
Marshall Kilburn II Wireless Speaker ဟာ Marshall ရဲ့ နာမည်ကြီး Portable Bluetooth Speaker တစ်လုံးဖြစ်ပါတယ်။ Marshall ရဲ့ ထုံးစံအတိုင်း ကြည်လင်ပြတ်သားတဲ့ အသံ၊ နက်ရှိုင်းတဲ့ ဘေ့စ် (Bass) နဲ့ မြင့်မားတဲ့ အသံတွေကို ကောင်းမွန်စွာ ထုတ်ပေးနိုင်ပါတယ်။ စပီကာရဲ့ ထိပ်ပိုင်းမှာ Bass နဲ့ Treble ကို ကိုယ်တိုင်ချိန်ညှိနိုင်တဲ့ Analog ခလုတ်တွေ ပါဝင်ပါတယ်။ဒီစပီကာက True Stereophonic နည်းပညာကို အသုံးပြုထားတာကြောင့် 360 ဒီဂရီ ပတ်ပတ်လည်ကို အသံကောင်းကောင်း ဖြန့်ကျက်ပေးနိုင်ပါတယ်။ ဘယ်နေရာကနေ နားထောင်နားထောင် အသံအရည်အသွေး ကောင်းမွန်တာကို ခံစားရပါလိမ့်မယ်။တစ်ခါအားသွင်းရုံနဲ့ နာရီ ၂၀ ကျော်အထိ သီချင်းဖွင့်နိုင်ပါတယ်။ စပီကာရဲ့ ဘက်ထရီ အခြေအနေကိုလည်း ထိပ်ပိုင်းမှာရှိတဲ့ Indicator နဲ့ စောင့်ကြည့်နိုင်ပါတယ်။ ၂.၅ နာရီအတွင်း အားအပြည့်သွင်းနိုင်ပြီး မိနစ် ၂၀ အားသွင်းရုံနဲ့ ၃ နာရီအထိ အသုံးပြုနိုင်ပါတယ်။ရေစိုခံနိုင်တဲ့ ဒီဇိုင်း (IPX2) ကြောင့် မိုးရေဖျန်းတာ၊ ရေစက်လက်စွန်းတာတွေကို ခံနိုင်ရည်ရှိပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း Classic Marshall ပုံစံ၊ ဗီနိုင်းကိုယ်ထည်နဲ့ သတ္တု Grille တို့နဲ့ လှပပါတယ်။Bluetooth 5.0 aptX နည်းပညာ ပါဝင်တဲ့အတွက် ကြိုးမဲ့ ချိတ်ဆက်မှုက ပိုမိုမြန်ဆန်ပြီး တည်ငြိမ်ပါတယ်။ စပီကာနဲ့ ပေ ၃၀ အကွာအဝေးအထိ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်ပါတယ်။
Brand | Marshall |
Model | Kilburn II |
Frequency | 50-60 Hz |
Charging Time | 2.5 h |
Playing Time | 20h |
Bluetooth Version | 5.0 |
Battery | Built-in, rechargeable Li-ion battery |
Output Power | 36 W |
Input Voltage | 100-240 V |