
Mi Electric Massage Gun 2 (MJJMQ05-ZJ) ဟာ ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့နဲ့ ကြွက်သားတွေ ပြန်လည်ကောင်းမွန်ဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ massage gun တစ်ခု ဖြစ်ပါတယ်။Brushless motor ကို အသုံးပြုထားပြီး 25kg အထိ အားထုတ်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် 10mm အထိ နက်ရှိုင်းစွာ ထိုးဖောက်နိုင်တဲ့ Amplitude နဲ့ 3200 rpm (တစ်မိနစ်ကို လည်ပတ်နှုန်း) အထိ မြန်နှုန်းကို ရရှိနိုင်တာကြောင့် ကြွက်သားအတွင်းပိုင်းအထိ ထိရောက်စွာ နှိပ်နယ်ပေးနိုင်ပါတယ်။အရင်ဆုံး အသုံးပြုခဲ့တဲ့ mode နဲ့ intensity level ကို မှတ်ထားပေးတာကြောင့် နောက်တစ်ကြိမ် ပြန်ဖွင့်တဲ့အခါ အလွယ်တကူ ဆက်လက်အသုံးပြုနိုင်ပါတယ်။အားဖိအားကို ပြသပေးတဲ့ indicator light ပါဝင်တာကြောင့် massage gun ကို မှန်ကန်တဲ့ ဖိအားနဲ့ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။1800rpm, 2400rpm, 3200rpm (သို့မဟုတ်) 1500rpm, 2300rpm, 2800rpm လိုမျိုး mode ၃ မျိုး ပါဝင်တာကြောင့် ကြွက်သား နာကျင်မှု သက်သာစေဖို့နဲ့ အားကစားလေ့ကျင့်ခန်းအပြီး ပြန်လည်ကောင်းမွန်စေဖို့ အသုံးပြုနိုင်ပါတယ်။2450mAh Lithium ဘက်ထရီ ပါဝင်ပြီး တစ်ခါအားသွင်းထားရင် ရက် 30 အထိ အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ Type-C charging port နဲ့ အားသွင်းနိုင်ပါတယ်။
Brand | Xiaomi |
Model | MJJMQ05-ZJ |
Material | Plastic |
Weight | 870 g |
Product dimensions | 14L x 6.5W x 21.9H centimetres |
Battery | 2450mAh Lithium |
Charging port | Type-C |
Stand By Time | 30 Days |