Mi Multifunctional Flashlight (MJSDT002QW)
Mi Multifunctional Flashlight လေးသည် Adjustable Brightness ဖြစ်တာကြောင့် Stepless dimming ဖြင့် လိုအပ်သလို အလင်းထွက်ကို ပြင်နိုင်ပါသည်။ အထွက်အလင်းအား တော်တော်များပြီး အလင်းထွက်၏ အရှည်ကတော့ အနည်းဆုံး 240 မီတာအထိရောက်နိုင်ပါသည်။ Spot light နဲ့ Flood light မှာ ပြောင်းနိုင်သော adjustable zoom design ပါဝင်ပါသည်။ 3100mAh Lithium-ion Battery ပါဝင်ပြီး အားအပြည့်သွင်းထားရင် နာရီ(၉၀)ထိ အသုံးပြုနိုင်ပါသည်။ USB-C Charging နဲ့ဖြစ်ပြီး Type-C ဖြင့်ပြန်လည် အားသွင်းနိုင်ပါသည်။
- In Stock
_1757408874500.png)
Mi Multifunctional Flashlight လေးသည် Adjustable Brightness ဖြစ်တာကြောင့် Stepless dimming ဖြင့် လိုအပ်သလို အလင်းထွက်ကို ပြင်နိုင်ပါသည်။ အထွက်အလင်းအား တော်တော်များပြီး အလင်းထွက်၏ အရှည်ကတော့ အနည်းဆုံး 240 မီတာအထိရောက်နိုင်ပါသည်။ Spot light နဲ့ Flood light မှာ ပြောင်းနိုင်သော adjustable zoom design ပါဝင်ပါသည်။ 3100mAh Lithium-ion Battery ပါဝင်ပြီး အားအပြည့်သွင်းထားရင် နာရီ(၉၀)ထိ အသုံးပြုနိုင်ပါသည်။ USB-C Charging နဲ့ဖြစ်ပြီး Type-C ဖြင့်ပြန်လည် အားသွင်းနိုင်ပါသည်။
Brand | Xiaomi |
Model | MJSDT002QW |
Lighting Range | 1000lm၊ 240m |
Battery | 3100mAh lithium-ion |
Working Time | Up to 90h |
Water Proof | IP65 |
Dimension | 130 × 30 × 30 mm |
Weight | 125g |
Related Products
Mi Split Camping Light (MJLYD001QW)
Mi Split Camping Light လေးကတော့ မီးအားအဆင့်သတ်မှတ်ချက်အနေနဲ့ အဆင့်(၅)ဆင့်ပါဝင်ပါသည်။ ပထမအဆင့် အဖြူဘက်ကိုသန်းတဲ့ မီးအဝါရောင်လေးဖြစ်ပြီး ပထမအဆင့် မီးအဝါရောင်လေးကိုကိုယ်ကြိုက်တဲ့ အဆင့်မှာထားပြီး ထွန်းညှိလို့ရတာကြောင့် စာကြည့်မီးအဖြစ်အသုံးပြုလို့ရပါသည်။ ဒုတိယအဆင့်မှာတော့ မှိတ်တုတ်မှိတ်တုတ် မီးအဝါရောင်လေးဖြစ်ပြီး ထင်းမီးဖိုလေး အနားမှာထိုင်နေရသလို ခံစားချက်လေးဖြစ်သွားစေတာကြောင့် သဘာ၀ဆန်တဲ့ မီးအရောင်လေးရရှိစေပါသည်။ တတိယအဆင့်မီးလင်းအားကတော့ ခုနက မှိတ်တုတ်မှိတ်တုတ်မီးလင်းအားအဆင့်ကို speed အနည်းငယ် မြန်မှာဖြစ်ပြီး ထင်းမီးဖိုမှာ မီးအရမ်းတတ်ပြီး မီးတောက်အဝါရောင်လေးတွေ အမြန်လှုပ်ရှားနေသလိုမျိုး ရရှိစေမှာပဲဖြစ်ပါသည်။ လေးဆင့်မြောက်မီးလင်းအားကတော့ မီးရောင်ဆယ်ရောင်ကို တစ်ရောင်မှတစ်ရောင် အချိုးကျပြောင်းလဲပေးသွားမည့် အဆင့်ဖြစ်ပြီး နောက်ခံ background မီးအရောင် အဖြစ်အသုံးပြုလို့ရသလို အခန်းထဲမှာဖွင့်ထားမယ်ဆိုရင်လဲ စိတ်ကို Relax ဖြစ်စေပါသည်။ ငါးဆင့်မြောက်မီးအလင်းရောင်ကတော့ မီးအရောင်ဆယ်ရောင်ကို အကြာကြီးနေမှ (4min,5min) ခြားတစ်ခါ အရောင်ပြောင်းပေးမှာ ဖြစ်ပြီး တစ်ရောင်တည်းကိုစိတ်ငြိမ်စေရန်အလို့ငှာ အသုံးပြုလို့ရပါသည်။ secondary light အနေနဲ့ မီးအိမ်ရဲ့ အလယ်မှာပါတဲ့ အချောင်းလေးကို ထုတ်ယူလိုက်မယ်ဆိုရင်တော့ သွားလေရာယူဆောင်သွားနိုင်တဲ့ ဓာတ်မီးအနေနဲ့ရော candle light အနေနဲ့ ရော နှစ်မျိုးထပ်ပြီးအသုံးပြုလို့ရပါသည်။ Candle light ရဲ့မီးအရောင်လေးဟာဆိုရင်တော့ တကယ်ကို ဖယောင်းတိုင်မီးရဲ့ မီးအလင်းအရောင်လေးလိုပဲ အရမ်းကိုသဘာ၀ဆန်စေပါသည်။ Type-C Charging လေးနဲ့ အားသွင်းပေးရမှာဖြစ်ပြီး Battery 4800mAh ပါ၀င်တာဖြစ်လို့ 6နာရီ ကနေ 8နာရီအကြား အသုံးပြုလို့ရပါသည်။ Candle light ကိုလဲသီးသန့် အားသွင်းစရာမလိုဘဲ main မီးအိမ်မှာစိုက်ထားလိုက်ရုံနဲ့ အားသွင်းပြီးသားဖြစ်မှာဖြစ်ပြီး mAhကတော့ 800mAh ပါဝင်ပါသည်။ Multifunctional ဖြစ်ပြီး အရမ်းအသုံး၀င်တဲ့ မီးအိမ်လေးဖြစ်ပါသည်။
Mi Portable Electric Water Flosser (F300)
Mi Portable Electric Water Flosser (F300) လေးကတော့ သွားကြားနှင့် သွားဖုံးများအား သန့်ရှင်းရေးအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ရေဖြန်းစက် (Oral Irrigator) တစ်မျိုးဖြစ်ပါသည်။ သွားပွတ်တံတစ်ခုတည်းဖြင့် မရောက်နိုင်သော နေရာများမှ အစားအစာအကြွင်းအကျန်များနှင့် သွားချေးများကို ဖယ်ရှားပေးခြင်းဖြင့် ပါးစပ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် ကူညီပေးပါသည်။ ဆန်းသစ်သော Umbrella Pulse နည်းပညာ ဖြင့် ရေဖိအားကို နှစ်လွှာခွဲ၍ အသုံးပြုနိုင်ပြီး အတွင်းပိုင်းရေစီးကြောင်းက သွားကြားများကို သန့်စင်ပေးပြီး အပြင်ဘက်ရေမှုန်ရေမွှားက သွားဖုံးလိုင်းများကို သန့်စင်ပေးနိုင်ပါသည်။ သာမန် water flosser များထက် ၇ ဆ ပိုမိုထိရောက်စွာ သန့်စင်နိုင်ပြီး ၄၇% ပိုမိုနူးညံ့သော ရေစီးကြောင်းဖြင့် သွားဖုံးများကို မထိခိုက်စေဘဲ သန့်စင်ပေးနိုင်ပါသည်။မြင့်မားသော ရေဖိအားနှင့် လှိုင်းနှုန်း တစ်မိနစ်လျှင် ၂၀၀၀ ကြိမ်နှုန်းအထိ မြင့်မားသော လှိုင်းနှုန်း (high-frequency pulse) ဖြင့် ရေဖိအား 140PSI အထိ ထုတ်ပေးနိုင်ပါသဖြင့် သွားချေး (Plaque) များကို 99.4% အထိ ဖယ်ရှားပေးနိုင်ပါသည်။ Smart Pressure Stabilization System ကြောင့် ဘက်ထရီအားနည်းနေသည့်တိုင် ရေဖိအားကို တစ်သမတ်တည်း ထိန်းထားပေးနိုင်မှာပဲဖြစ်ပါသည်။ 240ml ပမာဏရှိသော water tank ပါရှိသဖြင့် တစ်ကြိမ်တည်းဖြင့် ပါးစပ်တစ်ခုလုံးကို သန့်စင်ပေးနိုင်သည်။ ၄ နာရီခန့် အားသွင်းရုံဖြင့် Gentle Mode ဖြင့် အသုံးပြုပါက ၁၁၅ ရက်အထိ (သို့) Standard Mode ဖြင့် အသုံးပြုပါက ၅၅ ရက်အထိ အသုံးပြုနိုင်ပါသည်။ IPX7 ဖြစ်တာကြောင့် ရေစိမ်ခံနိုင်သဖြင့် ရေချိုးခန်းတွင်းသုံးစွဲရန်နှင့် သန့်ရှင်းရေးလုပ်ရန် လွယ်ကူပါသည်။ ၂ မိနစ် အလိုအလျောက်ပိတ်စနစ် (2-minute auto power-off) ပါတာကြောင့် အပူလွန်ကဲခြင်းမှ ကာကွယ်ရန် ၂ မိနစ်အကြာ အလိုအလျောက် ပိတ်ပေးပါသည်။ ခရီးဆောင်နိုင်ခြင်း (Portable) ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသော ဒီဇိုင်းကြောင့် ခရီးသွားရာတွင်လည်း အဆင်ပြေစေပါသည်။ ရေဖိအား ရုတ်တရက် မြင့်မားခြင်းကြောင့် သွားဖုံးများ မထိခိုက်စေရန် စတင်ဖွင့်ချိန်တွင် ရေဖိအားကို ဖြည်းညှင်းစွာ မြှင့်တင်ပေးပါသည်။ Portable လေးမို့ ခရီးသွားရာတွင်လည်း သယ်ဆောင်ရလွယ်ကူစေပါသည်။
Mi Multifunctional LED Charging Desk Lamp (MJTD05YL)
Mi Multifunctional LED Charging Desk Lamp လေးသည် စာဖတ်ခြင်း၊ Computerကြည့်ခြင်း၊ ညအိပ်မီးတွေအဖြစ်အသုံးပြုခြင်း၊ Blue Light မပါဝင်ဘဲ မျက်လုံးကို ထိခိုက်စေမယ့်နှုန်းက 0% (RG0) ဆိုတော့ ကလေးတွေ စာကြည့်မီးအဖြစ်သုံးဖို့ သင့်တော်ပါသည်။ စားပွဲတင် မီးအိမ်အဖြစ်လဲ သုံးလို့ရသလို နေရာမစားစေပဲ ကြိုက်တဲ့နေရာမှာ ညှပ်ထားနိုင်တဲ့ ညှပ်လဲပါဝင်ပါသည်။ နေ့ဘက်ရဲ့အလင်းရောင်က Ra100 လို့သတ်မှတ်တယ်ဆိုရင် သူ့ရဲ့လင်းအားက Ra90 မို့ နေ့ခင်းဘက်လိုအလင်းရောင်ပေးနိုင်ပါသည်။ မီးအိမ်မှာ ခိုင်မြဲတဲ့သံလိုက်ပါတာနဲ့မို့ ဖြုတ်ယူပြီး အလွယ်တကူဓါတ်မီးအဖြစ်လဲ သုံးလို့ရပြီး သံလိုက်နဲ့ ၃၆၀ ဒီဂရီ လှည့်လို့ရတာမို့ သုံးရတာ အရမ်းကိုအဆင်ပြေစေပါသည်။ 2000mAh Battery နဲ့ အဖျော့ဆုံးအလင်းမှာထားသုံးရင် နာရီ ၃၀ ဝန်းကျင်လောက်အားခံပါသည်။ အလင်းအားအဆင့် (၄) ဆင့်ပါပြီး အသုံးပြုတဲ့ အလင်းအားပေါ်မူတည်ပြီး အသုံးပြုနိုင်ချိန်ကွာနိုင်ပါသည်။ 100% အပြည့်အလင်းအားနဲ့ သုံးမယ်ဆိုရင်တော့ ၄ နာရီဝန်းကျင်အသုံးပြုနိုင်ပါသည်။ သုံးနေရင်းအားကုန်သွားလဲ စိတ်ပူစရာမလိုပဲ Type C Port ကနေ အားသွင်းလို့ရတာအပြင် Power bank နဲ့ တွဲသုံးလို့ရပါသည်။ အားနည်းသွားလဲ အလင်းအားက လိုက်လျော့သွားခြင်းမရှိဘဲ ပုံမှန်အတိုင်းလင်းပေးနေမှာဖြစ်ပြီး Non Video Flicker မို့ Blogger တွေအတွက်လဲ အရမ်းကိုအဆင်ပြေစေပါသည်။
Mi Smart Desk Lamp 2 (MJTD06YL)
Xiaomi ရဲ့ Mijia Desk Lamp 2 ဟာ မိသားစုအတွက် မီးအလင်းရောင်ကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ အရည်အသွေးမြင့်တဲ့ မီးအိမ်ဖြစ်ပြီး မျက်စိကျန်းမာရေးကို ဦးစားပေးထားတဲ့ မီးအိမ်တစ်လုံးဖြစ်ပါသည်။ Xiaomi ရဲ့ HyperOS နည်းပညာနဲ့ အလင်းရောင်အဆင့်၊ အရောင်အပူချိန်၊ အလင်းရောင်အရည်အသွေး စတာတွေကို စမတ်ဖုန်းနဲ့ ထိန်းချုပ်နိုင်ပါသည်။ အရည်အသွေးမြင့်မီးအလင်းရောင် Ra97 (2700K မှ 5100K အတွင်း) ဖြစ်ပြီး၊ သဘာဝမီးအလင်းရောင်နဲ့ နီးစပ်တဲ့ အရောင်ကိုထွန်းလင်းပေးမှာ ဖြစ်ပါသည်။ CQC Reading & Writing Desk Lamp AA-Level နှင့် Learning Lamp AAAA-Level အတည်ပြုချက်များရရှိထားပြီး၊ မျက်စိကျန်းမာရေးကို အထူးဂရုပြုပေးထားပေးပါသည်။ မီးအိမ်တစ်လုံးအနေနဲ့ အလင်းရောင်ပေးနိုင်မှု၊ မျက်စိကိုကာကွယ်မှု၊ flicker control, glare reduction, color accuracy စတဲ့ Function များစွာပါဝင်ပါသည်။ hight quality LED မီးသီးလေးများကို အသုံးပြုထားပြီး မျက်စိကို မထိခိုက်စေရန်အကောင်ဆုံးရည်ရွယ်ထားတာကြောင့် အသုံးပြုရာတွင် အဆင်ပြေစေမှာပဲဖြစ်ပါသည်။
Mi Wireless Negative Ion Straight Hair Comb(MJZFS01LF)
Mi Wireless Negative Ion Straight Hair Comb လေးသည် ion emitters ၆ ခုကနေထုတ်လုပ်ထားသော high-concentration negative ions များပါဝင်တာကြောင့် frizz ကိုချောမွေ့စေပြီး static လျော့နည်းစေကာ ဆံပင်ကိုပိုမိုကောင်းမွန်စေပါသည်။ Cordless ဒီဇိုင်းကြောင့် သယ်ဆောင်ရာတွင်လည်း လွယ်ကူစေပါသည်။ Travel Lock (Airplane Mode) ပါဝင်ပြီး Touch button မတောင်းခင် lock လုပ်ထားနိုင်တာကြောင့် နှောင့်နှေးမှုကင်းစေတာကြောင့် အသုံးပြုရာတွင် စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါသည်။ အပူချိန်အနေနဲ့ 160 °C / 180 °C / 200 °C အဆင့်သုံးဆင့်ထည့်ပေးထားပြီး ဆံပင် texture အမျိုးမျိုးအတွက် ကိုက်ညီအောင် ထိန်းညှိပေးနိုင်ပါသည်။ MCH ceramic heating element က stable temperature ကိုထိန်းပေးထားတာကြောင့် ဆံပင်ပျက်စီးမှု့များကိုလည်း အနည်းဆုံးဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။ Battery Capacity 3200mAh ပါဝင်ပြီး တစ်ကြိမ်အားအပြည့်သွင်းထားရင် ၄ကြိမ်အထိအသုံးပြုနိုင်ပါသည်။
Mi Smart Dumbbell (MJYL01YM)
Mi Smart Dumbbell (MJYL01YM) ဟာ Xiaomi ရဲ့ Mijia အမှတ်တံဆိပ်အောက်က ထုတ်လုပ်ထားတဲ့ smart dumbbell ဖြစ်ပါတယ်။ ဒီ dumbbell ဟာ သမားရိုးကျ dumbbell တွေနဲ့ မတူဘဲ နည်းပညာအသစ်တွေ ထည့်သွင်းထားတဲ့အတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကို ပိုမိုထိရောက်စေပါတယ်။built-in six-axis gyroscope နဲ့ accelerometer sensor တွေပါဝင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ပြုလုပ်လိုက်တဲ့ အရေအတွက်၊ အချိန်ကာလနဲ့ ကယ်လိုရီလောင်ကျွမ်းမှုပမာဏတွေကို တိကျစွာ တွက်ချက်ပေးနိုင်ပါတယ်။dumbbell ရဲ့ လက်ကိုင်နေရာမှာ LED dot-matrix display တစ်ခုပါဝင်ပြီး လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း အချက်အလက်တွေကို တိုက်ရိုက်ပြသပေးပါတယ်။Mi Home (Mijia) app နဲ့ ချိတ်ဆက်ပြီး လေ့ကျင့်ခန်းလုပ်နည်း ဗီဒီယိုလမ်းညွှန်တွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လေ့ကျင့်ခန်းပုံစံတွေ ဖန်တီးတာ၊ လေ့ကျင့်ခန်းရဲ့ အရှိန်အဟုန်ကို ချိန်ညှိတာနဲ့ လေ့ကျင့်ခန်းမှတ်တမ်းတွေကို အချိန်နဲ့အမျှ ကြည့်ရှုနိုင်တာမျိုးတွေလည်း လုပ်ဆောင်နိုင်ပါတယ်။dumbbell ဟာ ဝိတ်ချိန်ညှိနိုင်တဲ့စနစ်ပါဝင်ပါတယ်။ တစ်ခုချင်းစီမှာ ၁ ကီလိုဂရမ် အခြေခံဝိတ်ပါဝင်ပြီး ဝိတ်ချပ်လေးတွေ (၀.၅ ကီလိုဂရမ်) လေးခုပါဝင်တဲ့အတွက် ၁ ကီလိုဂရမ်မှ ၃ ကီလိုဂရမ် အထိ ချိန်ညှိအသုံးပြုနိုင်ပါတယ်။AA ဘက်ထရီနှစ်လုံးနဲ့ အလုပ်လုပ်ပြီး တစ်ခါထည့်ထားရင် ရက်ပေါင်း ၁၇၇ ရက်အထိ အသုံးပြုနိုင်ပါတယ်။
Mi Portable Electric Water Flosser (F400)
Mi Portable Electric Water Flosser (F400) လေးသည် သာမန် Brush နဲ့ တိုက်သလိုမဟုတ်ဘဲ Water Pressure နဲ့ သွားထဲက အကျွင်းအကျန်အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါသည်။ တစ်မိနစ်စီတိုင်းမှာ အကြိမ်ပေါင်း (၁၇၀၀) နဲ့ ညီမျှတဲ့ Strong Pulsing Water Flow နဲ့ အညစ်အကြေးတွေကို 99% ထိဖယ်ရှားပေးပါသည်။ Cleaning Mode လည်း ကိုယ့်အခြေအနေနဲ့အလိုက် ပြောင်းသုံးနိုင်ပြီး Stable Water Pressure နဲ့ တကယ်ကို ရှင်းသန့်တောက်ပြောင်တဲ့သွားကို ရရှိစေပါသည်။ IPX7 Waterproof မို့ သန့်ရှင်းရေးပြန်လုပ်ရတာလည်း လွယ်ကူပြီး အားသွင်းရတာလည်း တကယ်ကိုအချိန်ပေးစရာမလိုဘဲ တစ်ကြိမ်အားသွင်းရုံနဲ့ ရက် (၃၀) လောက်အသုံးပြုလို့ရပါသည်။
Mi Water Dispenser
Mi Water Dispenser သည် ၃ စက္ကန့်အတွင်း ရေနွေးကို ထုတ်ပေးနိုင်ပြီး ရေအေးကိုလည်း လျင်မြန်စွာ ရရှိနိုင်ပါတယ်။ရေအပူချိန်ကို ၇°C ကနေ ၉၅°C အထိ ၁ ဒီဂရီချင်းစီ ညှိနိုင်တာကြောင့် ကလေးနို့မှုန့်ဖျော်တာ၊ လက်ဖက်ရည်နဲ့ ကော်ဖီဖျော်တာ စတဲ့ လိုအပ်ချက်မျိုးစုံအတွက် အသုံးဝင်ပါတယ်။Mi Home App နဲ့ ချိတ်ဆက်ပြီး ရေအပူချိန်၊ ရေပမာဏ စတာတွေကို ဖုန်းကနေတစ်ဆင့် ထိန်းချုပ်နိုင်ပါတယ်။ကလေးငယ်တွေ မတော်တဆ နှိပ်မိခြင်းကနေ ကာကွယ်ပေးတဲ့ Child Lock စနစ် ပါဝင်ပါတယ်။စားပွဲပေါ်တင်ပြီး အသုံးပြုရတဲ့ ရေတိုင်ကီ (Water Tank) ပါတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။Reverse Osmosis (RO) စနစ်အပါအဝင် အဆင့်များစွာရှိတဲ့ စစ်ထုတ်စနစ်တွေ ပါဝင်တာကြောင့် ရေထဲက ပိုးမွှားတွေ၊ အညစ်အကြေးတွေ၊ အနံ့အရသာတွေကို ဖယ်ရှားပေးပါတယ်။