Samsung Aircon (AR09BGHQASINSE) ကတော့ 1 HP ရှိပြီး အခန်းကျယ် 15 စတုရန်းမီတာ (160 စတုရန်းပေ) ခန့်ရှိတဲ့ အခန်းငယ်လေးတွေအတွက် သင့်လျော်ပါတယ်။ဖုန်မှုန့်၊ အမှုန်အမွှားတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့ HD filter ပါဝင်တာကြောင့် လေထုကို ပိုမိုသန့်ရှင်းစေပါတယ်။Good Sleep Mode က အိပ်စက်ချိန်မှာ သက်တောင့်သက်သာဖြစ်စေဖို့ အပူချိန်ကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ အဲဒါကြောင့် သက်သောင့်သက်သာ အိပ်စက်နိုင်ပြီး စွမ်းအင်လည်း ချွေတာနိုင်ပါတယ်။ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ R32 Refrigerant ကို အသုံးပြုထားပါတယ်။လေအေးဖြန့်ဝေမှုကို အပေါ်အောက် အလိုအလျောက် လှည့်ပတ်ပေးနိုင်တဲ့ စနစ်ပါဝင်တာကြောင့် အခန်းတစ်ခုလုံးကို အအေးဓာတ်ညီညာစွာ ရရှိစေပါတယ်။
| Brand | Samsung |
| Model | AR09BGHQASINSE |
| Power | 824 W |
| Capacity(Cooling, Btu/hr) | 9000 Btu/hr |
| Voltage | 220-240 / 50Hz |
| Gas | R32 |
| Product Type | Split Type (Non-Inverter) |
| Noise Level (Indoor) | 41 / 28 dBA |
| Dimension (Indoor) | 870x365x270 mm |
| Dimension (Outdoor) | 720x495x270 mm |
| Warranty | 1 year Part And Service / 9 Years Compressor / 3years Indoor/ Outdoor Coil |