Konfulon F27 Portable Wireless Speaker (Mic 1)
F27 Portable Wireless Speaker လေးကတော့ သီချင်းနားထောင်တာ၊ ကာရာအိုကေဆိုတာတွေအတွက် အသုံးပြုလို့ရတဲ့ mini speaker လေးတစ်လုံးဖြစ်ပါသည်။ Battery 2000mAH ပါဝင်ပြီး Bluetooth version 5.0 နဲ့ ချိတ်ဆက်နိုင်တာကြောင့် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့နဲ့ လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်ပါတယ်။ စပီကာမှာ အရောင်အသွေးစုံလင်တဲ့ LED မီးလုံးတွေ ပါဝင်ပြီး သီချင်းစည်းချက်အတိုင်း လင်းလက်တာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါသည်။ Output 10W နှင့်အတူ USB, TF Card , AUX တို့နဲ့လည်း ချိတ်ဆက်အသုံးပြုလို့ရမယ့် mini speaker လေးဖြစ်ပါသည်။
- In Stock
_1753586897981.png)
F27 Portable Wireless Speaker လေးကတော့ သီချင်းနားထောင်တာ၊ ကာရာအိုကေဆိုတာတွေအတွက် အသုံးပြုလို့ရတဲ့ mini speaker လေးတစ်လုံးဖြစ်ပါသည်။ Battery 2000mAH ပါဝင်ပြီး Bluetooth version 5.0 နဲ့ ချိတ်ဆက်နိုင်တာကြောင့် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့နဲ့ လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်ပါတယ်။ စပီကာမှာ အရောင်အသွေးစုံလင်တဲ့ LED မီးလုံးတွေ ပါဝင်ပြီး သီချင်းစည်းချက်အတိုင်း လင်းလက်တာကြောင့် ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါသည်။ Output 10W နှင့်အတူ USB, TF Card , AUX တို့နဲ့လည်း ချိတ်ဆက်အသုံးပြုလို့ရမယ့် mini speaker လေးဖြစ်ပါသည်။
Brand | Konfulon |
Model | F27 |
Speaker Type | Portable Wireless Speaker |
Bluetooth Version | 5.0 |
Distance | 10M |
Battery capacity | 1800mAh |
Output Power | 16W |
Product size | 122 x 113 x 112mm |
Related Products
Marshall Willen II Wireless Speaker
Marshall Willen II Wireless Speaker လေးသည် elegant retro look နဲ့ rugged build ကိုချိတ်ဆက်ထားတဲ့ ultra-compact Bluetooth speaker တစ်လုံးဖြစ်ပါသည်။ Bluetooth 5.3 နဲ့မို့ ချိတ်ဆက်မှု့အပိုင်းမှာ မြန်ဆန်စေပြီး Auracast / LE Audio များနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ IP67 ပါဝင်တာကြောင့် အကြမ်းခံပါသည်။Amplifier:Class-D Amplifier (38W) နဲ့ Frequency Response:75 Hz မှ 20,000 Hz (20 kHz) တို့ဖြင့် အလုပ်လုပ်ပေးမှာဖြစ်တာကြောင့် ကြည်လင်ပြတ်သားတဲ့ အသံ၊ နက်ရှိုင်းတဲ့ ဘေ့စ် (Bass) နဲ့ မြင့်မားတဲ့ အသံတွေကို ကောင်းမွန်စွာ ထုတ်ပေးနိုင်ပါသည်။ မိနစ် (၂၀)လောက်အားသွင်းထားမယ်ဆိုရင် ၅နာရီခွဲလောက်အသုံးပြုနိုင်ပြီး Full Charge သွင်းထားမယ်ဆိုရင် (၁၇)နာရီဝန်းကျင် အသုံးပြုနိုင်ပါသည်။ အရွယ်အစား 10.05 × 10.05 × 4.34 မီလီမီတာ ရှိပြီး သယ်ဆောင်ရာတွင်လည်း အလွယ်တကူသယ်ဆောင်နိုင်ပါသည်။ Play/Pause, Volume, Next/Previous Track များကို multifunction joystick တစ်လုံးဖြင့်ထိန်းချုပ်နိုင်ပြီး Battery မျှဝေမှုအခြေအနေကို LED ဖြင့်ပြသပေးနိုင်ပါသည်။
Marshall Woburn III Wireless Speaker
Marshall Woburn III Wireless Speaker ဟာ Marshall ရဲ့ အိမ်တွင်းအသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ Bluetooth စပီကာတွေထဲမှာ အကြီးဆုံးနဲ့ အစွမ်းထက်ဆုံး မော်ဒယ်တစ်ခု ဖြစ်ပါတယ်။Woburn III ဟာ Marshall ရဲ့ Signature Sound ကို အခန်းအပြည့် ဖြန့်ကျက်ပေးနိုင်တဲ့ စပီကာတစ်လုံးပါ။ သူ့မှာ Three-way driver system အသစ်ပါဝင်ပြီး 90W woofer တစ်လုံး၊ 15W mid-range driver နှစ်လုံး နဲ့ 15W tweeter နှစ်လုံးတို့နဲ့ ပေါင်းစပ်ထားပါတယ်။ ဒါကြောင့် အသံအတိုးအကျယ် ဘယ်လောက်ပဲ ထားထား၊ ကြည်လင်ပြတ်သားတဲ့ အသံနဲ့ နက်ရှိုင်းတဲ့ ဘေ့စ် (Bass) တွေကို ခံစားရပါလိမ့်မယ်။ Tweeter တွေကို အပြင်ဘက်ကို အနည်းငယ် စောင်းထားတာကြောင့် ပိုကျယ်ပြန့်တဲ့ အသံကို ပေးစွမ်းနိုင်ပါတယ်။ထိပ်ပိုင်းမှာ Volume, Bass, Treble တို့ကို ချိန်ညှိဖို့အတွက် Analog Control ခလုတ်တွေ၊ Play/Pause ခလုတ်နဲ့ Power Switch တွေ ပါဝင်ပါတယ်။နောက်ဆုံးပေါ် Bluetooth နည်းပညာဖြစ်တဲ့ 5.2 ကို အသုံးပြုထားတာကြောင့် မြန်ဆန်ပြီး တည်ငြိမ်တဲ့ ကြိုးမဲ့ချိတ်ဆက်မှုကို ရရှိစေပါတယ်။TV နဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ HDMI ARC Port ပါဝင်တာကြောင့် Home Theater စနစ်တစ်ခုလို အသုံးပြုနိုင်ပါတယ်။Analog Audio Source တွေကို ချိတ်ဆက်နိုင်ဖို့ RCA Input ပါဝင်ပါတယ်။အခြား Wired Device တွေကို ချိတ်ဆက်ဖို့ 3.5 mm Aux Input လည်း ပါဝင်ပါတယ်။၂.၅ နာရီအတွင်း အားအပြည့်သွင်းနိုင်ပြီး မိနစ် ၂၀ အားသွင်းရုံနဲ့ ၃ နာရီအထိ အသုံးပြုနိုင်ပါတယ်။
Marshall Kilburn II Wireless Speaker
Marshall Kilburn II Wireless Speaker ဟာ Marshall ရဲ့ နာမည်ကြီး Portable Bluetooth Speaker တစ်လုံးဖြစ်ပါတယ်။ Marshall ရဲ့ ထုံးစံအတိုင်း ကြည်လင်ပြတ်သားတဲ့ အသံ၊ နက်ရှိုင်းတဲ့ ဘေ့စ် (Bass) နဲ့ မြင့်မားတဲ့ အသံတွေကို ကောင်းမွန်စွာ ထုတ်ပေးနိုင်ပါတယ်။ စပီကာရဲ့ ထိပ်ပိုင်းမှာ Bass နဲ့ Treble ကို ကိုယ်တိုင်ချိန်ညှိနိုင်တဲ့ Analog ခလုတ်တွေ ပါဝင်ပါတယ်။ဒီစပီကာက True Stereophonic နည်းပညာကို အသုံးပြုထားတာကြောင့် 360 ဒီဂရီ ပတ်ပတ်လည်ကို အသံကောင်းကောင်း ဖြန့်ကျက်ပေးနိုင်ပါတယ်။ ဘယ်နေရာကနေ နားထောင်နားထောင် အသံအရည်အသွေး ကောင်းမွန်တာကို ခံစားရပါလိမ့်မယ်။တစ်ခါအားသွင်းရုံနဲ့ နာရီ ၂၀ ကျော်အထိ သီချင်းဖွင့်နိုင်ပါတယ်။ စပီကာရဲ့ ဘက်ထရီ အခြေအနေကိုလည်း ထိပ်ပိုင်းမှာရှိတဲ့ Indicator နဲ့ စောင့်ကြည့်နိုင်ပါတယ်။ ၂.၅ နာရီအတွင်း အားအပြည့်သွင်းနိုင်ပြီး မိနစ် ၂၀ အားသွင်းရုံနဲ့ ၃ နာရီအထိ အသုံးပြုနိုင်ပါတယ်။ရေစိုခံနိုင်တဲ့ ဒီဇိုင်း (IPX2) ကြောင့် မိုးရေဖျန်းတာ၊ ရေစက်လက်စွန်းတာတွေကို ခံနိုင်ရည်ရှိပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း Classic Marshall ပုံစံ၊ ဗီနိုင်းကိုယ်ထည်နဲ့ သတ္တု Grille တို့နဲ့ လှပပါတယ်။Bluetooth 5.0 aptX နည်းပညာ ပါဝင်တဲ့အတွက် ကြိုးမဲ့ ချိတ်ဆက်မှုက ပိုမိုမြန်ဆန်ပြီး တည်ငြိမ်ပါတယ်။ စပီကာနဲ့ ပေ ၃၀ အကွာအဝေးအထိ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်ပါတယ်။
Konfulon KO-08 Portable Wireless Speaker
Konfulon KO-08 Portable Wireless Speaker လေးကတော့ သယ်ဆောင်ရလွယ်ကူပြီး multi‑mode အထောက်အပံ့ပါဝင်သည့် portable speaker လေးဖြစ်ပါသည်။Bluetooth Version: 5.3ဖြစ်တာကြောင့် ချိတ်ဆက်ရလွယ်ကူပြီးAudio Output: 5 Wx 2 ကအသံထွက်အားကောင်းကောင်းနဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။ Battery 1200 mAh ပါဝင်ပြီး 3hrs အထိအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။Playback Modes တွေကတော့ Bluetooth, FM radio, USB,AUX, TWS တို့နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
Borofone BP20 Wireless Speaker
Borofone ကနေထုတ်လုပ်ထားတဲ့ BP20 Wireless Speaker လေးကတော့ battery 1800mAH ပါဝင်တာဖြစ်လို့ 3နာရီဝန်းကျင် အားသွင်းထားရုံနဲ့ 4/5 hours လောက်ပြန်လည်အသုံးပြုလို့ရမှာဘဲဖြစ်ပါတယ်။ Speaker Output 5Wx2 က စည်းချက်ကျတဲ့ bass သံစဉ်ကိုပေးစွမ်းမှာဖြစ်လို့ အရည်သွေးပိုင်းမိုက်တဲ့ speaker လေးတစ်လုံးဖြစ်ပါသည်။ Bluetooth အပြင် FM, TF card, U disk, AUX, TWS များနဲ့လည်း ချိတ်ဆက်အသုံးပြုလို့ရပါသည်။ Version 5.3 ကို အသုံးပြုပေးထားတာဖြစ်လို့ ချိတ်ဆက်ရာတွင်လည်း မြန်ဆန်စေမယ့် speaker လေးတစ်လုံးဖြစ်ပါသည်။
JBL PartyBox ULTA'S Bluetooth Speaker
JBL PartyBox Ultimate ဟာ JBL ရဲ့ PartyBox စီးရီးထဲမှာ အသံအားအကောင်းဆုံးနဲ့ feature အစုံအလင်ဆုံး စပီကာတစ်လုံး ဖြစ်ပါတယ်။JBL PartyBox Ultimate မှာ 9-လက်မ woofer နှစ်လုံး၊ 4.5-လက်မ midrange speaker နှစ်လုံး နဲ့ 2.75-လက်မ tweeter နှစ်လုံး ပါဝင်ပါတယ်။ စုစုပေါင်း အား 1100 Watts (RMS) ထုတ်ပေးနိုင်တာကြောင့် အသံက အမိုက်စားပါ။ နက်ရှိုင်းတဲ့ ဘေ့စ် (Bass) တွေ၊ ကြည်လင်ပြတ်သားတဲ့ အသံတွေကို ခံစားရမှာဖြစ်ပြီး ဘတ်စကတ်ဘောကွင်း နှစ်ကွင်းစာ အကျယ်အဝန်းကိုတောင် သီချင်းသံနဲ့ လွှမ်းခြုံနိုင်ပါတယ်။Wi-Fi ကနေတဆင့် သီချင်းဖွင့်ရင် Dolby Atmos အသံစနစ်ကို ထောက်ပံ့ပေးတဲ့အတွက် ပုံမှန် Stereo ထက် ပိုပြီး ပတ်ဝန်းကျင်ကနေ အသံတွေလာနေသလို immersive 3D spatial effect ကို ခံစားရမှာပါ။စပီကာတစ်ခုလုံးရဲ့ မျက်နှာပြင်မှာ အကြီးစား Lightshow ပါဝင်ပါတယ်။High-definition သီချင်းတွေကို Wi-Fi ကနေ တိုက်ရိုက် stream လုပ်နိုင်ပါတယ်။ ဖုန်းနဲ့ စကားပြောတာ ဒါမှမဟုတ် social media သုံးနေရင်တောင် သီချင်းက မပြတ်မတောက် ဆက်ဖွင့်နေမှာပါ။ Bluetooth 5.3 လည်း ပါဝင်တဲ့အတွက် ချိတ်ဆက်မှုက မြန်ဆန်ပြီး တည်ငြိမ်ပါတယ်။စပီကာရဲ့ ထိပ်ပိုင်းမှာ DJ Pad ပါဝင်ပါတယ်။ ဒီ Pad ကို တို့ထိ၊ ဖိနှိပ်၊ ပွတ်ဆွဲပြီး ကိုယ်တိုင် DJ အသံ effect တွေကို ဖန်တီးနိုင်ပါတယ်။Karaoke ဆိုဖို့ ဒါမှမဟုတ် တိုက်ရိုက် ဂစ်တာတီးခတ်ဖို့အတွက် မိုက်ခရိုဖုန်းနဲ့ ဂစ်တာအတွက် Input ပေါက်နှစ်ခု ပါဝင်ပါတယ်။ Karaoke EQ tuning လုပ်လို့ရပြီး ပိုပြီး ပျော်စရာကောင်းစေပါတယ်။
JBL PartyBox 1000 AS Bluetooth Speaker
JBL PartyBox 1000 ဟာ ပါတီပွဲတွေအတွက် အထူးထုတ်လုပ်ထားတဲ့ အားအကောင်းဆုံး JBL PartyBox စပီကာတွေထဲက တစ်ခုဖြစ်ပါတယ်။ Ultimate Party Machine လို့ တင်စားခေါ်ဝေါ်ကြပြီး အသံအရည်အသွေးရော၊ visual effect တွေပါ ထူးခြားကောင်းမွန်ပါတယ်။PartyBox 1000 ဟာ 1100 Watts အထိ ထုတ်ပေးနိုင်တဲ့ အားကောင်းတဲ့ JBL Signature Sound ကို ပေးစွမ်းနိုင်ပါတယ်။ဒီစပီကာရဲ့ အထူးခြားဆုံးအချက်ကတော့ စပီကာရဲ့ မျက်နှာပြင်တစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ Light Show ပါပဲ။ သီချင်းစည်းချက်အတိုင်း လိုက်ပါကစားတဲ့ ရောင်စုံမီးလုံးတွေက ပါတီပွဲကို တကယ့် ဖျော်ဖြေပွဲတစ်ခုလို ခံစားရစေမှာပါ။စပီကာရဲ့ ထိပ်မှာ DJ Pad ပါဝင်ပါတယ်။ ဒီ Pad ပေါ်မှာ စည်၊ ဂစ်တာ၊ ပီယာနို အသံတွေကို တီးခတ်နိုင်ပြီး ကိုယ်တိုင် Record လုပ်၊ Loop လည်း လုပ်လို့ရပါတယ်။ ပါတီပွဲမှာ ကိုယ်တိုင် DJ လုပ်ပြီး ပျော်နိုင်ပါတယ်။ဒီစပီကာနဲ့အတူ Air Gesture Wristband (လက်ပတ်) တစ်ခု ပါဝင်ပါတယ်။ ဒီလက်ပတ်ကို ဝတ်ဆင်ထားပြီး လေထဲမှာ လက်ဟန်အမူအရာ လုပ်ရုံနဲ့ စပီကာရဲ့ Light Show နဲ့ အသံ effect တွေကို ထိန်းချုပ်နိုင်ပါတယ်။ ပါတီပွဲကို ပိုပြီး ပျော်စရာကောင်းစေပါတယ်။Karaoke ဆိုဖို့ ဒါမှမဟုတ် တိုက်ရိုက် ဂစ်တာတီးခတ်ဖို့အတွက် မိုက်ခရိုဖုန်းနဲ့ ဂစ်တာအတွက် Input ပေါက်တွေ ပါဝင်ပါတယ်။ Volume ကိုလည်း သီးခြားထိန်းချုပ်နိုင်ပါတယ်။USB Flash Drive ထဲကနေ သီချင်းတွေကို တိုက်ရိုက်ဖွင့်နိုင်ပါတယ်။ ဒါ့အပြင် တခြား USB ကိရိယာတွေ (ဥပမာ- ဖုန်း) ကိုလည်း အားသွင်းပေးနိုင်တဲ့ USB Port ပါဝင်ပါတယ်။PartyBox 1000 ဟာ အလေးချိန် 34.7 kg (76.5 ပေါင်) လောက် ရှိပေမယ့် စပီကာရဲ့ အောက်ခြေမှာ ဖုံးကွယ်ထားတဲ့ ဘီးများ (concealed wheels) နဲ့ လက်ကိုင် ပါဝင်တဲ့အတွက် တစ်နေရာကနေ တစ်နေရာကို အလွယ်တကူ ဆွဲသွားနိုင်ပါတယ်။
JBL PartyBox 320 Wireless Speaker
JBL PartyBox Stage 320 (အများအားဖြင့် JBL PartyBox 320 လို့ ရည်ညွှန်းလေ့ရှိပါတယ်) ဟာ ပါတီပွဲတွေနဲ့ အပြင်သွားရင်း သီချင်းနားထောင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ အားကောင်းတဲ့ ဝိုင်ယာလက်စ် စပီကာတစ်လုံး ဖြစ်ပါတယ်။ 6.5 လက်မ woofers နှစ်လုံးနဲ့ 25mm dome tweeters တစ်စုံ ပါဝင်တဲ့အတွက် ကြည်လင်ပြတ်သားတဲ့ အသံနဲ့ နက်ရှိုင်းတဲ့ ဘေ့စ် (Bass) တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ အခန်းတွင်းပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် တင်းနစ်ကွင်းတစ်ကွင်းစာ အကျယ်အဝန်းကို သီချင်းသံနဲ့ ပြည့်စေနိုင်ပါတယ်။AI Sound Boost ဒီနည်းပညာက အသံကို real-time မှာ ခွဲခြမ်းစိတ်ဖြာပြီး စပီကာရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်အောင် တွန်းအားပေးပါတယ်။ ဒါကြောင့် အသံပိုကောင်းပြီး အသံကျယ်ကျယ်ဖွင့်ရင်တောင် အသံမပျက်ဘဲ ကြည်လင်နေစေပါတယ်။သီချင်းဆိုတာ ဒါမှမဟုတ် ဂစ်တာတီးချင်သူတွေအတွက် မိုက်ခရိုဖုန်းနဲ့ ဂစ်တာထည့်သွင်းပေါက်တွေ ပါဝင်ပါတယ်။ နောက်ဆုံးပေါ် Bluetooth Version 5.4 ပါဝင်တဲ့အတွက် ချိတ်ဆက်မှုက ပိုမိုမြန်ဆန်ပြီး တည်ငြိမ်ပါတယ်။သီချင်းစည်းချက်အတိုင်း လိုက်ပါကစားတဲ့ ကြယ်ရောင်စုံ မီးလုံးများ၊ အေးမြတဲ့ မီးလိုင်းများနဲ့ စတြိုဘ် (strobe) မီးရောင်စုံတွေ ပါဝင်ပါတယ်။ တစ်ခါအားသွင်းထားရင် 18 နာရီအထိ သီချင်းဖွင့်နိုင်ပါတယ်။ ဘက်ထရီကလည်း လဲလှယ်နိုင်တဲ့ အမျိုးအစားဖြစ်လို့ အပိုဘက်ထရီဝယ်ထားရင် ပါတီပွဲကို အချိန်ပို ဆက်လုပ်လို့ရပါတယ်။ 10 မိနစ် အမြန်အားသွင်းရုံနဲ့ 2 နာရီ ထပ်ဖွင့်နိုင်ပါသေးတယ်။