
BL Wind 3 Bluetooth Speaker ဟာ စက်ဘီး၊ ဆိုင်ကယ်စီးသူတွေနဲ့ လမ်းလျှောက်တာ၊ တောင်တက်တာမျိုးလိုမျိုး ပြင်ပလှုပ်ရှားမှုတွေအတွက် အထူးသင့်တော်အောင် ထုတ်လုပ်ထားတဲ့ သယ်ဆောင်ရလွယ်ကူတဲ့ စပီကာတစ်လုံး ဖြစ်ပါတယ်။လက်ကိုင်ဘားပေါ်မှာ အလွယ်တကူ တပ်ဆင်နိုင်တဲ့ mount တစ်ခု ပါဝင်တာကြောင့် စက်ဘီး ဒါမှမဟုတ် ဆိုင်ကယ်မှာ တွဲပြီး သီချင်းနားထောင်နိုင်ပါတယ်။ ဒါ့အပြင် ကျောပိုးအိတ်ရဲ့ ပခုံးကြိုး ဒါမှမဟုတ် အခြားနေရာတွေမှာ ချိတ်ဆွဲနိုင်တဲ့ ချိတ်ကွင်းတစ်ခုလည်း ပါဝင်ပါတယ်။IP67 rating ရရှိထားတာကြောင့် ဖုန်မှုန့်တွေနဲ့ ရေစိုဒဏ်ကို အပြည့်အဝခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့် မိုးရေစိုတာ၊ ဖုန်ထူတဲ့လမ်းတွေမှာ သွားလာတာမျိုးအတွက် စိတ်မပူရပါဘူး။5W RMS ပါဝါနဲ့ အသံထွက်နိုင်ပြီး၊ ပုံမှန်အသုံးပြုဖို့အတွက် အသံက ကျယ်လောင်မှုရှိပါတယ်။ ဒါပေမဲ့ အသံနိမ့်ပိုင်း (bass) ကတော့ အခြား JBL စပီကာကြီးတွေလောက် မကောင်းပေမယ့် သူ့အရွယ်အစားနဲ့ယှဉ်ရင် ကောင်းမွန်ပါတယ်။ အိမ်တွင်းနဲ့ အပြင်မှာ အသုံးပြုဖို့အတွက် EQ modes နှစ်မျိုး ပါဝင်ပါတယ်။တစ်ခါအားသွင်းရင် ၅ နာရီအထိ ဆက်တိုက်နားထောင်နိုင်ပါတယ်။ အားပြန်သွင်းဖို့အတွက်တော့ ၂.၅ နာရီလောက် ကြာမြင့်ပါတယ်။Bluetooth နဲ့ ဖုန်းချိတ်ဆက်ဖို့မလိုဘဲ သီးခြား FM ရေဒီယို ကိုပါ နားထောင်နိုင်တာကလည်း အားသာချက်တစ်ခု ဖြစ်ပါတယ်။ စပီကာမှာပါတဲ့ display သေးသေးလေးက ဘက်ထရီပမာဏနဲ့ FM station ကို ပြသပေးပါတယ်။
Brand | JBL |
Model | Wind 3 |
Frequency range | 110 Hz - 20 kHz |
Charging Time | 2.5 hours (5 V⎓1 A) |
Playing Time | up to 5 hours (dependent on volume level and audio content) |
Bluetooth Version | 5.0 |
Battery capacity | 1050 mAh |
Dimensions (W x H x D) | 90 x 73.2 x 35.8 mm |