TCL F709TLG Top Load Washing Machine လေးသည် Capacity 9.5kg ဝင်ဆံ့ပြီး အဝတ်အထည် အမြောက်အမြားကို တစ်ခါတည်းနဲ့ စင်ကြယ်အောင် လျှော်ဖွပ်ပေးနိုင်တဲ့အတွက် အချိန်ကုန် သက်သာစေပါသည်။ ဒရမ်အတွင်းပိုင်းကို ပျားအုံပုံစံ (Honeycomb) ဒီဇိုင်းဖော်ထားလို့ အဝတ်အထည်များ ပွတ်တိုက်မှုဒဏ်ကြောင့် အမျှင်ထွက်ခြင်းနှင့် ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အညစ်အကြေးကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါသည်။ : အဝတ်အစား အလေးချိန်ပေါ် မူတည်ပြီး လိုအပ်တဲ့ ရေပမာဏနဲ့ လျှော်ဖွပ်မည့်အချိန်ကို စက်က အလိုအလျောက် တွက်ချက်ပေးတဲ့အတွက် ရေနှင့် လျှပ်စစ်ဓာတ်အားကို ချွေတာပေးနိုင်ပါသည်။ အပေါ်ဖုံးတံခါးကို မှန်အကြည် (Tempered Glass) နဲ့ ပြုလုပ်ထားပြီး အပိတ်အဖွင့်လုပ်ရာမှာ ဖြည်းညှင်းစွာ ပိတ်ပေးတဲ့အတွက် လက်ညှပ်ခြင်းနှင့် ဆူညံသံထွက်ခြင်းမှ ကာကွယ်ပေးပါသည်။ မိသားစုဝင် ၄ ဦးမှ ၆ ဦးအထိရှိသော အိမ်ထောင်စုများအတွက် အထူးသင့်လျော်ပြီး ခေတ်မီနည်းပညာများနှင့် ရိုးရှင်းသော ဒီဇိုင်းကို ပေါင်းစပ်ထားသည့် အဝတ်လျှော်စက်တစ်ခု ဖြစ်ပါသည်။
| Brand | TCL |
| Model | F709TLG |
| Washing Capacity | 9.5kg |
| Washing Power (W) | 500W |
| Spin Power (W) | 510W |
| Power Supply | 230V/50Hz |
| Warranty | 3 years |