
AOC CQ32G4E 31.5-inch QHD Curved Gaming Monitor ဟာ ဂိမ်းကစားတဲ့အခါ ပုံရိပ်တွေ ကောင်းကောင်းမြင်ရဖို့နဲ့ သွက်လက်တဲ့ အတွေ့အကြုံရဖို့အတွက် ထုတ်လုပ်ထားတဲ့ monitor တစ်လုံး ဖြစ်ပါတယ်။မျက်နှာပြင် 31.5 လက်မ အရွယ်အစားရှိပြီး QHD (2560x1440) ရုပ်ထွက်ကို ပံ့ပိုးပေးပါတယ်။ ဒါကြောင့် Full HD ထက် ပိုပြီးအသေးစိတ်ကျတဲ့ ပုံရိပ်တွေကို မြင်တွေ့ရမှာဖြစ်ပြီး မျက်နှာပြင်ကျယ်ကြီးနဲ့ ဂိမ်းကစားရတာ၊ ဗီဒီယိုတွေကြည့်ရတာ ပိုကောင်းပါတယ်။180Hz refresh rate ပါဝင်တဲ့အတွက် ပုံရိပ်တွေဟာ အလွန်ချောမွေ့ပြီး သွက်လက်ပါတယ်။ ဒါက FPS (First Person Shooter) ဂိမ်းတွေနဲ့ အခြား လှုပ်ရှားမှုမြန်တဲ့ ဂိမ်းတွေကစားတဲ့အခါ အထူးအရေးပါပါတယ်။Response time က 0.5ms (MPRT) အထိရှိတာကြောင့် ပုံရိပ်တွေ ဝါးတာ၊ အရိပ်ထင်တာ (ghosting) စတာတွေ လုံးဝနီးပါးမရှိဘဲ ကြည်လင်ပြတ်သားတဲ့ ဂိမ်းကစားခြင်းကို ခံစားရပါလိမ့်မယ်။Fast VA panel ကို အသုံးပြုထားတဲ့အတွက် အရောင်တွေက ကြွယ်ဝပြီး contrast ratio ကောင်းမွန်တာကြောင့် အနက်ရောင်ကို ပိုမိုနက်ရှိုင်းစွာ မြင်ရပါတယ်။ HDR10 ကိုလည်း ပံ့ပိုးပေးပါတယ်။DisplayPort 1.4 port တစ်ခုနဲ့ HDMI 2.0 port တစ်ခု ပါဝင်ပါတယ်။
Brand | AOC |
Model | CQ32G4E |
Screen Size | 31.5-inch |
Resolution | 2560x1440 (2K) |
Panel type | VA 1500R |
Contrast ratio | 3500:1 |
Aspect Ratio | 16:9 |
Brightness | 300 cd/m² |
Refresh Rate | 180Hz |
Response Time | 0.5ms |
Interface | HDMI(2.0) & DP(1.2) |
Warranty | 3Years Parts & Services Warranty |