
Intel Core Ultra 7 265K processor ဟာ Intel ရဲ့ နောက်ဆုံးပေါ် Arrow Lake architecture ကို အခြေခံထားတဲ့ Desktop CPU အမျိုးအစားဖြစ်ပြီး၊ ဂိမ်းကစားသူတွေနဲ့ Professional အသုံးပြုသူတွေအတွက် အဆင်ပြေစေမယ့်ပစ္စည်းလေးဖြစ်ပါတယ်။Processor မှာ ၂၀ Core ပါဝင်ပါတယ်။ အဲဒီ ၂၀ Core ထဲမှာ Performance Cores (P-Cores) ၈ ခု နဲ့ Efficiency Cores (E-Cores) ၁၂ ခု ပါဝင်ပါတယ်။ P-Cores တွေက မြန်နှုန်းမြင့်တဲ့ လုပ်ငန်းဆောင်တာတွေအတွက် အဓိကလုပ်ဆောင်ပြီး E-Cores တွေကတော့ နောက်ကွယ်မှာရှိတဲ့ (background) လုပ်ငန်းတွေကို စွမ်းအင်ချွေတာပြီး လုပ်ဆောင်ပေးပါတယ်။အမြင့်ဆုံး မြှင့်တင်နိုင်တဲ့ Turbo Clock Speed က 5.5 GHz အထိရှိပါတယ်။Base Clock Speed ကတော့ P-Cores အတွက် 3.9 GHz နဲ့ E-Cores အတွက် 3.3 GHz ဖြစ်ပါတယ်။Cache Memory ပမာဏက မြင့်မားတဲ့အတွက် Data ကို မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ပါတယ်။ L2 Cache 36 MB နဲ့ L3 Cache 30 MB ပါဝင်ပါတယ်။Intel UHD Graphics (Xe LPG) ကို ပါဝင်ပါတယ်။ ဒါကြောင့် သီးခြား Graphics Card မရှိရင်တောင် ဗီဒီယိုတွေ ကြည့်ရှုနိုင်ပြီး ပေါ့ပေါ့ပါးပါး ဂိမ်းတွေ ကစားနိုင်ပါတယ်။LGA 1851 Socket ကို အသုံးပြုထားတာကြောင့် Intel 800 Series Chipset (ဥပမာ- Z890) ပါတဲ့ Motherboard တွေနဲ့သာ သုံးလို့ရပါတယ်။Processor Base Power က 125W ရှိပြီး၊ Maximum Turbo Power ကတော့ 250W အထိ ရှိနိုင်ပါတယ်။
Brand | Intel |
CPU Model | Ultra 7 |
CPU Socket | LGA1851 |
CPU Speed | 5.4 GHz |
Processor Type | Intel Core Ultra 7 |
Processor Count | 20 |
Voltage | 28 Volts |
Wattage | 125 watts |
Wireless Carrier | Unlocked for All Carriers |