Remax RT-G2306 Smart Global Position Item Finder
Remax ကထုတ်လုပ်ထားတဲ့ RT-G2306 Smart Global Position Item Finder လေးကတော့ ခဏခဏပစ္စည်းလေးတွေပျောက်တက်တဲ့သူလေးတွေအတွက် အဆင်ပြေစေမည့်ပစ္စည်းလေးဖြစ်ပါသည်။ Find My App လေးကို download လုပ်ပြီး Bluetooth လေးချိတ်ထားရုံနဲ့ အလွယ်တကူ ပစ္စည်းလေးတွေကိုရှာနိုင်မှာပဲဖြစ်ပါသည်။ တစ်ချက်နှိပ်လိုက်တာနဲ့ Beep သံကြားရမယ်၊ Map ပေါ်မှာလည်း နေရာအတိကျ ပြပေးနိုင်ပါသည်။ သော့၊ အိတ်၊ လက်ဆွဲအိတ်၊ ဖုန်း အစရှိတာတွေမှာ တပ်ထားရုံနဲ့ Remax ရဲ့ Item Finder လေးကအလွယ်တကူနဲ့ရှာပေးနိုင်မှာပဲဖြစ်ပါသည်။
Mi Water Dispenser
Mi Water Dispenser သည် ၃ စက္ကန့်အတွင်း ရေနွေးကို ထုတ်ပေးနိုင်ပြီး ရေအေးကိုလည်း လျင်မြန်စွာ ရရှိနိုင်ပါတယ်။ရေအပူချိန်ကို ၇°C ကနေ ၉၅°C အထိ ၁ ဒီဂရီချင်းစီ ညှိနိုင်တာကြောင့် ကလေးနို့မှုန့်ဖျော်တာ၊ လက်ဖက်ရည်နဲ့ ကော်ဖီဖျော်တာ စတဲ့ လိုအပ်ချက်မျိုးစုံအတွက် အသုံးဝင်ပါတယ်။Mi Home App နဲ့ ချိတ်ဆက်ပြီး ရေအပူချိန်၊ ရေပမာဏ စတာတွေကို ဖုန်းကနေတစ်ဆင့် ထိန်းချုပ်နိုင်ပါတယ်။ကလေးငယ်တွေ မတော်တဆ နှိပ်မိခြင်းကနေ ကာကွယ်ပေးတဲ့ Child Lock စနစ် ပါဝင်ပါတယ်။စားပွဲပေါ်တင်ပြီး အသုံးပြုရတဲ့ ရေတိုင်ကီ (Water Tank) ပါတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။Reverse Osmosis (RO) စနစ်အပါအဝင် အဆင့်များစွာရှိတဲ့ စစ်ထုတ်စနစ်တွေ ပါဝင်တာကြောင့် ရေထဲက ပိုးမွှားတွေ၊ အညစ်အကြေးတွေ၊ အနံ့အရသာတွေကို ဖယ်ရှားပေးပါတယ်။
Xiaomi AI Speaker Play (C2WT22549)
Xiaomi AI Speaker Play (C2WT22549) လေးသည် Bass အသံကောင်းကောင်းနဲ့ သီချင်းသံစဉ််များကိုနားထောင်နိုင်မှာပဲဖြစ်ပါသည်။ Voice Control အသုံးပြုလို့ရပြီး Frequency : 2.4GHz နဲ့အလုပ်လုပ်ပေးမှာပဲဖြစ်ပါသည်။Xiaomi Mi Home App / Xiao Ai App (သို့) Xiaomi IoT system မှတဆင့် Wi‑Fi ဖြင့် control လုပ်လို့ရပါသည်။ Bluetooth Version : 4.2 နဲ့ချိတ်ဆက်ပေးမှာဖြစ်ပြီး ချိတ်ဆက်ရာတွင်လည်း လွယ်ကူမြန်ဆန်နေမှာပဲဖြစ်ပါသည်။
Xiaomi AI Speaker 2 (QBH4208CN)
Xiaomi AI Speaker 2 (QBH4208CN) လေးသည် 360° (omnidirectional) အရည်အသွေးရှိပြီး bass အားက medium ဆိုပေမဲ့ mid-range အသံထွက်ပိုင်းသည် ကောင်းမွန်သောအသံကိုပေးစွမ်းနိုင်ပါသည်။ 60 Hz မှာစပြီး 18 kHz အထိ frequency ထုတ်နိုင်ပြီး Dual-band Wi‑Fi (2.4GHz & 5GHz) နှင့် Bluetooth 4.1 / 5.0 စနစ်များ ပါဝင်ပါသည်။
Mi Daily Elements Automatic Umbrella
Mi Daily Elements Automatic Umbrella ဟာ Xiaomi က ထုတ်တဲ့ အလိုအလျောက် ခေါက်သိမ်းနိုင်တဲ့ ထီးတစ်မျိုးဖြစ်ပါတယ်။ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အလိုအလျောက် ဖွင့်နိုင်၊ ပိတ်နိုင်တဲ့စနစ် ပါဝင်ပါတယ်။ ဒါက မိုးသည်းထန်တဲ့အခါ သို့မဟုတ် လက်တစ်ဖက်မအားတဲ့အခါမျိုးမှာ အထူးအဆင်ပြေပါတယ်။ထီးရဲ့ဘောင်ကို အလူမီနီယမ်၊ ဖန်ဖိုင်ဘာ (fiberglass) နဲ့ သံမဏိ (steel) တို့လို ပေါ့ပါးပြီး ခိုင်ခံ့တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ ဒါ့ကြောင့် လေပြင်းဒဏ်ကို ခံနိုင်ရည်ရှိပြီး အလွယ်တကူ လန်သွားခြင်း မရှိအောင် ကာကွယ်ပေးပါတယ်။ 10 Reinforced fiberglass ribs တွေ ပါဝင်တာကြောင့် ပိုမိုခိုင်မာပါတယ်။UVtex FABRICS coating ပါဝင်တဲ့အတွက် နေရောင်ခြည်ကနေ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ UPF (Ultraviolet Protection Factor) 50+ အဆင့်အထိ နေရောင်ခြည်ကို ကာကွယ်နိုင်ပါတယ်။
Mi Smart DC Inverter Floor Fan 1X
Mi Smart DC Inverter Floor Fan 1X လေးကတော့ smart floor-standing fan အမျိုးအစားဖြစ်ပါတယ်။Sleek design ဖြစ်ပြီးတော့ quiet operation ကြောင့် ဆူညံမှုမရှိစေပဲ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။140° oscillation အလုပ်လုပ်ပေးမှာဖြစ်ပြီးတော့ 14 m အကွားအဝေးအထိထားပြီးအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
Mijia DC Inverter Tower Fan 2
Mijia DC Inverter Tower Fan 2 လေးကတော့ DC inverter motor နည်းပညာဖြင့် အလုပ်လုပ်ပေးမှာဖြစ်ပြီး 4 Speeds နဲ့ ချိန်ညှိအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အကွာအဝေး 10 မီတာ၊ အကျယ် 150° ဖြစ်တာကြောင့် အခန်းအကျယ်တွေမှာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
Mi Smart Electric Streamer 12L (MES01)
Mi Mijia Smart Electric Steamer 12 L (Model MES01) သည် Xiaomi ရဲ့ multifunctional steam cooker တစ်ခုဖြစ်ပြီး Power 1500 Wဖြင့် အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။Capacity 12 L ဝင်ဆန့်ပြီး Multi‑Function Cooking ပြုလုပ်နိုင်ပါတယ်။Mi Home App ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပြီး Multi-layer & anti-drip mechanism ကြောင့် အသုံးပြုရအဆင်ပြေစေမည့် Steamer လေးဖြစ်ပါတယ်။
Xiaomi Mijia T301 IPX8 Sonic Electronic Toothbrush
Xiaomi Mijia T301 IPX8 Sonic Electronic Toothbrush လေးကတော့ သွားမှာ ကပ်ငြိနေတဲ့ အစွန်းအထင်းများ ဘက်တီးရီးယားများကို 1min အတွင်း ထိရောက်သော လျှပ်ကူးစွမ်းအားများဖြင့် လျင်မြန်စွာ ဖယ်ရှားပေးပါသည်။ အဆင့်သုံးဆင့်ဖြင့် လိုသလိုချိန်ညှိပြီး အသုံးပြုနိုင်မှာဖြစ်ပြီး 360° ကြိုးမဲ့အားသွင်းထားနိုင်မှာဖြစ်ပါသည်။ IPX8 ကြောင့်ရေစိုခံမှာဖြစ်ပြီး ၄နာရီအားသွင်းထားရုံနဲ့ ရက် ၅၀ ဝန်းကျင်လောက်အသုံးပြုလို့ရမှာဖြစ်ပါသည်။ Weight အနေနဲ့လည်း 109g ထဲရှိတာမို့ ပေါ့ပေါ့ပါးပါးနဲ့အသုံပြုရအဆင်ပြေစေမယ့် Toothbrush လေးဖြစ်ပါသည်။
Mi Sports Sunglasses Gray (MSG07GL)
Mi Sports Sunglasses Gray (MSG07GL) လေးသည် အားကစားသမားတွေအတွက် အဆင်ပြေစေမယ့် glass လေးဖြစ်ပါသည်။ စက်ဘီစီးတာ ၊ပြေးတာတွေလုပ်ခဲ့အခါတွေမှာ အသုံးပြုနိုင်ပြီး နေရောင်ခြည်ရဲ့အလင်းဒဏ်ကိုကာကွယ်ပေးပါသည်။ Aluminum-magnesium alloy ကိုအသုံးပြုပေးထားလို့ အကြမ်းခံပြီး အထားနေစေမှာဖြစ်ပါသည်။
Mi Pressurized Handheld Shower (MJZYSCH01DB)
Mi Pressurized Handheld Shower (MJZYSCH01DB) သည် Xiaomi မှ ထုတ်လုပ်ထားသော ရေဖိအားမြှင့် လက်ကိုင် ရေချိုးခေါင်း ဖြစ်ပါတယ်။ရေဖိအားနည်းတဲ့ နေရာတွေမှာတောင် ရေစီးဆင်းမှုကို ကောင်းမွန်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရေချိုးရတာ ပိုမိုအားရစရာ ဖြစ်စေပါတယ်။ရေပန်းပုံစံ ၃ မျိုး သို့မဟုတ် ထို့ထက်ပို၍ ချိန်ညှိနိုင်ပါတယ်။ မိမိနှစ်သက်ရာ ရေပန်းပုံစံကို ရွေးချယ်နိုင်ပါတယ်။ရေချိုးနေစဉ် ဆူညံသံ မရှိသလောက် နည်းပါးအောင် ထုတ်လုပ်ထားပါတယ်။
Mijia Smart Thermometer & Hygrometer 3 (CR2450)
Mijia Smart Thermometer & Hygrometer 3 (CR2450) လေးကတော့ ရက်စွဲ၊ ရက်သတ္တပတ်၊ အချိန်၊ အပူချိန်၊ စိုထိုင်းဆ၊ နှစ်သိမ့်မှုများကိုပြသနိုင်မည့် ပစ္စည်းလေးဖြစ်ပါသည်။ အပူချိန်နှင့် စိုထိုင်းဆကို 6 စက္ကန့်တိုင်း ပြန်လည်ဆန်းသစ်စေပြီး အပူချိန်နှင့် စိုထိုင်းဆပြောင်းလဲမှုများကို အချိန်နှင့်တပြေးညီ လျင်မြန်စွာ အာရုံခံနိုင်ပါသည်။ အပူချိန်နှင့် စိုထိုင်းဆ 0.1°C နှင့် 1%RH ၏ စိုထိုင်းဆပြောင်းလဲမှုများကို ရောင်ပြန်ဟပ်ကာ အပူချိန်နှင့် စိုထိုင်းဆပြောင်းလဲမှုများကို လျင်မြန်တိကျစွာ စောင့်ကြည့်နိုင်ပြီး အရည်အသွေးကောင်းမွန်သော ပစ္စည်းလေးဖြစ်ပါသည်။