_1751519251380.png)
Mijia Karaoke Microphone BHR5220CN ဟာ Xiaomi က ထုတ်လုပ်ထားတဲ့ ကြိုးမဲ့ ကာရာအိုကေ မိုက်ခရိုဖုန်း တစ်ခုဖြစ်ပါတယ်။ပရော်ဖက်ရှင်နယ် ကာရာအိုကေစက်တွေမှာ ပါဝင်တဲ့ DSP ချစ်ပ် (Digital Signal Processor) နဲ့ DRC dynamic voice optimization technology တွေကို အသုံးပြုထားတာကြောင့် KTV အဆင့်မီ အသံအရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ အသံကြည်လင်ပြတ်သားမှုအတွက် noise cancellation (ဆူညံသံလျှော့ချခြင်း) စနစ်လည်း ပါဝင်ပါတယ်။5W စပီကာနှစ်လုံးပါဝင်ပြီး dual echo chambers တွေနဲ့ အသံထွက် ကောင်းမွန်စေဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါ့အပြင် bass အသံအတွက် passive basin လေးခုလည်း ပါဝင်တာကြောင့် ပိုမိုပြည့်စုံတဲ့ ကာရာအိုကေ အတွေ့အကြုံကို ရရှိစေမှာပါ။သီချင်းဆိုတဲ့အခါ ပိုမိုပျော်စရာကောင်းအောင် Monster၊ Cartoon၊ Leader's speech၊ Super reverb၊ KTV၊ Pop၊ Soft၊ Folk၊ Acoustic စတဲ့ အသံ effect ၉ မျိုးကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။မိုက်ခရိုဖုန်းမှာ built-in sound card ပါဝင်တာကြောင့် ဖုန်းနဲ့ ချိတ်ဆက်ပြီး စတူဒီယိုအရည်အသွေးမြင့် သီချင်းတွေကို မှတ်တမ်းတင်နိုင်ပါတယ်။2500mAh ဘက်ထရီပါဝင်ပြီး တစ်ခါအားသွင်းရုံနဲ့ ၇ နာရီအထိ ဆက်တိုက်အသုံးပြုနိုင်ပါတယ်။ အားသွင်းဖို့အတွက် USB-C port ပါဝင်ပါတယ်။
Brand | Xiaomi Mijia |
Model | BHR5220CN |
Bluetooth Version | 5.1 |
Effective Distance | Approx. 10 meters |
Battery Capacity | 3.6V, 2500mah |
Charging Interface | Type-C |
Dimensions | 96x96x226mm |