Mi Mijia 1S Electric Kettle လေးသည် အဖြူရောင် Matte finish နဲ့ ရိုးရှင်းပြီး သန့်ရှင်းတဲ့ ဒီဇိုင်းဖန်တီးပြုလုပ်ပေးထားပါသည်။ ရေထိတွေ့မယ့် အတွင်းပိုင်းကို 304 Stainless Steel နဲ့ ပြုလုပ်ထားလို့ သံချေးမတက်သလို သန့်ရှင်းရလွယ်ကူပြီး အပြင်ပိုင်းကို အပူလောင်ခြင်းကနေ ကာကွယ်ပေးတဲ့ Double-layer Heat Insulation နဲ့ ပြုလုပ်ထားပါသည်။ Capacity 1.5Liters ဝင်ဆံ့ပြီး 1800W ပါဝါရှိတာကြောင့် ရေအပြည့်ကို ၅ မိနစ်ဝန်းကျင်အတွင်း ဆူအောင် တည်ပေးနိုင်ပါသည်။ ရေကုန်ရင် အလိုအလျောက် ပိတ်ပေးတဲ့စနစ် (Boil-dry protection) နဲ့ လျှပ်စစ်ရှော့ခ်မဖြစ်အောင် ကာကွယ်ပေးတဲ့ စနစ်တွေ ပါဝင်ပြီး အရည်အသွေးကောင်းမွန်သောပစ္စည်းလေးဖြစ်ပါသည်။
| Brand | Mi |
| Model | MJDSH03YM |
| Capacity | 1.5Liters |
| Frequency | 50Hz |
| Voltage | 220V ~ |
| Power | 1800W |
| Dimensions | 204 x 145 x 235 mm |
| Weight | 1.3 kg |