_1738318462144.png)
Remax ကထုတ်ထားတဲ့ RCC331 Lodi Series Fast Car Charger လေးသည် ကားနဲ့မကြာခဏ အပြင်သွားနေရတဲ့သူတွေအတွက် ဆောင်ထားသင့်တဲ့ Car Charger လေးတစ်ခုဖြစ်ပါသည်။ FM Transmit System ပါလို့ Bluetooth မပါတဲ့ကားတွေအတွက် FM ကနေတစ်ဆင့် ဖုန်း Bluetooth ချိတ်ပြီး တဆင့်ခံသုံးလို့ရပါသည်။ Hand Free Call system ဖြစ်လို့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဖုန်းကိုင်၊ ဖုန်းချ ထိန်းချုပ်နိုင်သလို HD Mic လေးနဲ့မို့ အသံကိုလည်းကြည်လင်ပြတ်သားနေစေပါသည်။ SD Card Slot ပါလို့ MP3,WAV,FLAC,APE,WMA လိုမျိုး Music Format များကို Support ပေးလို့ သီချင်းတွေထည့်ထားလို့ရပါသည်။ ဖုန်း နဲ့ Power Bank လိုပစ္စည်း သုံးခုကိုလည်း တစ်ပြိုင်တည်း အားသွင်းနိုင်တဲ့ 22.5W ထွက်တဲ့ USB Portရယ် ၊2.4A ထွက်တဲ့ USB port နဲ့iPhone တွေအတွက် PD ရတဲ့ 20W ထွက် Type-C port အားသွင်းပေါက်(၃)ခု ပါဝင်ပါသည်။အားအထွက်က စုစုပေါင်း 54.5W Max ကိုမှ Qualcomm Quick Charge 4.0 နဲ့ Power Delivery 3.0 တို့ကိုပါ Support ပေးတာကြောင့် Device အားလုံး တစ်ပြိုင်တည်း Quick Charge နဲ့အလုပ်လုပ်ပေးနိုင်ပါသည်။ ကား Battery ရဲ့ Voltage ကို တိတိကျကျ ပြပေးတဲ့ Digital Display ပါပြီး FM Signal လည်း ပြပေးနိုင်ပါသည်။ 12V / 24V နှစ်မျိုးရလို့ ကားကြီးကားငယ် မရွေးသုံးနိုင်ပြီး အပူခံတဲ့ ABS + PC Material ကို အသုံးပြုပေးထားလို့ အရမ်း Safe ဖြစ်ပါသည်။
Brand | Remax |
Model | RCC331 |
In Put voltage | DC12V-24V |
Out Put voltage | Three-port same-time output: (22.5W+20W+12W)USB-A1 output: 5V-3A / 5V-4.5A / 4.5V-5A 9V-2A/ 12V-1.5A(22.5W Max)Type-C output: 5V-3A / 9V-2.22A / 12V-1.67A (20W Max)Type-C output: 5V-2.4A (12W Max) |
Material | ABS+PC |
Weight | 43g |
Size | 81*49mm |
Color | Black |
Warranty | 1Year |