
DM CR026 2-in-1 USB 3.0 TF/SD Card Reader ဆိုတာကတော့ ကွန်ပျူတာ (PC) နဲ့ လက်တော့ပ်တွေမှာ အသုံးများတဲ့ USB-A အပေါက်ကနေ SD Card နဲ့ MicroSD (TF Card) တို့ကို ဖတ်ရှုနိုင်အောင် ပြုလုပ်ထားတဲ့ ကတ်ဖတ်စက် (Card Reader) တစ်ခုဖြစ်ပါတယ်။ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေ၊ သီချင်းတွေနဲ့ အခြားအချက်အလက်တွေကို ကင်မရာ၊ ဖုန်း သို့မဟုတ် Tablet ကနေ ကွန်ပျူတာဆီ အလွယ်တကူ လွှဲပြောင်းနိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။USB 3.0 (USB-A) အပေါက်ကို အသုံးပြုထားတာကြောင့် မြန်နှုန်းမြင့်တဲ့ Data Transfer ကို ရရှိစေပါတယ်။ USB 2.0 နဲ့လည်း နောက်ပြန် အသုံးပြုနိုင်ပါတယ်။Driver (သို့) Software ထပ်ထည့်စရာမလိုဘဲ ကွန်ပျူတာရဲ့ USB Port မှာ တပ်ဆင်လိုက်တာနဲ့ ချက်ချင်းအသုံးပြုနိုင်ပါတယ်။SD Card အတွက် SD Slot နဲ့ MicroSD Card အတွက် TF Slot ဆိုပြီး ကတ်အပေါက်နှစ်ခု ပါဝင်ပါတယ်။ABS Plastic နဲ့ Zinc Alloy တို့ကို ပေါင်းစပ်ပြုလုပ်ထားတဲ့အတွက် ကြာရှည်ခံကာ ပေါ့ပါးမှုရှိပါတယ်။
Brand | DM |
Model | CR026 |
Card Reader Slots | SD / TF (Micro SD) |
Material | Aluminum Alloy |
Interface | USB 3.0 |
Reading Speed | 80MB/s |
Dimensions | 60x20x10mm |