Panasonic ကထုတ်ထားတဲ့ NN-ST21QWYPQ Solo Microwave လေးသည် Capacity 20Liters ဝင်ဆံ့ပြီး ကျစ်လျစ်သော ဒီဇိုင်းရှိသည့်အတွက် မီးဖိုချောင်တွင်နေရာစား သက်သာစေပါသည်။ Cooking Power: အမြင့်ဆုံး 800 Watts အထိရှိပြီး အစားအစာများကို လျင်မြန်စွာ ကျက်စေပါသည်။ အပူချိန်ကို အဆင့် ၅ ဆင့် (High, Med-High, Medium, Defrost, Low) အထိ ချိန်ညှိနိုင်သည့်အတွက် ဟင်းနွှေးရုံတင်မကဘဲ အမျိုးမျိုးသော ချက်ပြုတ်မှုများအတွက် အဆင်ပြေစေပါသည်။ အလိုအလျောက် ချက်ပြုတ်ပေးမည့် Auto Menus ၁၀ မျိုး ပါဝင်ပြီး ခလုတ်တစ်ချက်နှိပ်ရုံဖြင့် စက္ကန့် ၃၀ တိုး၍ အမြန်နွှေးပေးနိုင်သည့် လုပ်ဆောင်ချက်ပါဝင်သည်။ နေ့စဉ်ချက်ပြုတ်ပြင်ဆင်မှုများအတွက် ရိုးရှင်းပြီး ထိရောက်မြန်ဆန်စေရန် ထုတ်လုပ်ထားတာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမည့် Microwave လေးဖြစ်ပါသည်။
| Brand | Panasonic |
| Model | NN-ST21QWYPQ |
| Voltage | 220 - 240 V |
| Frequency | 50Hz |
| Capacity | 20L |
| Power | 800 Watts |
| Power Levels | 5 Levels (High, Med-High, Medium, Defrost, Low) |
| Warranty | 1 year |