
JBL Party Box Ultimate ဟာ JBL ရဲ့ PartyBox စီးရီးထဲမှာ အသံအားအကောင်းဆုံးနဲ့ feature အစုံအလင်ဆုံး စပီကာတစ်လုံး ဖြစ်ပါတယ်။JBL PartyBox Ultimate မှာ 9-လက်မ woofer နှစ်လုံး၊ 4.5-လက်မ midrange speaker နှစ်လုံး နဲ့ 2.75-လက်မ tweeter နှစ်လုံး ပါဝင်ပါတယ်။ စုစုပေါင်း အား 1100 Watts (RMS) ထုတ်ပေးနိုင်တာကြောင့် အသံက အမိုက်စားပါ။ နက်ရှိုင်းတဲ့ ဘေ့စ် (Bass) တွေ၊ ကြည်လင်ပြတ်သားတဲ့ အသံတွေကို ခံစားရမှာဖြစ်ပြီး ဘတ်စကတ်ဘောကွင်း နှစ်ကွင်းစာ အကျယ်အဝန်းကိုတောင် သီချင်းသံနဲ့ လွှမ်းခြုံနိုင်ပါတယ်။Wi-Fi ကနေတဆင့် သီချင်းဖွင့်ရင် Dolby Atmos အသံစနစ်ကို ထောက်ပံ့ပေးတဲ့အတွက် ပုံမှန် Stereo ထက် ပိုပြီး ပတ်ဝန်းကျင်ကနေ အသံတွေလာနေသလို immersive 3D spatial effect ကို ခံစားရမှာပါ။စပီကာတစ်ခုလုံးရဲ့ မျက်နှာပြင်မှာ အကြီးစား Lightshow ပါဝင်ပါတယ်။High-definition သီချင်းတွေကို Wi-Fi ကနေ တိုက်ရိုက် stream လုပ်နိုင်ပါတယ်။ ဖုန်းနဲ့ စကားပြောတာ ဒါမှမဟုတ် social media သုံးနေရင်တောင် သီချင်းက မပြတ်မတောက် ဆက်ဖွင့်နေမှာပါ။ Bluetooth 5.3 လည်း ပါဝင်တဲ့အတွက် ချိတ်ဆက်မှုက မြန်ဆန်ပြီး တည်ငြိမ်ပါတယ်။စပီကာရဲ့ ထိပ်ပိုင်းမှာ DJ Pad ပါဝင်ပါတယ်။ ဒီ Pad ကို တို့ထိ၊ ဖိနှိပ်၊ ပွတ်ဆွဲပြီး ကိုယ်တိုင် DJ အသံ effect တွေကို ဖန်တီးနိုင်ပါတယ်။Karaoke ဆိုဖို့ ဒါမှမဟုတ် တိုက်ရိုက် ဂစ်တာတီးခတ်ဖို့အတွက် မိုက်ခရိုဖုန်းနဲ့ ဂစ်တာအတွက် Input ပေါက်နှစ်ခု ပါဝင်ပါတယ်။ Karaoke EQ tuning လုပ်လို့ရပြီး ပိုပြီး ပျော်စရာကောင်းစေပါတယ်။
Brand | JBL |
Model | PartyBox Ultimate |
Speaker Type | Multi Room |
Frequency response range (Hz) | 30Hz-20KHz (-6dB) |
Bluetooth Version | 5.3 |
Output Power | 1100W |
Dimensions (cm) | 45.5 x 105.0 x 44.0 |