Dell Inspiron 14 7440 2 in 1 (Core5,150U,8GB,SSD512GB,Win11,14-inch)
Dell Inspiron 14 7440 လေးသည် 2-in-1 design ဖြစ်တဲ့အတွက် Laptop အနေနဲ့လည်းအသုံးပြုနိုင်သလို Tablet အနေနဲ့လည်း အသုံးပြုနိုင်ပါသည်။ Screen Size 14inch ရှိပြီး Intel Core 5 150U processor ကိုအသုံးပြုပေးထားပါသည်။ 1920×1200 Resolution နဲ့မို့ကြည်လင်ပြတ်သားသော ရုပ်ထွက်များကို ခံစားကြည့်ရှုနိုင်ပြီး Comfort View Technology ပါဝင်တာကြောင့် မျက်စိထိခိုက်မှု့များမှလည်း ကာကွယ်ပေးနိုင်ပါသည်။ RAM 8GB DDR5 နဲ့အညီ လိုက်ဖက်ညီသော Storage 512GB PCIe NVMe SSD ကိုထည့်သွင်းပေးထားပါသည်။ Intel UHD Integrated ပါဝင်ပြီး Word, PowerPoint, Excel စတဲ့ Office ပရိုဂရမ်တွေအတွက်အဆင်ပြေစေပါသည်။ Touchscreen နဲ့ stylus (pen) သုံးပြီး Note ရေးတာ၊ စာအုပ်ဖတ်တာများလည်းအသုံးပြုနိုင်ပြီး Portability နှင့် convertible functionality လိုအပ်သူများအတွက် သင့်တော်ပါသည်။ သေးငယ်ပေါ့ပါး အသုံးပြုရ လွယ်ကူပြီး၊ သယ်ဆောင်ရအဆင်ပြေတဲ့ laptop တစ်လုံးဖြစ်ပါတယ်။