာကြာအသုံးပြုနိုင်ပြီး အားသွင်းဖို့လည်း Type-C အပေါက်နဲ့ပြန်သွင်းလို့ရပါသည်။ Magic Voice Mode နဲ့ Original အသံကို အမျိုးသမီးအသံ၊ အမျိုးသားအသံ၊ မိန်းကလေးအသံနဲ့ အဘိုးကြီးအသံ တို့ကိုလည်း စိတ်ကြိုက်ပြောင်းလဲအသုံးပြုလို့ရပြီး Applaud(လက်ခုပ်တီးသံ) တွေလည်းအသုံးပြုလို့ရပါသည်။ အမျိုးစားတူနှစ်လုံး ချိတ်ဆက်အသုံးပြုနိုင်တဲ့ TWS Function လည်းပါပြီး တစ်လုံးတည်းနဲ့အားမရတဲ့သူတွေအတွက် နှစ်လုံးချိတ်ပြီး ဟဲလို့ ကဲလို့ ရပါသည်။ ထိုင်ရာကမထပဲ ထိန်းချုပ်နိုင်မယ့် Remote တစ်လုံးလည်းထည့်ပေးထားပြီး AUX အပေါက်က (2)ပေါက်ထည့်ပေးထားပါသည်။ TF Card နဲ့ USB Stick နှစ်မျိုးလုံးကိုလည်း Support ပေးပြီး အရေးပေါ် အချိန်အတွက် ဖုန်းတွေ၊ မိုက်တွေကို Speaker ကနေ အားပြန်သွင်းနိုင်တဲ့ Power Bank Function လေးလည်းပါဝင်ပါသေးသည်။