
Skyworth SRD-325WT 280L ရေခဲသေတ္တာကတော့ ၃၂၅ လီတာ ရှိတာကြောင့် အလယ်အလတ်အရွယ်အစားရှိတဲ့ မိသားစုတွေအတွက် သင့်တော်ပါတယ်။နှစ်ပေါက်တံခါး (Two Door) ဒီဇိုင်းဖြစ်ပြီး အပေါ်ခန်းက ရေခဲခန်း၊ အောက်ခန်းက အအေးခန်း ဖြစ်ပါတယ်။Cooling System (အအေးပေးစနစ်) Total No Frost (အဖတ်မတင်သောစနစ်) နဲ့ Multi-Air Flow (လေစီးဆင်းမှုစနစ်) ကို အသုံးပြုထားတာကြောင့် ရေခဲသေတ္တာအတွင်း နေရာအနှံ့ အအေးဓာတ်ကို ညီမျှစွာ ဖြန့်ဝေပေးပြီး အစားအသောက်တွေကို လတ်ဆတ်နေအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။စွမ်းအင်ချွေတာတဲ့နည်းပညာတွေကို အသုံးပြုထားတဲ့အတွက် လျှပ်စစ်ဓာတ်အားကုန်ကျမှု သက်သာစေပါတယ်။ရေခဲသေတ္တာအတွင်းမှာရှိတဲ့ မီးသီးက စွမ်းအင်ချွေတာတဲ့ LED မီးသီး ဖြစ်တာကြောင့် အစားအသောက်တွေကို ရှင်းရှင်းလင်းလင်း မြင်ရစေပါတယ်။ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ ထည့်ထားဖို့အတွက် သီးသန့်နေရာ (အကန့်) ပါရှိတာကြောင့် ပိုမိုလတ်ဆတ်စေပါတယ်။ပတ်ဝန်းကျင်နဲ့လိုက်ဖက်တဲ့ R600a အအေးဓာတ်ငွေ့ကို အသုံးပြုထားပါတယ်။Low Noise Operation ရေခဲသေတ္တာလည်ပတ်တဲ့အခါမှာ ဆူညံသံနည်းပါးတာကြောင့် သုံးစွဲရတာ အဆင်ပြေစေပါတယ်။
Brand | Skyworth |
Model | SRD-325WT |
Capacity | 325 Liters |
Installation Type | Freestanding |
Refrigerant | R600A |
Material Type | Metal |
Weight | 55 kg |
Dimension | 59.5 x 55 x 167.7 cm |
Warranty | 1year |