
JBL WBEAM2BLU Earbuds က JBL ရဲ့ နာမည်ကြီး Bass အသံနဲ့ တခြားအသုံးဝင်တဲ့ features တွေပါဝင်တဲ့အတွက် နေ့စဉ်သုံးဖို့ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ANC စနစ် ပါဝင်တဲ့အတွက် ပတ်ဝန်းကျင်ဆူညံသံတွေကို ဖယ်ထုတ်ပြီး သီချင်းကိုပဲ အာရုံစိုက် နားထောင်နိုင်ပါတယ်။ Smart Ambient နည်းပညာကတော့ သီချင်းနားထောင်ရင်းနဲ့ပဲ ပတ်ဝန်းကျင်အသံတွေကို အတိုင်းအတာတစ်ခုအထိ ကြားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် လမ်းလျှောက်နေတဲ့အခါ ဒါမှမဟုတ် လူတစ်ယောက်နဲ့ စကားပြောချင်တဲ့အခါ Earbuds ကို နားကနေ ဖြုတ်စရာမလိုပါဘူး။တစ်ကြိမ်အားသွင်းရုံနဲ့ Earbuds မှာ ၁၀ နာရီအထိ အသုံးပြုနိုင်ပြီး charging case နဲ့ဆိုရင် စုစုပေါင်း ၄၀ နာရီ အထိ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အမြန်အားသွင်းစနစ် ပါဝင်တာကြောင့် ၁၀ မိနစ်အားသွင်းရုံနဲ့ ၃ နာရီအထိ ပြန်လည်အသုံးပြုနိုင်ပါတယ်။Earbuds က IP54-certified ဖြစ်ပြီး charging case ကတော့ IPX2-certified ဖြစ်တဲ့အတွက် ရေစိုခံ၊ ဖုန်ဒဏ်ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ မိုးရေစိုတာမျိုးမှာ အသုံးပြုဖို့ စိတ်ချရပါတယ်။Earbuds တစ်ခုစီမှာ မိုက်ကရိုဖုန်း ၂ လုံးစီ (စုစုပေါင်း ၄ လုံး) ပါဝင်တဲ့အတွက် ဖုန်းခေါ်ဆိုတဲ့အခါ ပတ်ဝန်းကျင်ဆူညံသံတွေကို လျော့ချပေးပြီး အသံကို ကြည်လင်ပြတ်သားစွာ ပြောဆိုနိုင်ပါတယ်။
Brand | JBL |
Model | WBEAM2BLU |
Connectivity | Bluetooth |
Bluetooth Version | 5.3 |
Charging Time | 2 hrs |
Music Time | 10 hours (BT on) / 8 hours (BT and ANC on) |
Talk time | 6+ hrs |
Frequency response | 20 Hz – 20 kHz |
Colour | Blue |
Charging Port | Type C |