Redmi Buds 6 (Night Black)
Redmi Buds 6 သည် 14.2mm dynamic driver ကို သုံးပေးထားလို့ အသံက Powerful ဖြစ်ရုံမက ကြည်လင်ပြတ်သားပါတယ်။ Dual-Mic ပါဝင်ပြီး Noise Reduction ဖြစ်လို့ ဖုန်းပြောရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ အနှောက်အယှက်မဖြစ်ဘဲ ပြောနိုင်ပါတယ်။Up to 4m/s Wind Noise Cancellation ကြောင့် သီချင်းပဲနားထောင်ထောင်၊ ဖုန်းပဲပြောပြော လေတိုက်သံတွေကို အံတုပြီး ကြည်လင်ပြတ်သားပါတယ်။Case အားအပြည့်ရှိရုံနဲ့ 30 hours ထိနားဆင်နိုင်ပြီး နားကြပ်အားအပြည့်နဲ့ သုံးမယ်ဆို 6 hours အထိ နားဆင်နိုင်ပါသည်။
- In Stock
_1739436301946.png)
_1739436438199.png)
Redmi Buds 6 (Coral Green)
Redmi Buds 6 သည် 14.2mm dynamic driver ကို သုံးပေးထားလို့ အသံက Powerful ဖြစ်ရုံမက ကြည်လင်ပြတ်သားပါတယ်။ Dual-Mic ပါဝင်ပြီး Noise Reduction ဖြစ်လို့ ဖုန်းပြောရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ အနှောက်အယှက်မဖြစ်ဘဲ ပြောနိုင်ပါတယ်။Up to 4m/s Wind Noise Cancellation ကြောင့် သီချင်းပဲနားထောင်ထောင်၊ ဖုန်းပဲပြောပြော လေတိုက်သံတွေကို အံတုပြီး ကြည်လင်ပြတ်သားပါတယ်။Case အားအပြည့်ရှိရုံနဲ့ 30 hours ထိနားဆင်နိုင်ပြီး နားကြပ်အားအပြည့်နဲ့ သုံးမယ်ဆို 6 hours အထိ နားဆင်နိုင်ပါသည်။
- Out of Stock
_1739436301946.png)
_1739436438199.png)
Redmi Buds 6 သည် 14.2mm dynamic driver ကို သုံးပေးထားလို့ အသံက Powerful ဖြစ်ရုံမက ကြည်လင်ပြတ်သားပါတယ်။ Dual-Mic ပါဝင်ပြီး Noise Reduction ဖြစ်လို့ ဖုန်းပြောရင်လည်း ရှင်းရှင်းလင်းလင်းနဲ့ အနှောက်အယှက်မဖြစ်ဘဲ ပြောနိုင်ပါတယ်။Up to 4m/s Wind Noise Cancellation ကြောင့် သီချင်းပဲနားထောင်ထောင်၊ ဖုန်းပဲပြောပြော လေတိုက်သံတွေကို အံတုပြီး ကြည်လင်ပြတ်သားပါတယ်။Case အားအပြည့်ရှိရုံနဲ့ 30 hours ထိနားဆင်နိုင်ပြီး နားကြပ်အားအပြည့်နဲ့ သုံးမယ်ဆို 6 hours အထိ နားဆင်နိုင်ပါသည်။
Brand | Redmi |
Model | Buds 6 |
Connectivity | Bluetooth |
Bluetooth Version | 5.4 |
Charging Time(case) | 120 minutes |
Charging Time(Earbuds) | 90 minutes |
Battery (case) | 475mAh |
Charging Port | USB Type-C |
Battery life(case) | 30 hours |
Colour | Black ,White ,Green |
Related Products
Mi Smart Door Bell 3 (MJML05-FJ)
Mi Smart Door Bell 3 (MJML05-FJ) ဟာ သင့်အိမ်ရဲ့လုံခြုံရေးအတွက် အလွန်အသုံးဝင်တဲ့ စမတ်တံခါးဘဲလ်တစ်ခု ဖြစ်ပါတယ်။2304x1296 pixels ရှိတဲ့ အရည်အသွေးမြင့် 2K ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဧည့်သည်တွေရဲ့ပုံကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပါတယ်။မျက်နှာချင်းဆိုင်တင်မကဘဲ ဘေးတိုက်အခြမ်းတွေကိုပါ မြင်နိုင်တဲ့ ၁၈၀ ဒီဂရီ အကျယ်အဝန်းမြင်ကွင်း ပါဝင်ပါတယ်။ ဒါက ကင်မရာအောက်ခြေကနေ စောင့်ကြည့်ရမယ့်နေရာတွေကိုပါ အကုန်မြင်နိုင်စေပါတယ်။5200mAh ဘက်ထရီနဲ့ ပြုလုပ်ထားပြီး ပုံမှန်အသုံးပြုရင် ၄ လကနေ ၅ လအထိ အားခံပါတယ်။ USB Type-C ပေါက်နဲ့ အားပြန်သွင်းနိုင်ပါတယ်။တံခါးဘဲလ်နဲ့အတူ ပါဝင်လာတဲ့ receiver (အသံမြည်ကိရိယာ) ကို အိမ်ထဲမှာရှိတဲ့ ပလပ်ပေါက်တစ်ခုမှာ တပ်ဆင်ထားနိုင်ပါတယ်။ ဒါမှ ဖုန်းယူစရာမလိုဘဲ အပြင်ကလူ လာရင် အသံကြားနိုင်မှာပါ။
Mi Window & Door Sensor 2 (MCCGQ02HL)
Mi Window & Door Sensor 2 (MCCGQ02HL) ကတော့ ပြတင်းပေါက်နဲ့ တံခါးတွေ ပွင့်လား၊ ပိတ်လားဆိုတာကို သိရှိနိုင်တဲ့ စမတ်အာရုံခံကိရိယာ (smart sensor) တစ်ခု ဖြစ်ပါတယ်။သံလိုက် အာရုံခံနည်းပညာကို အသုံးပြုပြီး တံခါး (သို့) ပြတင်းပေါက် ပွင့်/ပိတ် အခြေအနေကို တိကျစွာ သိရှိနိုင်ပါတယ်။ဒါ့အပြင် တံခါးဖွင့်ထားတဲ့အခါ သင့်ဖုန်းဆီကို သတိပေးချက် (notification) ပို့ပေးပါတယ်။ဒီ sensor မှာ အလင်းအာရုံခံ (light sensor) ပါဝင်တဲ့အတွက် ပတ်ဝန်းကျင်က အလင်းရောင် အခြေအနေကိုပါ သိရှိနိုင်ပါတယ်။ဥပမာ- ညဘက်မှာ တံခါးဖွင့်တာနဲ့ မီးကို အလိုအလျောက်ဖွင့်ပေးဖို့ သတ်မှတ်ထားနိုင်ပါတယ်။CR2032 ဘက်ထရီကို အသုံးပြုထားပြီး သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်ပါတယ်။
Mi Motion Sensor 2S (XMPTR02SXS)
Mi Motion Sensor 2S (XMPTR02SXS) ဆိုတာက လူတွေရဲ့လှုပ်ရှားမှုကို သိရှိနိုင်တဲ့ စမတ်အာရုံခံကိရိယာ (smart sensor) တစ်ခုဖြစ်ပါတယ်။ လူတွေ၊ တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှုကို တိကျစွာ သိရှိနိုင်တဲ့ PIR (Passive Infrared) နည်းပညာကို အသုံးပြုထားပါတယ်။လှုပ်ရှားမှုတစ်ခုကို သိရှိတာနဲ့ သင့်ဖုန်းဆီကို သတိပေးချက် (notification) ပို့ပေးပါတယ်။ပတ်ဝန်းကျင်က အလင်းရောင် အခြေအနေကိုလည်း သိရှိနိုင်တဲ့ အလင်းအာရုံခံ (light sensor) ပါဝင်ပါတယ်။ဥပမာ- ညဘက်မှာ လှုပ်ရှားမှုတစ်ခုကို တွေ့တာနဲ့ မီးကို အလိုအလျောက်ဖွင့်ပေးဖို့ သတ်မှတ်ထားနိုင်ပါတယ်။CR2450 ဘက်ထရီကို အသုံးပြုထားပြီး တစ်ကြိမ်ထည့်ထားရင် နှစ်ပေါင်းများစွာ အသုံးပြုနိုင်ပါတယ်။ Xiaomi/Mi Smart Home Hub (Gateway) နဲ့ Zigbee နည်းပညာကို အသုံးပြုပြီး ချိတ်ဆက်ပါတယ်။ ဒါ့ကြောင့် ဒီကိရိယာကို အသုံးပြုဖို့ Hub လိုအပ်ပါတယ်။
Mi Smart Electric Blood Pressure (BPX1)
Mi Smart Electric Blood Pressure Monitor (BPX1) ဆိုတာကတော့ သွေးပေါင်ချိန်ကို အိမ်မှာပဲ ကိုယ်တိုင် အလွယ်တကူ တိုင်းတာနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ စမတ်ကျတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။သွေးပေါင်ချိန် (blood pressure) နဲ့ နှလုံးခုန်နှုန်း (pulse rate) ကို တိတိကျကျ တိုင်းတာပေးနိုင်ပါတယ်။အသုံးပြုသူတွေအတွက် လွယ်ကူအောင် ဒီဇိုင်းထုတ်ထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် သင့်တော်ပါတယ်။ လက်မောင်းမှာ ပတ်တဲ့ cuff ကို အလွယ်တကူ ချိတ်နိုင်ပြီး တပ်ဆင်ရတာ အဆင်ပြေပါတယ်။၃.၇ လက်မအရွယ် မျက်နှာပြင်ကျယ်ကြီး ပါဝင်တာကြောင့် သွေးပေါင်ချိန်တိုင်းတာတဲ့ ရလဒ်တွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ မီးအလင်းရောင် အမှိန်အတက်လုပ်နိုင်တာကြောင့် အလင်းအားနည်းတဲ့ နေရာတွေမှာတောင် အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။Bluetooth စနစ်ကို အသုံးပြုပြီး Mi Home အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။သွေးပေါင်ချိန်တိုင်းတာမှု မှတ်တမ်းတွေကို ဖုန်းထဲမှာ သိမ်းထားနိုင်ပြီး လစဉ်၊ အပတ်စဉ် စာရင်းဇယားတွေအဖြစ် ကြည့်ရှုနိုင်ပါတယ်။၁၈၀၀ mAh ရှိတဲ့ လစ်သီယမ်ဘက်ထရီ ပါဝင်ပါတယ်။ တစ်ခါအားသွင်းရုံနဲ့ ရက်ပေါင်း ၉၀ လောက် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ အားသွင်းဖို့အတွက် USB Type-C ပေါက် ပါဝင်ပါတယ်။
Mijia Table Desk Lamp Lite
Mijia Table Desk Lamp Lite ဟာ စာဖတ်ဖို့နဲ့ အလုပ်လုပ်ဖို့အတွက် အထူးသင့်တော်အောင် ထုတ်လုပ်ထားတဲ့ စားပွဲတင်မီးအိမ် (desk lamp) တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက အားသာချက်တွေကတော့ သုံးစွဲသူရဲ့ မျက်လုံးကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်တဲ့ နည်းပညာတွေနဲ့ ရိုးရှင်းလှပတဲ့ ဒီဇိုင်းတို့ပဲ ဖြစ်ပါတယ်။အလင်းအား (brightness) ကို ၅၀၀ lumens အထိ ထုတ်ပေးနိုင်ပြီး၊ အရောင်အပူချိန် (color temperature) ကိုတော့ 4000K သတ်မှတ်ထားပါတယ်။ ဒီအပူချိန်ဟာ သဘာဝနေ့အလင်းရောင်နဲ့ အနီးစပ်ဆုံးဖြစ်လို့ မျက်လုံးကို အနားပေးပြီး စာဖတ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။မီးအိမ်ရဲ့ လည်ပင်း၊ လက်မောင်းနဲ့ အောက်ခံနေရာ သုံးခုစလုံးကို လိုသလို လှည့်နိုင်၊ ကွေးနိုင်ပါတယ်။ ဒါကြောင့် အလင်းရောင်ကို ကိုယ်လိုချင်တဲ့နေရာကို တိုက်ရိုက်ရအောင် ချိန်ညှိနိုင်ပါတယ်။မီးအိမ်ရဲ့အောက်ခြေမှာ ထိန်းချုပ်ခလုတ်တစ်ခုပဲ ပါဝင်ပါတယ်။ တစ်ချက်နှိပ်လိုက်ရင် မီးဖွင့်/ပိတ်လုပ်နိုင်ပြီး၊ ဖိပြီးကြာကြာနှိပ်ထားရင် အလင်းအားကို အဆင့်သုံးဆင့် (low, medium, high) ပြောင်းလဲနိုင်ပါတယ်။
Mi Split Camping Light (MJLYD001QW)
Mi Split Camping Light လေးကတော့ မီးအားအဆင့်သတ်မှတ်ချက်အနေနဲ့ အဆင့်(၅)ဆင့်ပါဝင်ပါသည်။ ပထမအဆင့် အဖြူဘက်ကိုသန်းတဲ့ မီးအဝါရောင်လေးဖြစ်ပြီး ပထမအဆင့် မီးအဝါရောင်လေးကိုကိုယ်ကြိုက်တဲ့ အဆင့်မှာထားပြီး ထွန်းညှိလို့ရတာကြောင့် စာကြည့်မီးအဖြစ်အသုံးပြုလို့ရပါသည်။ ဒုတိယအဆင့်မှာတော့ မှိတ်တုတ်မှိတ်တုတ် မီးအဝါရောင်လေးဖြစ်ပြီး ထင်းမီးဖိုလေး အနားမှာထိုင်နေရသလို ခံစားချက်လေးဖြစ်သွားစေတာကြောင့် သဘာ၀ဆန်တဲ့ မီးအရောင်လေးရရှိစေပါသည်။ တတိယအဆင့်မီးလင်းအားကတော့ ခုနက မှိတ်တုတ်မှိတ်တုတ်မီးလင်းအားအဆင့်ကို speed အနည်းငယ် မြန်မှာဖြစ်ပြီး ထင်းမီးဖိုမှာ မီးအရမ်းတတ်ပြီး မီးတောက်အဝါရောင်လေးတွေ အမြန်လှုပ်ရှားနေသလိုမျိုး ရရှိစေမှာပဲဖြစ်ပါသည်။ လေးဆင့်မြောက်မီးလင်းအားကတော့ မီးရောင်ဆယ်ရောင်ကို တစ်ရောင်မှတစ်ရောင် အချိုးကျပြောင်းလဲပေးသွားမည့် အဆင့်ဖြစ်ပြီး နောက်ခံ background မီးအရောင် အဖြစ်အသုံးပြုလို့ရသလို အခန်းထဲမှာဖွင့်ထားမယ်ဆိုရင်လဲ စိတ်ကို Relax ဖြစ်စေပါသည်။ ငါးဆင့်မြောက်မီးအလင်းရောင်ကတော့ မီးအရောင်ဆယ်ရောင်ကို အကြာကြီးနေမှ (4min,5min) ခြားတစ်ခါ အရောင်ပြောင်းပေးမှာ ဖြစ်ပြီး တစ်ရောင်တည်းကိုစိတ်ငြိမ်စေရန်အလို့ငှာ အသုံးပြုလို့ရပါသည်။ secondary light အနေနဲ့ မီးအိမ်ရဲ့ အလယ်မှာပါတဲ့ အချောင်းလေးကို ထုတ်ယူလိုက်မယ်ဆိုရင်တော့ သွားလေရာယူဆောင်သွားနိုင်တဲ့ ဓာတ်မီးအနေနဲ့ရော candle light အနေနဲ့ ရော နှစ်မျိုးထပ်ပြီးအသုံးပြုလို့ရပါသည်။ Candle light ရဲ့မီးအရောင်လေးဟာဆိုရင်တော့ တကယ်ကို ဖယောင်းတိုင်မီးရဲ့ မီးအလင်းအရောင်လေးလိုပဲ အရမ်းကိုသဘာ၀ဆန်စေပါသည်။ Type-C Charging လေးနဲ့ အားသွင်းပေးရမှာဖြစ်ပြီး Battery 4800mAh ပါ၀င်တာဖြစ်လို့ 6နာရီ ကနေ 8နာရီအကြား အသုံးပြုလို့ရပါသည်။ Candle light ကိုလဲသီးသန့် အားသွင်းစရာမလိုဘဲ main မီးအိမ်မှာစိုက်ထားလိုက်ရုံနဲ့ အားသွင်းပြီးသားဖြစ်မှာဖြစ်ပြီး mAhကတော့ 800mAh ပါဝင်ပါသည်။ Multifunctional ဖြစ်ပြီး အရမ်းအသုံး၀င်တဲ့ မီးအိမ်လေးဖြစ်ပါသည်။
Mi Portable Electric Water Flosser (F300)
Mi Portable Electric Water Flosser (F300) လေးကတော့ သွားကြားနှင့် သွားဖုံးများအား သန့်ရှင်းရေးအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ရေဖြန်းစက် (Oral Irrigator) တစ်မျိုးဖြစ်ပါသည်။ သွားပွတ်တံတစ်ခုတည်းဖြင့် မရောက်နိုင်သော နေရာများမှ အစားအစာအကြွင်းအကျန်များနှင့် သွားချေးများကို ဖယ်ရှားပေးခြင်းဖြင့် ပါးစပ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေရန် ကူညီပေးပါသည်။ ဆန်းသစ်သော Umbrella Pulse နည်းပညာ ဖြင့် ရေဖိအားကို နှစ်လွှာခွဲ၍ အသုံးပြုနိုင်ပြီး အတွင်းပိုင်းရေစီးကြောင်းက သွားကြားများကို သန့်စင်ပေးပြီး အပြင်ဘက်ရေမှုန်ရေမွှားက သွားဖုံးလိုင်းများကို သန့်စင်ပေးနိုင်ပါသည်။ သာမန် water flosser များထက် ၇ ဆ ပိုမိုထိရောက်စွာ သန့်စင်နိုင်ပြီး ၄၇% ပိုမိုနူးညံ့သော ရေစီးကြောင်းဖြင့် သွားဖုံးများကို မထိခိုက်စေဘဲ သန့်စင်ပေးနိုင်ပါသည်။မြင့်မားသော ရေဖိအားနှင့် လှိုင်းနှုန်း တစ်မိနစ်လျှင် ၂၀၀၀ ကြိမ်နှုန်းအထိ မြင့်မားသော လှိုင်းနှုန်း (high-frequency pulse) ဖြင့် ရေဖိအား 140PSI အထိ ထုတ်ပေးနိုင်ပါသဖြင့် သွားချေး (Plaque) များကို 99.4% အထိ ဖယ်ရှားပေးနိုင်ပါသည်။ Smart Pressure Stabilization System ကြောင့် ဘက်ထရီအားနည်းနေသည့်တိုင် ရေဖိအားကို တစ်သမတ်တည်း ထိန်းထားပေးနိုင်မှာပဲဖြစ်ပါသည်။ 240ml ပမာဏရှိသော water tank ပါရှိသဖြင့် တစ်ကြိမ်တည်းဖြင့် ပါးစပ်တစ်ခုလုံးကို သန့်စင်ပေးနိုင်သည်။ ၄ နာရီခန့် အားသွင်းရုံဖြင့် Gentle Mode ဖြင့် အသုံးပြုပါက ၁၁၅ ရက်အထိ (သို့) Standard Mode ဖြင့် အသုံးပြုပါက ၅၅ ရက်အထိ အသုံးပြုနိုင်ပါသည်။ IPX7 ဖြစ်တာကြောင့် ရေစိမ်ခံနိုင်သဖြင့် ရေချိုးခန်းတွင်းသုံးစွဲရန်နှင့် သန့်ရှင်းရေးလုပ်ရန် လွယ်ကူပါသည်။ ၂ မိနစ် အလိုအလျောက်ပိတ်စနစ် (2-minute auto power-off) ပါတာကြောင့် အပူလွန်ကဲခြင်းမှ ကာကွယ်ရန် ၂ မိနစ်အကြာ အလိုအလျောက် ပိတ်ပေးပါသည်။ ခရီးဆောင်နိုင်ခြင်း (Portable) ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသော ဒီဇိုင်းကြောင့် ခရီးသွားရာတွင်လည်း အဆင်ပြေစေပါသည်။ ရေဖိအား ရုတ်တရက် မြင့်မားခြင်းကြောင့် သွားဖုံးများ မထိခိုက်စေရန် စတင်ဖွင့်ချိန်တွင် ရေဖိအားကို ဖြည်းညှင်းစွာ မြှင့်တင်ပေးပါသည်။ Portable လေးမို့ ခရီးသွားရာတွင်လည်း သယ်ဆောင်ရလွယ်ကူစေပါသည်။
Mi Multifunctional LED Charging Desk Lamp (MJTD05YL)
Mi Multifunctional LED Charging Desk Lamp လေးသည် စာဖတ်ခြင်း၊ Computerကြည့်ခြင်း၊ ညအိပ်မီးတွေအဖြစ်အသုံးပြုခြင်း၊ Blue Light မပါဝင်ဘဲ မျက်လုံးကို ထိခိုက်စေမယ့်နှုန်းက 0% (RG0) ဆိုတော့ ကလေးတွေ စာကြည့်မီးအဖြစ်သုံးဖို့ သင့်တော်ပါသည်။ စားပွဲတင် မီးအိမ်အဖြစ်လဲ သုံးလို့ရသလို နေရာမစားစေပဲ ကြိုက်တဲ့နေရာမှာ ညှပ်ထားနိုင်တဲ့ ညှပ်လဲပါဝင်ပါသည်။ နေ့ဘက်ရဲ့အလင်းရောင်က Ra100 လို့သတ်မှတ်တယ်ဆိုရင် သူ့ရဲ့လင်းအားက Ra90 မို့ နေ့ခင်းဘက်လိုအလင်းရောင်ပေးနိုင်ပါသည်။ မီးအိမ်မှာ ခိုင်မြဲတဲ့သံလိုက်ပါတာနဲ့မို့ ဖြုတ်ယူပြီး အလွယ်တကူဓါတ်မီးအဖြစ်လဲ သုံးလို့ရပြီး သံလိုက်နဲ့ ၃၆၀ ဒီဂရီ လှည့်လို့ရတာမို့ သုံးရတာ အရမ်းကိုအဆင်ပြေစေပါသည်။ 2000mAh Battery နဲ့ အဖျော့ဆုံးအလင်းမှာထားသုံးရင် နာရီ ၃၀ ဝန်းကျင်လောက်အားခံပါသည်။ အလင်းအားအဆင့် (၄) ဆင့်ပါပြီး အသုံးပြုတဲ့ အလင်းအားပေါ်မူတည်ပြီး အသုံးပြုနိုင်ချိန်ကွာနိုင်ပါသည်။ 100% အပြည့်အလင်းအားနဲ့ သုံးမယ်ဆိုရင်တော့ ၄ နာရီဝန်းကျင်အသုံးပြုနိုင်ပါသည်။ သုံးနေရင်းအားကုန်သွားလဲ စိတ်ပူစရာမလိုပဲ Type C Port ကနေ အားသွင်းလို့ရတာအပြင် Power bank နဲ့ တွဲသုံးလို့ရပါသည်။ အားနည်းသွားလဲ အလင်းအားက လိုက်လျော့သွားခြင်းမရှိဘဲ ပုံမှန်အတိုင်းလင်းပေးနေမှာဖြစ်ပြီး Non Video Flicker မို့ Blogger တွေအတွက်လဲ အရမ်းကိုအဆင်ပြေစေပါသည်။