Remax ကထုတ်လုပ်ထားတဲ့ F27 Fonzyr Series Circulation Desktop Fan လေးသည် အရွယ်အစားအနေနဲ့ (၇)လက်မခွဲဝန်းကျင် အလယ်အလတ်အရွယ်အစားလောက်ပဲရှိတာကြောင့်မလို့ နေရာစုံထားနိုင်မယ့် Fan လေးဖြစ်ပါသည်။ တစ်ခြား Fan တွေနဲ့ မတူတဲ့ အားသာချက်လေးတွေကတော့ စားပွဲခုံပေါ်မှာ တင်ထားလို့ရသလို နံရံမှာလည်း ကပ်ထားလို့ရတဲ့အပြင် ချိတ်စရာချိတ်ကလေးပါတာကြောင့် ကြိုက်တဲ့နေရာမှာချိတ်ထားလို့ရပါသည်။ အောက်ခြေကို (360) Degree ဘေးတိုက်ချိန်ညှိနိုင်သလို အပေါ်အောက် (90) Degree ပါလှည့်နိုင်ပါသည်။ Air Flow ကိုထည်း Low, Medium, High ဆိုပြီး သုံးမျိုးစီပြောင်းလဲနိုင်ပြီးတော့ Low အဆင့်မှာတင် လေအားပြင်းတာကြောင့် အသုံးပြုရာတွင် အကြိုက်တွေ့စေမှာပဲဖြစ်ပါသည်။ Battery Capacity 1200mAh ပါဝင်ပြီးတော့ Type-C အားသွင်းပေါက်နဲ့ဖြစ်တာကြောင့် အားသွင်းချိန် (၂) နာရီလောက်အချိန်ပေးရုံတဲ့ Air Flow အပေါ်မူတည်ပြီး (၃) နာရီလောက်ထိ အသုံးပြုလို့ရပါသည်။ ညဘက်အိပ်စက်တဲ့အချိန်မှာလည်း ဖွင့်ထားမှန်းသတိမထားမိလောက်အောင်ကို ဆူညံခြင်းမရှိတာကြောင့် အေးဆေးအိပ်စက်နိုင်မည့် Fan လေးဖြစ်ပါသည်။
| Brand | Remax |
| Model | F27 |
| Battery Capacity | 1200 mAh |
| Charging Time | 2 hours |
| Using Time | 1 hour – 3.5 hours |
| Speed Levels | Low / Medium / High |
| Adjustments | 90° Up & Down Tilt Adjustment |
| Movement | 360° Rotation Base |
| Type | Desktop Fan |